Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

သာပေါင်းမြို့နယ်မှာ သစ်တင်ကား တိမ်းမှောက် ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ


         လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဇန်နဝါရီ ၈

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ရ ရက်နေ့ နံနက် ၁ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်- သဲဖြူကားလမ်း၊ တန်(၆ဝ)စက္ကူ စက်ရုံ အနောက်၊ ဒေါ်ရှမ်း သီဟိုဠ်ခြံ အနီး၌ သာပေါင်း မြို့နယ်၊ ဒိုးစံကုန်း ကျေးရွာနေ ထွန်းထွန်းနိုင်(ခ)ပေါ်ဦး(၃၆)နှစ်မောင်းနှင်ပြီး အခြားသား သစ်(၈)လုံး (၁)တန်ခန့် တင်ဆောင်လာသော စ/xxxx ဟီးနိုးယာဉ်သည် ကားလမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

 ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ရှိသစ်လုံးများပေါ်တွင် ထိုင်၍လိုက်ပါလာသည့် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာနေ ကျော်နိုင်ဦး(ခ)ချစ်တီး(၂၂)နှစ်ပါ ၃ ဦး တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး သာပေါင်းမြို့နယ်၊ လှေကြီးတက် ကျေးရွာနေ သောင်းဇော်(ခ)အငယ်ကောင်(၂၈)နှစ်ပါ ၃ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ သောကြောင့် ထွန်းထွန်းနိုင်(ခ)ပေါ်ဦးအား သာပေါင်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment