Written by Mizzima News
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၈။ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ အန်ပန်း
Lookout Point တွင် မြန်မာနိုင်ငံသား တစ်ဦး လည်ပင်းဖြတ် အသတ်ခံခဲ့
ရကြောင်း သိရသည်။
နယ်မြေ ရဲတပ်ဖွဲ့မှူး ခါရူဒင်ဆာအက်ဒ်က သေဆုံး သွားသူ၏ အလောင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲ ခန့်တွင် သတ္ထု အပိုင်းအစများ လိုက်ကောက်သူ တစ်ဦးက ယာဉ်ရပ်နားသည့် နေရာတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ သေဆုံး သွားသူသည် ဒီဇင်ဘာ ၂၆ ရက် ကပင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ရဲအရာရှိက ပြောကြားသည်။
"စာရွက်စာတမ်း အထောက်အထားတွေ အရ အသတ် ခံရသူဟာ အသက် ၃၀ သာသာ အရွယ်ရှိတဲ့ မြန်မာနိုင်ငံသား တစ်ဦး ဖြစ်ကြောင်း သိရပါတယ်"ဟု ပြော ကြားသည်။
Ref: The Star
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/35803-2014-12-28-06-28-01
No comments:
Post a Comment