Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

အခြေခံဥပဒေ မပြောင်းရင် ပြည်သူအားလုံး နစ်နာမည်ဟု ဟောင်ကောင်သူဌေးကြီးပြော


ဟောင်ကောင်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်က ဟောင်ကောင်အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ရင် သူအပါအ၀င် ဟောင်ကောင်ပြည်သူ တရပ်လုံး ဆုံးရှုံးနစ်နာ ကြရလိမ့်မယ်လို့ သတိပေး လိုက်ပါတယ်။

ဟောင်ကောင်ဥပဒေပြု ကောင်စီက အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ခွင့်ပြုမှ ရှေ့လျှောက်တိုးတက်ကောင်းမွန်လာမယ်လို့ သူဌေးကြီး လီကာရှင်း Li Ka-shing က ဇန်န၀ါရီ ၉ ရက်နေ့မှာ ပြောဆိုပါတယ်။

အဲ့လိုမှ မဟုတ်ရင် ဟောင်ကောင်ပြည်သူတွေဟာ ဘယ်လိုမှ နှိုင်းဆလို့တောင် မရတဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘယ်လို အခြေအနေ မျိုးမှာပဲဖြစ်ဖြစ်၊ ပထမခြေလှမ်းအနေနဲ့ ဟောင်ကောင်အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အားပေးရမှာဖြစ်ပြီး အဲ့ဒီကနေမှ ဒုတိယခြေလှမ်း၊ နောက်ပိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒုတိယအကြိမ် လူထုဆွေးနွေးညှနှိုင်းပွဲတွေ စတင်မယ်လို့ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဟောင်ကောင်အစိုးရက ကြေညာပါတယ်။

အရင်ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း တန် ချီ ဟွာ Tung Chee-hwa ကတော့ ဟောင်ကောင်အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ အဆုံးအဖြတ်ပေးရမယ့်နေရာကို ရောက်ရှိနေပြီး လူတိုင်းက ပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76676

No comments:

Post a Comment