Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ အမှုဖွင့်


မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲခွင့် ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

စုံစမ်းထောက်လှမ်းတာတွေကို အထောက်အကူပြုဖို့ ဖမ်းဆီးထားတဲ့ မြန်မာ ၆ ဦးကို ရမန်ယူပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာလို့ မလေးရှား သည်စတား သတင်းစာက ရေးပါတယ်။

တခြား ၅ ဦးကိုလည်း စွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပီနန်ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူရာဟင်ဟန်နာဖီက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၄ ဇန်န၀ါရီလကတည်းက စတင်ပြီး ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၁၈ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76233

No comments:

Post a Comment