Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 21, 2015

ကလပ်ပြည့် တန်ဆာအဖြစ် မောင့်အိမ်သူ ရုပ်ရှင်တွင် ပါဝင် သရုပ်ဆောင် ထားသည်ဟု လှယဉ်ကျေးဆို


အလှမယ် လှယဉ်ကျေးသည် Laurel Art Academy မှ ရိုက်ကူးသည့် 'မောင့်အိမ်သူ' ရုပ်ရှင် ဇာတ်ကား တွင်ကလပ်ပြည့် တန်ဆာ အဖြစ်ပါ ဝင်သရုပ်ဆောင် ထားသည်ဟု ၄င်းကပြောသည်။
''အဲဒီကားကိုဒီဗီဒီအနေနဲ့ ရိုက်ထားပြီးသား။ရုပ်ရှင်ကားကြီး အနေနဲ့ပြောင်း မယ်ဆိုတော့ ဇာတ်ကောင် တနေရာ အ တွက် လိုတယ်ဆိုပြီး အန်တီ သီတာလင်း ကညီမကို ကမ်းလှမ်းတယ်။ အဲဒါကြောင့် ရိုက်ကူးဖြစ် သွားတာပါ'' ဟု၎င်း ကပြောသည်။
ယင်းဇာတ် ကားတွင် ကလပ်၌ ပြည့်တန် ဆာအဖြစ် လုပ်ကိုင်နေသည့် လှယဉ်ကျေးနှင့် လူမင်း တို့တွေ့ဆုံ ခဲ့ကြပြီး ၄င်းကြောင့် လူမင်းတို့ မိသားစု ဘဝပျက် စီးသွားသည့် ဇာတ်ကောင် စရိုက်၌ ပါဝင် သရုပ်ဆောင် ထားသည် ဟုဆို သည်။
''ဒီကားမှာ အဲဒီလို ဇာတ်ကောင် စရိုက်မျိုး သရုပ်ဆောင် ရတာ စိတ်တော့ ပူတယ်။ အဆင်ပြေပါ့ မလားပေါ့။ ဒါပေမဲ့ ကိုယ်က သရုပ်ဆောင် အနေနဲ့ စလုပ်ခဲ့တာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒါက စိန်ခေါ်မှု တစ်ခု ပဲလေ။ ရိုက်ကွင်းပေါ်မှာ ကိုယ် ရထားတဲ့ Miss Heritage International 2014 ဆိုတာကို ခဏခဏ စိတ်ပူဖြစ် တယ်။ ပထမ ရိုက်ထားတဲ့ 'မုဒြာခေါ်သံ' ကိုလည်း သက်ရောက်မှုဖြစ်လေမလားဆိုပြီး စိတ်ပူတယ်။ ဒါပေမဲ့ မဖြစ်ဖြစ်အောင် လုပ်ခဲ့ ပါတယ်''ဟု အလှမယ် လှယဉ်ကျေး ကပြောသည်။
'မောင့်အိမ်သူ' ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ သီတာလင်းက ရိုက်ကူး ထားပြီး လူမင်းနှင့် အိန္ဒြာကျော်ဇင် တို့ကပါ ဝင် သရုပ်ဆောင် ထားကာ ဒီဗီဒီအဖြစ် ရိုက်ကူးခြင်းမှ ရုပ်ရှင်ဇာတ်ကား အဖြစ်သို့ပြောင်း လဲရိုက် ကူးခဲ့သည် ဟု၎င်း ကပြောသည်။
၎င်းသည် ၂ဝ၁၄ ခုနှစ်၊ မတ်လတွင် စတင် ရိုက်ကူးသည့် 'မုဒြာခေါ်သံ' ဇာတ်ကားတွင် ယဉ်ကျေးမှု တက္ကသိုလ် မှအကကျောင်း ဆင်းပြီး မြန်မာ့ ယဉ်ကျေး မှုကိုမြတ်နိုးသည့် မိန်းကလေး တစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။
ယင်းဇာတ်ကားကိုဒါရိုက်တာ ခရစ္စတီးနားကေက ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာ ၃ဝမှ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ဆန်းအထိ ပုံဖော်ရိုက ကူးထားပြီးဇန် လှယဉ်ကျေးနှင့် သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးကာ အင်္ဂလိပ် စကားပြောခန်းများ အများအပြား ပါဝင်သည့် ဇာတ်ကားဖြစ်သည်။
အလှမယ် လှယဉ်ကျေးသည် ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ တင်မိုးလွင်၏ မော်ဒယ်အေဂျင် စီတွင် မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပြီး ဒူဘိုင်းတွင် နှစ်နှစ်ခွဲခန့် သွားရောက် အလုပ်လုပ် ကိုင်ခဲ့ သူဖြစ်သည်။
၂ဝ၁၁ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ၂ဝ၁၂-၁၃ ခုနှစ်တွင် Laurel Art Academy ၌သရုပ်ဆောင်ပိုင်းကို အဓိကသင်တန်း တက်ရောက် ကာ ဇာတ်ကားများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။
ယင်းနောက် 'မုဒြာခေါ်သံ' ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နီပေါနိုင်ငံတွင်၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ၌ ကျင်းပခဲ့သည့် Miss Heritage International 2014 သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Miss Heritage International 2014 ဆုနှင့် Best Body Award ဆုတို့ကို ရရှိထားသူဖြစ်သည်။
Mizzima

No comments:

Post a Comment