Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် သူရဦးရွှေမန်း ခေါင်းဆောင်သော ကော်မတီ တစ်ရပ် ဖွဲ့စည်း

ရန်ကုန်
ဆုမင်းကို                                                                                                      
      ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင် သော အောင်နိုင်ရေး ကော်မတီ တစ်ရပ်ကို ယမန်နေ့က ဖွဲ့စည်း ခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သတင်း ရရှိသည်။ ယမန်နေ့က  ကျင်းပ  ပြီးစီးခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ တတိယ အကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးတွင် ယင်းအဖွဲ့အား ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သိရသည်။ ဒီအထဲမှာ ဦးအောင်သောင်းတို့ ဦးသိန်းဇော်တို့ ပါတယ်။  ရိုးသား ကြိုးစား ရိုးရိုးသားသား ယှဉ်ပြိုင် သွားမယ့် မူဝါဒကို ချမှတ် ထားတယ်။ ရှေ့ဆက် ပြီးတော့ အဓိက ကတော့ ပါတီပေါ်မှာ သစ္စာရှိရှိ နေကြ ပေါ့လေ။ ပြည်သူတွေ အတွက် ကတော့ ဒီမိုကရေစီ အာမခံတယ် ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မတီဝင် ဦးလှဆွေက The Messenger Media သို့ ပြောသည်။
      အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးပွဲတွင် သက်ဆိုင်ရာ ပါတီဝင် ၀န်ကြီးချုပ်များ နှင့် ၀န်ကြီးများက တက်ရောက် ခဲ့ပြီး၊ သက်ဆိုင်ရာ ဒေသ အလိုက် ပါတီဝင် အင်အားနှင့် ဒေသ အလိုက် ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်နိုင်မည့် အခြေအနေများကို တင်ပြ ခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ သိရသည်။
        ပြည်ခိုင်ဖြိုး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိ ထားသော ပါတီ တစ်ခု ဖြစ်ပြီး၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်  ထပ်မံ၍ အနိုင်ရရှိရန် ကြိုတင် ပြင်ဆင်မှုများ စတင်နေကြောင်း၊ ၎င်းပါတီ၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။ ထို့ပြင် ပြည်ခိုင်ဖြိုး ပါတီ၏ ပြိုင်ဘက် ပါတီတစ်ခု ဖြစ်သော NLD ပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို စတင်နေပြီ ဖြစ်သည်။
         ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလဆန်းတွင်  ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ထားသည်။ ထို့ပြင် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ပြုလုပ် ပေးသွားမည် ဟုလည်း ပြောဆို ထားသည်။
          ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ဦးဆောင်လျက် န၀တ အစိုးရ ကျောထောက် နောက်ခံဖြင့် ဖွဲ့စည်းခဲ့သည်။ ရပ်ကွက် ကျေးရွာငါးသောင်းကျော်၊ ခရိုင်(၆၆)ခု၊မြို့နယ်ပေါင်း (၃၀၀) ကျော် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၄) ခုတွင် အသင်းသား များကို တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ အများဆုံးဖြင့် အနိုင်ရ ကာ လွှတ်တော် ထဲသို့ ရောက်ရှိခဲ့ပြီး အစိုးရ အဖွဲ့ ဖွဲ့နိုင်သည့် လက်ရှိ အာဏာရ ပါတီကြီး တစ်ခု ဖြစ်သည်။
http://www.messengernewsjournal.com/news/HeadNews/?id=30048

No comments:

Post a Comment