Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

ကုလသံကို ဦးဝီရသူ ဆဲဆိုမှု ဝေဖန်ခံနေရ

ဇန်န၀ါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော လူထု စုဝေးပွဲတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက် သစ်မှ ဦးဝီရသူက ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများ သုံးစွဲ ဟောပြောခဲ့ခြင်းနှင့် ပတ်သက်ပြီးဝေဖန်
ပြောဆိုနေကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ရိုဟင်ဂျာဟု ကိုယ့်ဖာသာကိုယ် ခေါ်ဆိုကြသည့် ဘင်္ဂါလီများအား နိုင်ငံ သား အခွင့်အရေးပေးရန် ဆုံးဖြတ်ချက်ကို ဆန့်ကျင် ကန့် ကွက် ရှုတ်ချရာတွင် ဦးဝီရသူက ကုလသမဂ္ဂ၏
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီအား “ဖာသည်မ”ဟု ခေါ်ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုလည်း “ဒီကောင်မတွေ” ဟု ရင့်သီးစွာ သုံးစွဲပြောဆိုထားသော ဗီဒီယိုဖိုင်ကို ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည်။ (https://www.youtube.com/watch?v=zAPA7NKynbU တွင် ကြည့်ရှုနိုင်သည်။)

ထိုသို့ပြောဆိုခဲ့ခြင်းအပေါ် သဘောထားမှတ်ချက်ပေးရန် တောင်းခံရာ ဦးဝီရသူက “ဒီပြည်တန်ဆာမက သူ့နိုင်ငံမဟုတ်ပဲနဲ့ ကိုယ့်နိုင်ငံကို ရောင်းစားဖို့ လုပ်နေတာ။ ဖာသည်မတယောက်ရဲ့ အဆင့်တောင် မရှိဘူး။ ဦးဇင်းပြောတာကို ဝေဖန်နေကြတဲ့သူတွေအနေနဲ့လည်း စကားလုံးသုံးစွဲတာ တခုတည်းကို အပြစ်တင်ဝေ ဖန်မနေပါနဲ့။ စေတနာကို မြင်အောင်ကြည့်ကြပါ။ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ ဘာနိုင်ငံဖြစ်သွားမလဲဆို တာမျိုးကို ပြောဆိုခဲ့တာ။ သူက နိုင်ငံနဲ့ချီပြီးပြောတာ။ ဦးဇင်းပြောခဲ့တာက တဦး တယောက်ထဲကိုပဲ ရည် ရွယ်ပြီး ပြောဆိုခဲ့ တာ” ဟု တယ်လီဖုန်းမှတဆင့် မိန့်ကြားသည်။

ထိုကဲ့သို့ ပြောဆိုခဲ့မှုနှင့် ပတ်သက်ပြီး သံဃာတော်များအကြား ဝေဖန်သုံးသပ်မှုများ ဖြစ်ပေါ်နေသည်။ ဗုဒ္ဓ ဘာသာဝင် သံဃာတပါးဖြစ်သော်လည်း လူသာမန်များ ပြောဆိုတတ်ကြသည့် ရိုင်းစိုင်းသည့် စကားလုံး များဖြင့် လူပရိသတ်ရှေ့ ဟောပြောခြင်းသည် ၀ိနည်းနှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန်ကြသည်။

“ကာယကံ၊ ၀စီကံကို ထိန်းတာ သီလလို့ခေါ်တယ်။ အခုက သီလပျက်တာ၊ အကျင့်ပျက်တာပဲ။ ငါ ဘုန်းကြီး၊ ငါ သင်္ကန်းဝတ်ဆိုပြီး အပြန်အလှန် လေးစားမှုနဲ့ ယှဉ်ပြိုင်မှုမျိုး မလုပ်ပဲ အခုလို လုပ်တာကတော့ နောက် ကွယ်မှာ ရိုးသားမှု မရှိတာ ပို ထင်ရှားနေပြီ။ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေဟာ နိုင်ငံရေးပါတီတွေနဲ့ ပတ် သက်ပြီး ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းတွေ မှားနေပြီ။ အဲဒီအတွက်ကြောင့်ပဲ တိုင်းပြည်မှာ မဖြစ်သင့်၊မလျော် ကန်တဲ့ ကမောက်ကမတွေ ဖြစ်လာတော့မှာကို စိုးရိမ်လာပြီ” ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက ဧရာဝတီသို့ မိန့်ကြားသည်။

ရွှေဝါရောင် ပညာဒါနကျောင်းဆရာတော် ဘဒ္ဓန္တ ပဏ္ဍ၀ံသကလည်း လူသာမန်တို့ သုံးနှုန်းသည့် ကြမ်းတမ်း သည့် အသုံးအနှုန်းများကို ပြောဆိုနေမှုသည် သံဃ ၀ိနည်းနှင့်လည်း ကိုက်ညီမှုမရှိသလို ခံရသူများအနေ
ဖြင့်လည်း သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခံရနိုင်သည့် အနေအထားမျိုးဖြစ် ကြောင်းမိန့်သည်။

သံဃ၀ိနည်းအရ လူများကို ဆဲရေးခြင်း၊ ရိုက်ပုတ်ခြင်းကြောင့် ငြိစွန်းသည့်ပြစ်မှုကို ဒေသနာ ကြားနာရုံဖြင့် အာပတ်ဖြေနိုင် သော်လည်း သံဃာတပါးအနေဖြင့် ဆီလျော်သည့် အပြုအမူ၊ အပြောအဆိုများမဟုတ်
ကြောင်း၊ သံဃမဟာနာယကဘက်မှ မည်သို့ ညွှန်ကြားမည်ကို မသိနိုင်ပါကြောင်းလည်း ဆက်မိန့်သည်။

သို့ရာတွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင် သံဃာတော်တချို့အနေဖြင့် ဆရာတော်ဦးဝီရသူ၏ ပြောဆိုခဲ့မှုအပေါ် အားရကျေနပ်သလို အားပေးထောက်ခံပါကြောင်း တညီတညွတ် တည်း ပြောဆိုကြသည်။

လမ်းမတော်မြို့နယ်၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော် တပါးဖြစ်သူ ဦးဥတ္တမက “လူ အသိစိတ်ရှိတဲ့၊ လူအကျင့် ကျင့်တဲ့သူဆိုရင်တော့ လူ စကားပြောလို့ရမှာပေါ့။ တချို့က နားမလည်တော့ နားလည်အောင် လိုက်ပြောမှရမှာ” ဟု မိန့်ကြားသည်။

စနေလင်း | ဧရာဝတီ

No comments:

Post a Comment