Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ပေမဲ့ ပွဲနဲ့ပတ်သတ်တဲ့ ပီတိကိုပဲစားမယ်လို့ ဆိုလိုက်တဲ့ လူမင်း


ဘာကြောင့်လဲ ဆိုတော့ ဒီကားမှာ ကိုယ်က အသက်အရွယ်အမျိုးမျိုးကို အိုက်တင်အမျိုးမျိုးတွေနဲ့ ကိုယ်လုပ်ထားရတာ။ ဒီမျက်နှာက မွှေးညှင်းလေးတွေ ထောင်သွားတဲ့အထိကို ကိုယ်လုပ်ထားတာ။ တော်တော်ခက်တဲ့ အိုက်တင်မျိုး။ သားက တပ်ထဲဝင်မယ်ဆိုတာကို သိလိုက်တဲ့အချိန် ရိုက်တဲ့ ကင်မရာကကောင်းတော့ မွှေးညှင်းလေးတွေ ထောင်သွားတာကအစ ပေါ်တယ်။ အရမ်းဝမ်းသာသွားပြီး မျက်နှာတစ်ခုလုံး ဖြန်းခနဲဖြစ်သွားတဲ့ အိုက်တင်မျိုးအထိ ကိုယ်ကြိုးစားထားတယ်။ ပြီးတော့ အသက်အရွယ်အလိုက် လေယူလေသိမ်းကအစ ၊ အ၀တ်အစား၊ ထိုင်တာထတာအစ ကိုယ်အရမ်းကြိုးစားထားတော့ ကိုယ်မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ ကံတရားပဲ ပုံချလိုက်ကြပါစို့။ ဆုမရတာနဲ့ပတ်သတ်ပြီး ကိုယ်ကတော့ စိတ်ခံစားချက်နှစ်မျိုးကို ခံစားရတယ်။ ဒီလိုပွဲကြီးကိုလဲ ကိုယ်စိတ်ပူတယ်။ ကိုယ်တို့ပထမဆုံးလုပ်ခွင့်ရတဲ့ပွဲမှာ အရှက်ကွဲလို့မဖြစ်ဘူး။ မခမ်းနားလို့ မဖြစ်ဘူး။ နဂိုကတည်းကမှ လောကသား အချင်းချင်းက လက်ညိုးတွေထိုးပြီးတော့ ကိုယ့်ဟာကိုယ် လုပ်ရင်ပဲ သေးနုတ်သိမ်ငယ်သွားမလိုလို နိုင်ငံတော်အဆင့် မဟုတ်တော့သလိုလို ပြောနေကြတော့ ပွဲကြီးကိုပဲ ကိုယ်စိတ်ပူတယ်။ ပွဲကြီးကိုပဲ ခမ်းခမ်းနားနားဖြစ်စေချင်တဲ့ စေတနာဇောက ပိုကြီးနေတယ်။ ဒါပေမဲ့လဲ ဖြေတွေးတွေးရမယ်ဆိုရင်တော့ ကိုယ်မရလိုက်တာကပဲ တစ်မျိုးတော့ကောင်းပါတယ်။ ကိုယ့်စေတနာတွေ မပွန်းတော့ဘူးပေါ့။
ဒါပေမဲ့လဲ ကိုယ့်အနုပညာတွက်က ကိုယ်စိတ်လုံတယ်။ လိပ်ပြာသန့်တယ်။ ဒါပေမဲ့လဲ မရလိုက်တဲ့တွက်တော့လဲ တစ်နည်းနဲ့တော့ဖြေသာပါတယ်။ ဒီနှစ်ကိုယ်ဒီလောက် လုပ်နိုင်တယ် ဆိုတာလဲ မနှစ်က အတွေ့အကြုံတွေက ကိုယ့်ကို အကောင်းဆုံးသင်ပြပေးသွားတာပေါ့။ ဒီနှစ်မှာလဲ အရမ်းကြိုးစားပြီး အပင်ပန်းခံခဲ့တယ်။ အမှုန်လေးတွေကအစ ကြယ်မှုန်လေးတွေဖြစ်ရမယ်ဆိုတဲ့အထိ ကိုယ်ဂျီးများခဲ့တယ်။ အဲ့ဒီတွက် ကိုယ်ပီတိလေးတွေ စားလိုက်ရတယ်ပေါ့။ အချို့သော ဆုတွေ မပေးခဲ့တဲ့အပိုင်းကတော့ ဆုပေးတာကတော့ သူ့စည်းမျဉ်းစည်းကမ်းနဲ့ရှိတာပေါ့နော်။ နောက်ပြီး တစ်ယောက်တည်းကလဲ ရွေးချယ်တာမဟုတ်ဘူး။ အနုပညာရှင်၊ အတတ်ပညာရှင်တွေ အားလုံး ရွေးချယ်ပေးတာဆိုတော့ ဒီအပေါ်မှာတော့ ကိုယ်သံသယမရှိပါဘူး။ ကိုယ်ဖြစ်ချင်တာကတော့ ရှိသမျှဆုတွေ အကုန်ပေးချင်တာပေါနော့်။ ဒါပေမဲ့လဲ ဒီဆုရွေးချယ်ရေးအဖွဲ့က သေချာစိစစ်ရွေးချယ်တယ်လို့ ကိုယ်မြင်တယ်။ နောင်နှစ်တွေတော့ ဒီလိုမဖြစ်အောင်သူတို့ဖက်က အတတ်နိုင်ဆုံး ဆုတွေကို ရွေးချယ်ပေးသွားမယ်လို့အစည်းအဝေးမှာပြောသွားတာပဲ” လို့ လူမင်းက ဖြေကြားပေးခဲ့ပါတယ်။
http://www.trend.com.mm/2015/01/09/hollywood-5441

No comments:

Post a Comment