Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

ရောဂါရှိ ၀က်သားများကို ရောင်းချခဲ့သည့် လူ ၁၁၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ ကဖမ်းဆီး



ပေကျင်း ၊ ၁၃-၁-၂၀၁၅

တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွား နေသော ဝက်သားများ ရောင်းချခဲ့သူ ၁၁ဝ ဦးကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းနိုင်ငံရှိ ပြည်နယ် ၁၁ ခုအတွင်း၌ ၂ဝ၁၄ ခုနှစ်က စတင် လုပ်ဆောင်သော အစားအစာ ဘေးကင်း လုံခြုံရေးဆိုင်ရာ စစ်ဆေးမှု အတွင်း အာဏာပိုင်များက ရောဂါပိုးမွှား ကြောင့် မသန့်သော ဝက်သားတန် ၁ဝဝဝ ကျော်နှင့် ၄င်းဝက်သားမှ ထုတ်လုပ် ထားသော ဆီ ၄၈ တန်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်သူ့လုံခြုံရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ ၌ ဖော်ပြ ထားသည်။

ယခု ဖမ်းဆီးခံထား ရသူများသည် သီးခြားအဖွဲ့ ၁၁ ဖွဲ့မှဖြစ်ပြီး ၄င်းတို့သည် ရောဂါ ဖြစ်ပွားပြီး သေဆုံးနေသော ဝက်သားများကို လယ်သမားများ ထံမှ ပုတ်ပြတ် ဈေးနှုန်းဖြင့် ဝယ်ယူပြီးနောက် ၄င်း ဝက်သားများမှ ဆီ၊ ဝက်ပေါင်ခြောက် နှင့် ဝက်ဆားနယ် ကျပ်တင်တို့ကို ထုတ်လုပ် ခဲ့ကြောင်း တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2015/01/blog-post_31.html

No comments:

Post a Comment