Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

တိုက်ကြီး ကုန်စုံဆိုင် မီးလောင်မှု သတင်း အပြည့်အစုံ



တိုက်ကြီးမြို့နယ်တွင် နေအိမ်ကုန်စုံဆိုင်၌ လျှပ်စစ်ပန်ကန်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇန်န၀ါရီ ၈

၈.၁.၂၀၁၅ ရက်နေ့ ၁၂၅၅ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ မီးသတ်လမ်းရှိ နေအိမ်ကုန်စုံဆိုင်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ နေအိမ်ဈေးဆိုင် အောက်ထပ်၌ မတ်တပ်လျှပ်စစ်ပန်ကာ ဖွင့်ထားရာမှ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ အနီးရှိ သင်အူနှီးတုံးများသို့ မီးစွဲလောင်ရာမှ ဆိုင်အတွင်းရှိ ကုန်ပစ္စည်းများနှင့် နေအိမ်သို့ ကူးစက်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၅၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် အိမ်ရှင်ဖြစ်သူ ဦးခင်နိုင်၊ (၆၀)နှစ်အား တိုက်ကြီးမြို့မရဲစခန်း(ပ)၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment