Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

လေလွင့်ဘဝမှ အခြေမြင့်အောင် ကြိုးပမ်းလာသူ လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း

သင့်အနီးအနားမှာပဲဖြစ်ဖြစ်၊ သင်နဲ့နီးစပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ တစ်ခါတလေ သင်ခရီးထွက်တဲ့အခါမှာပဲဖြစ်ဖြစ် သင့်အနားကို ကပ်လာပြီး ပိုက်ဆံ လာတောင်းတဲ့ ကလေးတွေနဲ့ သင်ကြုံတွေ့ဖူးမှာပါ။ ဒါမှမဟုတ်ရင်လည်း သင့်ရဲ့ မျက်စိရှေ့မှာတော့ အမှိုက်ကောက်နေတဲ့ကလေးအချို့ကိုလည်း သင်မြင်ခဲ့ဖူးမှာပါ။ အဲဒီကလေးတွေရဲ့ တဒင်္ဂလုပ်ရပ်ကိုကျော်ပြီး သင် တွေး ကြည့်ဖူးပါသလား။ သူတို့တွေ ဘယ်လိုမျိုး ရှင်သန်နေရလဲ။ သူတို့တွေ ဘယ်လိုမျိုးနေထိုင် ဖြတ်သန်းနေရလဲ။ အဲဒီလိုမျိုး အတွေးမျိုးတွေကိုပါ။ လူ့အသိုင်းအဝိုင်းကတော့ အဲဒီကလေးတွေကိုတွေ့ရင် ညစ်ပတ်တယ်၊ သန့်ရှင်းမှု မရှိဘူး၊ အပေအတေ အ ဆိုးအသွမ်းလေးတွေဆိုကာ ဝိုင်းကြဉ်ထားတတ်ကြတာ များပါတယ်။ လူအားလုံး မဆိုပေမယ့် လူတော်တော် များများကတော့ အဲဒီအတိုင်းပဲ ဖြစ်နေပါတယ်။ ဒီထဲကနေပြီးတော့ ခွဲထွက်ပြီး လေလွင့်ကလေးငယ်တွေကို ပြုစုနေတဲ့ လူတွေလည်း ရှိနေပါတယ်။ သူတို့တွေကြောင့် လေလွင့်ကလေးတွေရဲ့ဘဝဟာ မြင့်တက်သွားတာ တွေ့နေရပါတယ်။ အဲဒီလိုမျိုး ဘဝမြင့်တက်သွားတဲ့ ကလေးတွေထဲက ကလေးတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီကလေးက ပြည်မြို့မှာ အိမ်ရာမဲ့နေထိုင်နေသူတစ်ဦးပါ။ သူ့နာမည်ကတော့ မောင်ထွန်းပေါက်ပဲ ဖြစ်ပါ တယ်။ သူနဲ့ အမေးအဖြေလုပ်ထားတာကို ပေါ်ပြူလာနယူးစ်မှာ ဖော်ပြပေးလိုက်ရပါတယ်။
►ညီလေးအသက်နဲ့ ညီလေး လက်ရှိ အနေ အထားကို အရင်ပြောပြပေးပါ။
ကျွန်တော့်နာမည်က မောင်ထွန်း ပေါက်ဖြစ်ပါတယ်။ အသက်ကတော့ ၁၇ နှစ်ပါ။ ပြည်မှာပဲနေပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိအနေအထား ကို ပြောရရင် ကျွန် တော့်မှာ အဘိုးအဘွား အဖေ မရှိတော့ ပါဘူး။ အမေအပါအဝင် မောင်နှမ ငါး ယောက်နဲ့ နေထိုင်နေပါတယ်။ မနက်ပိုင်း မှာ အကြော်ရောင်းပါတယ်။ အဲဒီအ ကြော်တွေကို ဖောက်သည်ယူပါတယ်။ ဒီအကြော်တွေကို အများဆုံးတော့ ပြည် မြို့က ဈေးထဲမှာ ရောင်းပါတယ်။ တစ် နေ့ကိုတော့ ငွေကျပ် ၁၅ဝဝ လောက် ရ ပါတယ်။ အဲဒါပြီးရင် ညပိုင်းမှာ ပြည်မြို့ က ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ သန့်ရှင်းရေး ဝင်လုပ်ပါတယ်။ တစ်လကို ခုနစ်သောင်း ခွဲရပါတယ်။ အကြော်ရောင်းတာနဲ့ ည ပိုင်းဆေးရုံမှာ သန့်ရှင်းရေးမလုပ်ခင် ကြားကာလမှာ ကျောင်းတက်ပါတယ်။ ကျွန်တော်တက်နေတဲ့ ကျောင်းဟာ ကျောင်းပြင်ပ မူလတန်းကျောင်း ဖြစ်ပါ တယ်။ ဒါကတော့ ကျွန်တော့် လက်ရှိ အ နေအထားတွေပါ။
►ညီလေးက အဲဒီ ကျောင်းပြင်ပ မူလတန်း ကျောင်း လက်ရှိဘယ်အဆင့်အထိ တက် နေတာလဲ။
ဒီအဆင့်အောင်ရင် ငါးတန်းကိုတိုက် ရိုက်တက်လို့ရတဲ့ Level II ပညာရေးကို တက်နေပါတယ်။ ကျွန်တော်က ငယ်ငယ် တုန်းက သူငယ်တန်းေ လာက်ပဲ စာသင်ခဲ့ ရပါတယ်။ မိသားစုဆင်းရဲလို့ အဆင်မ ပြေတာကြောင့် ကျောင်းနုတ်ထွက်ပြီး တော့ ဒီလိုပဲ လမ်းဘေးမှာ လေလွင့်ပြီး တော့ ဒီလိုပဲ မိသားစုရဲ့ ဝမ်းစာကို ရရာ အလုပ်နဲ့ ဖြေရှင်းခဲ့ရပါတယ်။ အဲဒီလို နေနေရင်းနဲ့ ကျွန်တော် စာတတ်ချင်လာ တယ်။ ကျွန်တော်တို့ မျိုးရိုး မောင်နှမတွေ ထဲမှာ၊ ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေထဲမှာ စာတတ်တဲ့လူ ရှားတယ်ဗျ။ ကျောင်းလည်းမနေနိုင်ကြဘူး။ အဲဒီထဲမှာမှ ကျွန် တော်က ကျောင်းနေဖူးချင် တယ်၊ စာ တတ်ချင်တယ်၊ စာသင်ချင်တယ်။ အဲဒါနဲ့ ကျွန်တော် ၂ဝ၁၂ ပြည်မြို့ ကရုဏာ လက်များကွန်ရက်ကနေ ဖွင့်လှစ်တဲ့ ကျောင်းမှာ စာသင် တယ်။ ပြီးတော့ အစိုးရက စစ်ဆေးတဲ့ ကျောင်းပြင်ပမူလ တန်းပညာရေး Level I ကို နှစ်ချင်းပေါက် အောင်ခဲ့တယ်။ ခုကတော့ နောက်တစ် ဆင့်ပေါ့။ အဲဒါပြီးရင်တော့ ကျွန်တော် ကျောင်းဆက်မတက်တော့ဘူး။
►ဆယ်တန်းအထိ မသင်ချင်ဘူးလား။
မသင်ချင်တော့ပါဘူးဗျာ။ ကျွန်တော့် မိဘက ပြေလည်းမပြေလည်ဘူး။ အဲဒီ လောက် သင်နိုင်ဖို့လည်း ကျွန်တော့်မှာ ငွေလည်း မရှိဘူး။ ဒါပေမဲ့ ပညာတတ်သူ တွေက ပညာမတတ်သူတွေထက် ပိုအ ခွင့်အလမ်းရတာကို ကျွန်တော် သိထားပါ တယ်။ကျွန်တော်က မူလတန်း Level I အဆင့် ကို အောင်တာနဲ့တင် ကျွန်တော် ပြည်မြို့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ အလုပ် ရခဲ့တာပဲ။ ကျွန်တော် ဒီလောက်တော့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော့် ဘဝအ ခြေအနေ မပေးခဲ့ပါဘူး။
►ဘဝကို ဘယ်လို ဖြတ်သန်းချင်လဲ။
ကျွန်တော် ရိုးရိုးသားသားနဲ့ အေး အေးချမ်းချမ်း ဖြတ်သန်းချင်တယ်။ ကျွန် တော်ရတဲ့ ပိုက်ဆံတွေကို အမေ့ကို ပေး ချင်တယ်။
►ညီလေးက လေလွင့်ကလေးတွေနဲ့ အများ ကြီး ထိတွေ့ဖူးမှာပေါ့။
ဟုတ်ပါတယ်။
►သူတို့တွေက သူတို့တွေရဲ့ လက်ရှိဘဝ အပေါ် ဘယ်လို ခံယူထားတာကို တွေ့မိ လဲ။
လေးလေးနက်နက်နဲ့ ဘဝကို ဖြတ် သန်းမယ်လို့ ခံယူထားတဲ့သူ ရှိသလို ဒီအ တိုင်းပဲနေတော့မယ်ဆိုပြီး ဆုံးဖြတ်ထား တဲ့သူတွေလည်း ရှိပါတယ်။
►ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ရန်ကုန်မှာ ပြုလုပ်တဲ့ လေလွင့်ကလေးငယ်တွေ ပါ ဝင်တဲ့ ကလေးငယ်တွေ့ဆုံပွဲမှာ ညီလေး က တက်ခဲ့တယ်လို့ သိရတယ်။ အဲဒီမှာ ညီလေး ဘာတွေများ ရရှိလိုက်သလဲ။
အဓိကကတော့ လေလွင့်ကလေး တွေမှာ မူးယစ်ဆေးဝါး ပြဿနာဆိုတာ ကြီးမားလာနေတယ်။ ဒါကို လျှော့ချရ မယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ ကွမ်း စဆွဲစေ တဲ့လမ်းကြောင်းတွေကိုလည်း ဖျက်ဆီး ပစ်ရမယ်။ ကလေးတွေ ဆေးလိပ် ဘာလို့စသောက်တတ်လဲဆိုရင် အများစုက မိဘတွေ။ ကလေးေ တွကို ဆေးလိပ်တို့၊ ကွမ်းတို့ သွားဝယ်ခိုင်းတာကနေ စတယ်။ အကျင့်ဖြစ်သွားတာပေါ့။ ဒါတွေကိုလည်း မလုပ်ဖို့ မိဘနဲ့ ဆရာပိုင်းက ရှောင်ကြဉ် ရမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မူး ယစ်ထုံထိုင်းတဲ့ ကော်ရှူတာလည်း ပါတာ ပေါ့ဗျာ။ ဒါတွေကိုလည်း ဆင်ခြင်ရမယ် ဆိုတဲ့အတွေးတွေ ရရှိခဲ့တယ်။
►ခုဆိုရင် မြို့ပြ ဖွံ့ဖြိုးမှုအတွက် လေလွင့် ကလေးတွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုး တွေ လုပ်နေတယ်။ ဒီအပေါ်ကိုရော ညီ လေး ဘယ်လိုမျိုး မြင်လဲ။
အဲဒါအလုပ်မဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်။ ကျွန်တော်တို့ ပြည်မှာဆိုရင် လည်း စည်ပင်ကားကြီးနဲ့ ကလေးတွေကို ခေါ်ပြီး သွားပစ်တာ မျိုးတွေ ရှိခဲ့ပါတယ်။ ဒါက ခဏလေးပဲ ရှင်းသွားတာပေါ့။ ရေ ရှည်မှာတော့ အဲဒါ အလုပ်မဟုတ်ဘူး။ သူတို့ကို စာသင်ပေးရမယ်၊ အလုပ်အ ကိုင်တွေ ရှာဖွေပေးရမယ်။ အဲဒီလိုမျိုး ဆိုရင် ဘဝတွေ အကုန်လုံးက ပြောင်းလဲ သွားမှာပါ။ ဖမ်းတာနဲ့ ပစ်တာနဲ့က ခဏပဲ ရမှာပါ။
ခုလိုဖြေပေးတဲ့ ညီလေးကို ကျေးဇူးတင် ပါတယ်။
မင်း သု အောင် မေး မြန်း သည် ။
http://www.popularmyanmar.com/mpaper/2015/01/%E1%80%B1%E1%80%9C%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%98%E1%80%9D%E1%80%99%E1%80%BD-%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%B7%E1%80%B1%E1%80%A1/

No comments:

Post a Comment