Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ဆောင်သူများ စာရင်းက လှစ်ဟပြလိုက်သည့် လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေ


မြန်မာနိုင်ငံ၏ အချမ်းသာဆုံးလူ များမှာ စစ်အာဏာရှင်အသိုင်းအဝိုင်း နှင့် နီးကပ်ပတ်သက်သည့် ခရိုနီများ၊ အစိုးရ ထိပ်တန်း အဖွဲ့ဝင်များ၏ ခြစားမှု များနှင့် ပတ်သက်မှုများ ရှိနေကြောင်း တရားဝင် ထုတ်ပြန်လိုက် သည့် ၂၀၁၃ -၂၀၁၄ ထိပ်တန်းအခွန်ထမ်းဆောင် သူ စာရင်းကဖော်ပြ လျက်ရှိသည်။ စာ ရင်းပါ လူနှင့် လုပ်ငန်း အများအပြား မှာ အမေရိကန်အစိုးရ၏ ပိတ်ဆို့အ ရေးယူ ဆန်ရှင်စာရင်းတွင် ပါဝင်သူ များ ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက ဒီဇင်ဘာလ တွင် ထုတ်ဝေခဲ့သည့် ထိုစာရင်းမှာ မြန်မာနိုင်ငံ၏ အကျိုးအမြတ်အများ ဆုံး စီးပွားရေးလုပ်ငန်းများတွင် အရပ် ဘက်နှင့် စစ်တပ်ရင်းနှီးမြှုပ်နှံ မှုအား ခွဲခြားသည့် စီးပွားရေးပြုပြင် ပြောင်းလဲ မှုအခြေအနေကို ဖော်ပြသည့် တိုင်း တာမှုလည်းဖြစ်သည်။ ထိုစာရင်းပြုစု မှုလုပ်ငန်းစဉ်မှာမူ ရင်း နှီးမြှုပ်နှံသူများ အတွက် စိတ်အနှောင့် အယှက်ဖြစ် လောက်အောင်ပင် ပွင့် လင်းမြင်သာမှု နည်းပါးလျက်ရှိသည်။

အစိုးရအဖွဲ့နှင့် နိုင်ငံရေးနယ်ပယ် တွင် စစ်တပ်ချုပ်ကိုင်မှုမှ ပိုမို၍ ဒီမို ကရေစီနှင့်ကိုက်ညီသည့် အဖွဲ့အစည်း များအဖြစ် ပြောင်းလဲနေသော်လည်း စစ်တပ်နှင့် ဆက်စပ်နေသည့် စီးပွား ရေးလုပ်ငန်းများတွင် ထိုသို့ပြောင်းလဲ မှုများ နည်းပါးလျက်ရှိသည်။ စီးပွား ရေးနယ်ပယ်တွင် လွတ်လပ်စွာကုန် သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွန့်ဦးတီ ထွင်မှုများပြုလုပ်နိုင်ရန် လိုအပ်နေ သည်။ စစ်တပ်နှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပွင့်လင်းမြင်သာ မှုနည်းပါးခြင်းတို့ မြန်မာ့စီးပွားရေးနယ် ပယ်တွင် ဆက်လက်ရှိနေကြောင်း ထိပ်တန်းအခွန်ထမ်းစာရင်းပါ ကုမ္ပဏီ ၃ ခုကဖော်ပြနေသည်။

ဥပမာ စာရင်းပါ AGD ဘဏ် သည် အဲပုဂံ၊ ထူးသစ်တောထွက်ကုန် လုပ်ငန်း၊ အီလိုက်တက်အိုင်တီဝန် ဆောင်မှု၊ ထူးထရိတ်ဒင်းနှင့် အခြား ကုမ္ပဏီအများအပြားပါဝင်သည့် ထူး ဂရု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထူးဂရု၏ ဥက္ကဋ္ဌ ဦးတေဇမှာ နိုင်ငံ အား ၁၉၉၂ မှ ၂၀၁၁ အထိ အုပ် ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ပတ်သက်မှုရှိသည်ဟု လူသိများ သူဖြစ်သည်။ ဦးတေဇနှင့် ၎င်း၏ကုမ္ပ ဏီအားလုံးမှာ အမေရိကန်၏အမည် ပျက်စာရင်းတွင် ပါဝင်လျက်ရှိသည်။ ထိုအမည်ပျက်စာရင်းတွင် ပါဝင်မှုမှာ ထူးဂရုဝန်ထမ်း ၃၀ç၀၀၀ ခန့်အပေါ် တွင် သက်ရောက်မှုများဖြစ်ပေါ်စေပြီး ထိပ်ဆုံးအဆင့်လူများ၏ ခရိုနီစနစ် ကျင့်သုံးမှုက အလယ်အလတ်နှင့် အောက်ခြေလူတန်းစားများအတွက် ပါ ပြဿနာဖြစ်ပေါ်စေကြောင်း နမူ နာဖြစ်သည်။

ထိပ်တန်းအခွန်ထမ်းစာရင်းနှင့် အမေရိကန်က ဒီဇင်ဘာလတွင်ထုတ် ပြန်ခဲ့သည့် နောက်ဆုံးပြုစုထားသော အမည်ပျက်စာရင်းတို့ကို နှိုင်းယှဉ်ကြည့် ပါက ရလဒ်မှာ အံ့အားသင့်ဖွယ်ဖြစ် သည်။ အမေရိကန်၏ အမည်ပျက် စာရင်းမှာ မြန်မာ့စီးပွားရေးပေါ် မြန် မာတပ် မတော်ထိပ်တန်းအသိုင်းအဝိုင်း ၏ လွှမ်းမိုးမှု ညွှန်းကိန်းအဖြစ်မှတ် ယူနိုင်သည်။ ကမ္ဘာတစ်ဝန်းလုံးအ တွက် ထုတ်ပြန်ထားသည့် အမေရိ ကန်၏ အမည်ပျက်စာရင်းတွင် အ မည် ၂၈,၆၀၀ရှိသည့်အနက် ၆၂၀ မှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ ထိုပမာဏမှာ စာရင်းပေါင်း၏ ၂ ရာခိုင်နှုန်းသာရှိသ ဖြင့် နည်းပါးသည်ဟု ထင်ဖွယ်ရှိသည်။ သို့သော် နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့ IMF ၏ ၂၀၁၄ ခန့်မှန်းချက် အရ မြန်မာနိုင်ငံ၏ စုစုပေါင်း ဂျီဒီပီ မှာ ကမ္ဘာ့ဂျီဒီပီစုစု ပေါင်း၏ ၀.၀၈ ရာခိုင်နှုန်းသာရှိသဖြင့် မြန်မာစစ်တပ် နှင့် ခရိုနီများအပေါ် အမေရိကန်၏ ဆန်ရှင် သက်ရောက်မှုကို သိသာစေ သည်။

စစ်တပ်နှင့် စီးပွားရေးလုပ်ငန်း ကြီးများကြား ဆက်စပ်မှုကို နမူနာပြ စရာများစွာရှိနေသည်။ သို့သော်ထို သို့ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်စပ်မှုရှိခြင်း က နိုင်ငံရှိချမ်းသာ ကြွယ်ဝသူတိုင်း ခရိုနီဖြစ်သည်ဟုဆို လိုခြင်းမဟုတ်ပေ။ မြန်မာစီးပွားရေး တွင် ရင်းနှီးမြှုပ်နှံထားသူများအနက် ခရိုနီစနစ်အား အကြီးအကျယ် စိတ် ပျက်နေသူများလည်းရှိသည်။ ပြင်သစ် ရေနံကုမ္ပဏီ Total ၏ လုပ်ငန်းခွင် ဖြစ်သည့် Total E & P Myanmar ဖက်စပ်လုပ်ငန်းသည် ထိပ်တန်းအ ခွန်ထမ်းနိုင်ငံခြားသားစာရင်းတွင် နံ ပါတ် ၄ နေရာ၌ရှိပြီး ၂၀၁၃-၂၀၁၄ တွင် အခွန်ငွေကျပ် ၅ ဘီလီယံမှ ၁၀ ဘီလီယံကြား ပေးဆောင်သူများတွင် ပါဝင်သည်။ ကုမ္ပဏီမှ အမည်မဖော် လိုသူ အမှုဆောင်တစ်ဦးက မြန်မာ နိုင်ငံ၌ စစ်တပ်ထိပ်ပိုင်း အာဏာပိုင် များမပါဝင်ဘဲ စီးပွားရေးတစ်ခုခုလုပ် ခွင့်ရရန် ခက်ခဲသည်ဟု ပြောကြားဖူး သည်။

ချမ်းသာသည့် မြန်မာအချို့အ တွက် စစ်တပ်နှင့်ပတ်သက်သည့်လုပ် ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများအား အ ရပ်ဘက်သီးသန့်လုပ်ငန်းများသို့ ပြောင်း ရွှေ့ရန် အတားအဆီးဖြစ်နေသည့်အ ဓိကအကြောင်းရင်းမှာ ကြောက်ရွံ့ စိုးရိမ်မှုဖြစ်သည်။ ထိုသို့ပြုလုပ်ပါက စစ်တပ်နှင့် ပတ်သက်သော အာဏာ ရှိသူတစ်စု၏ တုံ့ပြန်မှုကြုံရမည်ကို စိုး ရိမ်ကြပြီး အနည်းဆုံးအနေဖြင့် မမျှ တသည့် ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရမည် ကို စိုးရိမ်လေ့ရှိသည်။ ထိုသို့ကြောက် ရွံ့စိုးရိမ်မှုများက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းအား မရေရာ မှုများဖြစ်ပေါ်စေသည်။ ၂၀၁၅ ခုနှစ် သည် မြန်မာနိုင်ငံရေးအတွက် အ ရေးပါသည့် အဆုံးအဖြတ်နှစ် ဖြစ် သည်။

ချမ်းသာကြွယ်ဝသည့် အာဏာရှင် များနှင့် မြန်မာလူ့အဖွဲ့အစည်းအတွင်း ရှိ အစဉ်အလာ အထက်တန်း လွှာ များအား ခွဲခြားဖော်ပြရန် ]အာဏာ ချုပ်ကိုင်ထားသူတစ်စု} ဟု သုံးနှုန်း လေ့ရှိသော်လည်း အမှန်တကယ် အားဖြင့် နိုင်ငံ၏အချမ်းသာဆုံး လူ အများစုမှာ စစ်ခေါင်းဆောင်များဖြစ် လျက်ရှိသည်။ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုက အရေးကြီးသည့်နည်းတူ မြန် မာနိုင်ငံ၏ စီးပွားရေးတိုးတက်ပြောင်း လဲမှု၊ အထူးသဖြင့် အဓိကအစိတ်အ ပိုင်းများအား စစ်ဘက်နှင့် အရပ်ဘက် များ မည်သူက ပိုင်ဆိုင်သည်ကိုစောင့် ကြည့်ရန်လည်း ထပ်တူထပ်မျှအရေး ကြီးသည်။

ထိုသို့စောင့်ကြည့်ရန်မှာ ယခင် နှစ်ထက် အနည်းငယ် ပိုလွယ်လာ သည်ဟု ဆိုနိုင်သည်။ ပြည်တွင်းအ ခွန်များဦးစီးဌာနက ထုတ်ပြန်သည့် ဝင်ငွေခွန်နှင့် အရောင်းခွန်အများဆုံး ထမ်းဆောင်သူစာရင်းတွင် ယခင်နှစ် က အမည် ၅၀၀ စီသာပါရှိရာမှ ယခု နှစ်တွင် ၁၀၀၀ အထိ တိုးမြင့်ခဲ့သည်။ သို့သော် စာရင်းဝင် တစ်ဦးစီကပေး ဆောင်သည့်ပမာဏအတိအကျကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ယခုနှစ်စာရင်းတွင် ပါဝင်သူအ များစုမှာ ယခင်နှစ် စာရင်းတွင်လည်း ပါဝင်သူများဖြစ် သဖြင့် မြန်မာစီးပွား ရေးတွင် ထူးထူး ခြားခြားရှေ့ရောက်လာ သူမရှိဟု ဆိုနိုင်သည်။ စာရင်းတွင် ပါဝင်လာသည့် အမည်သစ်များမှာ လည်း ယခင်မွေးမြူရေးနှင့်ရေလုပ် ငန်းဘဏ်ကို အမည်ပြောင်းထားသည့် Global Treasure ဘဏ်ကဲ့သို့ အ မည်ပြောင်းကုမ္ပဏီများနှင့် ယခင်ကုမ္ပ ဏီကြီးများ၏လုပ်ငန်းခွဲဖြစ်သော Pan Hlaing Golf & Country Club ကဲ့သို့ လုပ်ငန်းခွဲများဖြစ်သည်။

၂၀၁၃-၂၀၁၄အတွက် ထိပ်တန်း ဝင်ငွေခွန်ပေးဆောင်သူများမှာ ကမ္ဘောဇဘဏ်၊ အေးရှားဝေါ၊ ရွှေတောင်ဖွံ့ဖြိုး ရေးကုမ္ပဏီ၊ မက်စ်မြန်မာဆောက်လုပ် ရေးနှင့် Global Treasure Bank တို့ဖြစ်သည်။ အရောင်းခွန်အများဆုံး ပေးဆောင်သူများမှာ မြ၀တီထရိတ် ဒင်း၊ ဒဂုန်ဘီယာ၊ ဒန်ကိုထရိတ်ဒင်း၊ I.B.T.C နှင့် စီးတီးမတ်တို့ဖြစ်သည်။

ယုံကြည်စိတ်ချရသည့် တတိယ အဖွဲ့အစည်း တစ်ခုခု၏ ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းဖော်ပြချက်မပါဝင်သ ဖြင့် ထိုစီးပွားလုပ်ငန်းများ၏ အမှန်တ ကယ် ပိုင်ဆိုင်မှုများကို သိရှိရန်မလွယ် ကူပေ။ ယခုစာရင်းမှာ ထိုကုမ္ပဏီများ က ထုတ်ပြန်ကြေညာသည့် အခွန်ပမာ ဏပေါ်တွင်သာ အခြေခံပြုစုထားခြင်း ဖြစ်သဖြင့် မြန်မာ့စီးပွားရေးအဖွဲ့အ စည်းများအတွင်း ဘဏ္ဍာရေးပွင့်လင်း မြင်သာမှု နည်းပါးသည်ကို ဖော်ပြ လျက်ရှိသည်။

ပုဂ္ဂလိကပိုင် (သို့) အများပိုင်ကုမ္ပ ဏီများတွင် ဘဏ္ဍာရေးပွင့်လင်းမြင် သာမှု အားနည်းခြင်းက ငွေကြေးများ အား ဈေးကွက်ထိရောက်မှုအတွက် အသုံးပြုခြင်း မရှိသည့် လက္ခဏာရပ် တစ်ခုဖြစ်သည်။ ပွင့်လင်းမြင်သာမှုက စီးပွားရေးလုပ်ငန်းများ ကိုယ်တိုင်နှင့် ပြိုင်ဘက်များ နှစ်ဦးနှစ်ဖက်လုံးအ တွက် လေ့လာဆန်းစစ်ရန်နှင့် ဆုံး ဖြတ်ချက်ချရန် အထောက်အပံ့ဖြစ် စေသည်။ ခိုင်မာသည့် အချက်အ လက်များမရှိပါက ထိရောက်မှုမရှိသည့် ရင်းနှီးမြှုပ်နှံမှု များ၊ ဆွေမျိုးကောင်း စားရေးဝါဒများနှင့် စီးပွားရေးနယ်ပယ် တွင် တရားဥပဒေစိုးမိုးမှုမရှိခြင်းများ ဖြစ်စေနိုင်သည်။

ထိပ်တန်း အခွန်ထမ်း စာရင်းပါ ထိပ်ဆုံးကုမ္ပဏီ ၅၀ လုံးတွင် တတိယ အဖွဲ့အစည်း တစ်ခုခု၏ ခိုင်မာ သည့်ငွေကြေးရှင်းတမ်းမရှိခြင်းက စီး ပွားရေးစနစ် တစ်ခုလုံး၏ မှားယွင်း နေမှုကို ဖော်ပြသည်။ နိုင်ငံခြား ရင်း နှီးမြှုပ် နှံသူများနှင့် မြန်မာ့စီးပွားရေးလေ့ လာသူများအတွက် သတင်းကောင်း ဟူ၍ ပွင့်လင်းမြင်သာမှုအတွက် ဥပ ဒေပြဋ္ဌာန်းရန် လွှတ်တော်၌ဆွေးနွေး နေမှုသာရှိသည်။

စီးပွားရေးလုပ်ငန်းများ၏ အမှန် တကယ်ပိုင်ဆိုင်မှုနှင့် ဝင်ငွေတို့နှင့် ပတ်သက်သော တိကျသည့် အချက် အလက်မရှိပါက ကုန်စည်နှင့် ဝန် ဆောင်မှုများ၏ စီးဆင်းမှုကို တိုင်းတာ ရန်မဖြစ်နိုင်ဘဲ ခြစားမှုများ၊ တရားမ ဝင်ဘဏ္ဍာရေးဆောင်ရွက်မှုများ ကြုံ တွေ့လာ နိုင်သည်။ နိုင်ငံတစ်ခုအနေ ဖြင့် စီးပွားရေးကဏ္ဍမပါဘဲ လည်ပတ် နိုင် ခြင်းမရှိသဖြင့် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအား လေ့လာမှုတွင် ရုပ်ပိုင်းဆိုင်ရာ အမှန်တရားများ ထည့် သွင်းတွက်ချက်ခြင်းမပြုပါက မပြည့် စုံနိုင်ပေ။

KHTun

Ref - T. F. Rhoden's "Myanmar’s Military Still Hold the Purse Strings"

The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment