Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

အိမ်ခြံမြေဈေးနှုန်း ၂၅ရာခိုင်နှုန်းအထိလျော့ကျနိုင်


ရန်ကုန် ဇန်နဝါရီ ၁

ငြိမ်သက်နေသော အိမ်ခြံမြေ ဈေးကွက်သည်၂ဝ၁၅ခုနှစ်အတွင်း ဈေးနှုန်းများ ကျဆင်းဖွယ်ရှိနေပြီး အမြင့်ဆုံး ၂၅ရာခိုင်နှုန်းခန့်လျော့ ကျဖွယ်ရှိကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင် မောင်အေးကပြောသည်။ ''အိမ်ခြံမြေဈေးကွက်က၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတုန်းက အရောင်း အဝယ်ကောင်း နေပါတယ်။ နှစ် လယ်လောက်မှာ ငြိမ်သက်လာပြီး နှစ်ကုန်ပိုင်းနဲ့ ၂ဝ၁၅အတွင်းမှ ဈေးလျှော့ ရောင်းရမယ့် အခြေအနေ ရှိနေတယ်''ဟု ဦးခင်မောင်အေးက ပြောသည်။

၂ဝ၁၄ခုနှစ် နှစ်ဆန်းပိုင်းက ဈေးနှုန်းနှင့်ဝယ်ယူမှုများကောင်း မွန်ခဲ့သော်လည်းအခွန်ကိစ္စကိုအစိုးရက သတ်မှတ်မှု၊ ငွေကြေးခဝါချမှုနှင့် ဈေးကစားမှုတို့ကို အစိုးရကစုံစမ်း စစ်ဆေးလာခြင်း၊ နှစ်ပေါင်းများစွာ ဝင်ရောက်ဈေးကစားခဲ့သောတရုတ် လူမျိုးများပြန်လည်ထွက်ခွာခဲ့ခြင်း များကြောင့် အိမ်ခြံမြေဈေးမှာ နှစ်လယ်ပိုင်းမှစပြီးဆက်တိုက် ငြိမ် သက်လာခဲ့ရာ လက်ရှိအချိန်တွင် အရောင်းအဝယ်မရှိသလောက်ဖြစ် လာကြောင်း ဦးခင်မောင်အေးက ပြောသည်။ ကွန်ဒိုဥပဒေ၊ အိမ်ခြံမြေဥပဒေ များအပေါ်စီမံခန့်ခွဲမှုများမပီပြင်ခြင်း နှင့်အစိုးရ၏နိုင်ငံရေးအခြေအနေများ နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စောင့်ကြည့်ရမှုတို့ကလည်း အိမ်ခြံ မြေဈေးကွက်အပေါ်သက်ရောက် ခဲ့ကြောင်းသိရသည်။ အခွန်နှုန်းတိုးမြှင့်ကောက်ခံမှု၊ ကျပ်သိန်း ၁ဝဝဝအထက်အိမ်ခြံမြေ ရောင်းဝယ်မှုတို့ကို စုံစမ်းစစ်ဆေး မှုများပြုလုပ်ပေးခြင်းကြောင့် ဈေး ကွက်သို့ဝင်ရောက်ဈေးကစားသူများ ရပ်တန့်သွားခဲ့ပြီး ၂ဝ၁၅ခုနှစ်တွင် ဈေးများကျဆင်းလာဖွယ်ရှိနေကာ အများဆုံး ၂၅ ရာခိုင်နှုန်းအထိ လျော့ကျဖွယ်ရှိကြောင်းသိရသည်။ ''ဈေးဝင်ကစားနေတဲ့ တရုတ် တွေလဲပြန်ထွက်သွားပြီ။ ကစားတဲ့ သူတွေလဲတန့်နေတယ်။ လူထူထပ် တဲ့နေရာတွေကလွဲရင်အခြားနေရာ တွေ၊လူမနေတဲ့နေရာတွေမှာ ဈေး ကျပါလိမ့်မယ်''ဟုဦးခင်မောင် အေးကပြောသည်။

လက်ရှိအချိန် တွင် အစိုးရအနေဖြင့် အိမ်ရာပိုင် ဆိုင်မှုကိုစိစစ်သင့်ကြောင်း၊ အိမ်ရာ မြေပိုင်ဆိုင်မှုမှာတစ်ဦးတည်းတွင် အများအပြားပိုင်ဆိုင်နေခြင်းကိုကန့် သတ်သင့်ကြောင်း၊အခြေခံလူတန်း စားများ ဝယ်ယူနေထိုင်နိုင်သော အိမ်ရာစီမံကိန်းများကို ဖော်ထုတ် သင့်ကြောင်းအိမ်ခြံမြေအကျိုးဆောင် များကသုံးသပ်သည်။ ရန်ကုန်မြို့တွင် အိမ်ရာလိုအပ် ချက်မြင့်တက်နေရာ ကွန်ဒိုနှင့်တိုက် ခန်းဆောက်လုပ်မှုများဆက်လက် တိုးတက်ဖွယ်ရှိပြီး အငှားစနစ်သာ တွင်ကျယ်ဖွယ်ရှိကြောင်း၊၂ဝ၁၅ခုနှစ် အတွင်းဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေပေါ်မူတည်၍ အရောင်း အဝယ်ဈေးကွက်အပြောင်းအလဲ ဖြစ်နိုင်ကြောင်းသုံးသပ်ထားသည်။

ပြည့်ဖြိုးကျော်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

No comments:

Post a Comment