Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

အကျဉ်းသားများကို ငါးဖမ်းစက်လှေများတွင် ခိုင်းစေမည့် ထိုင်းနိုင်ငံ အစိုးရ၏ အစီအစဉ် ဖျက်သိမ်း


ဘန်ကောက် ၊ ၂၂-၁-၂၀၁၅

ထိုင်းနိုင်ငံ၏ ရေလုပ်သား ဦးရေ ကျဆင်း လာမှုကို အစားထိုးရန် အတွက် အကျဉ်းသား များကို ငါးဖမ်းစက်လှေ များတွင် စေခိုင်းသွားမည့် ထိုင်းနိုင်ငံ အစိုးရ၏ အစီအစဉ် ကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း ယင်းနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၂ဝ ရက်တွင် ပြောကြား ခဲ့သည်။

ထို့အပြင် အဆိုပါ လုပ်ရပ်သည် အကျဉ်းသား များ၏ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်း တွင် အခြေခံ ကျသော ရေလုပ်သားများ ရှားပါး လာမှုကြောင့် ဖြစ်ပွားရသော အိမ်နီးချင်း နိုင်ငံများမှ လူကုန်ကူးမှုကို လျှော့ချ ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း သည် အလွန် ဆိုးဝါးသည့် အကြံအစည် သာ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောကြား ခဲ့သည်။

ထိုကဲ့သို့သော ရေလုပ်သား ရှားပါးလာမှုကို ဖြည့်ဆည်းရန် အတွက် အကျဉ်းကျ ပြစ်ဒဏ်မှ လွတ်မြောက်ရန် တစ်နှစ်သာ လိုတော့သည့် အကျဉ်းသား များကို ငါးဖမ်းစက်လှေ များတွင် ခိုင်းစေ သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ရေးရာ ဝန်ကြီးဌာန က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ပင်လယ်စာ တင်ပို့သည့် နိုင်ငံဖြစ်ပြီး အဆိုပါရေလုပ်ငန်းတွင် အလုပ်သမား သုံးသိန်းကျော် ရှိကြောင်း၊ ၄င်း အလုပ်သမား များအနက် အများစုမှာ အိမ်နီးချင်း နိုင်ငံများမှ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံသည် ကမ္ဘာ့ လူကုန်ကူးမှု အဆိုးရွားဆုံး စာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/01/blog-post_0.html

No comments:

Post a Comment