Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

သေနတ်ဖြင့် ပစ်ခတ်မှု လင်းခေး၌ ဖြစ်ပွား


လင်းခေး ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနရုံးမှ ဦးဘိုဘိုသန်းရွှေ (ဦးစီးအရာရှိ)အဆင့်ရှိသူ ဝန်ထမ်း ကို ပစ္စတိုသေနတ်ကိုင်ဆောင်သူ အမည်မသိ လူတစ်ဦးက ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၂ဝ ကအဆိုပါ ရုံးခန်းမနေရာ၌ သေနတ် ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရ သည်။

အဆိုပါအမည်မသိ လူစိမ်းဖြစ်သူ သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၂ဝ တွင် လင်းခေးခရိုင် ထွေ/အုပ်ဦးစီးဌာနရုံးသို့ ဆိုင်ကယ် စီးဝင်လာခဲ့ပြီးနောက် ''ဘိုဘိုသန်း ရွှေရှိပါသလား''ဟု လာရောက် မေးမြန်းခဲ့ပြီး ၎င်းနှင့်တွေ့သော အခါ တစ်ဦးတည်းကို ပြင်ပသို့ ခေါ်ဆောင်လာ၍ ခရိုင်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမနှင့် ကွန်ပျူတာ အခန်းကြားရှိ နေရာ၌ ပစ္စတိုသေနတ် ကို ရင်ဘတ်အတွင်းမှ ထုတ်ကာ ပစ်ခတ်ခဲ့ပြီး မော်တော်ဆိုင်ကယ်စီး၍ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါရုံးရှိ မျက်မြင်သက်သေ ဝန်ထမ်းများက ပြောကြားသည်။


သေနတ်ထိမှန်သူ ဦးဘိုဘိုသန်း ရွှေ(ဦး/ရှိ)မှာ ဦးခေါင်းတွင်(သေနတ် ရှပ်ထိ)ဒဏ်ရာတစ်ချက်သာ ရရှိခဲ့ကာ ပြန်လည်သတိရစကားပြောဆိုနိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရဖွယ်မရှိ ကြောင်းနှင့် နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ¤င်းအား တောင်ကြီးဆေးရုံ သို့ပို့ဆောင်ရန် ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (လုံခြုံရေးအဖွဲ့)နှင့် ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များလိုက်ပါလျက် လင်းခေးပြည်သူ့ ဆေးရုံမှ ဆက်လက်ထွက်ခွာနေပြီ ဖြစ်ကြောင်းနှင့် သေနတ်ဖြင့် လာရောက်ပစ်ခတ် ထွက်ပြေးသွား ခဲ့သူ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ လှည့်လည်ရှာဖွေလျက် ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

(ခရိုင်/ပြန်ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
လင်းခေး ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနရုံးမှ ဦးဘိုဘိုသန်းရှေ (ဦးစီးအရာရှိ)အဆင့်ရှိသူ ဝန်ထမ်း ကို ပစ္စတိုသေနတ်ကိုင်ဆောင်သူ အမည်မသိ လူတစ်ဦးက ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၂ဝ ကအဆိုပါ ရုံးခန်းမနေရာ၌ သေနတ် ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရ သည်။

အဆိုပါအမည်မသိ လူစိမ်းဖြစ်သူ သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၂ဝ တွင် လင်းခေးခရိုင် ထွေ/အုပ်ဦးစီးဌာနရုံးသို့ ဆိုင်ကယ် စီးဝင်လာခဲ့ပြီးနောက် ''ဘိုဘိုသန်း ရှေရှိပါသလား''ဟု လာရောက် မေးမြန်းခဲ့ပြီး ၎င်းနှင့်တွေ့သော အခါ တစ်ဦးတည်းကို ပြင်ပသို့ ခေါ်ဆောင်လာ၍ ခရိုင်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမနှင့် ကွန်ပျူတာ အခန်းကြားရှိ နေရာ၌ ပစ္စတိုသေနတ် ကို ရင်ဘတ်အတွင်းမှ ထုတ်ကာ ပစ်ခတ်ခဲ့ပြီး မော်တော်ဆိုင်ကယ်စီး၍ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါရုံးရှိ မျက်မြင်သက်သေ ဝန်ထမ်းများက ပြောကြားသည်။

ဖြစ်စဥ်ကို ကြားသိသိချင်း လင်းခေး(အခြေချ) စစ်ဗျူဟာမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သောအဖွဲ့က အဆိုပါ နေရာသို့ ချက်ချင်းရောက်ရှိလာကြပြီး လူနာအား လင်းခေးပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှု ခံယူစေရန် ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။

သေနတ်ထိမှန်သူ ဦးဘိုဘိုသန်း ရှေ(ဦး/ရှိ)မှာ ဦးခေါင်းတွင်(သေနတ် ရှပ်ထိ)ဒဏ်ရာတစ်ချက်သာ ရရှိခဲ့ကာ ပြန်လည်သတိရစကားပြောဆိုနိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရဖွယ်မရှိ ကြောင်းနှင့် နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ¤င်းအား တောင်ကြီးဆေးရုံ သို့ပို့ဆောင်ရန် ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (လုံခြံုရေးအဖွဲ့)နှင့် ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များလိုက်ပါလျက် လင်းခေးပြည်သူ့ ဆေးရုံမှ ဆက်လက်ထွက်ခွာနေပြီ ဖြစ်ကြောင်းနှင့် သေနတ်ဖြင့် လာရောက်ပစ်ခတ် ထွက်ပြေးသွား ခဲ့သူ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ လှည့်လည်ရှာဖွေလျက် ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

(ခရိုင်/ပြန်ဆက်)
Myanmaalinn

No comments:

Post a Comment