Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

မင်္ဂလာ တောင်ညွန့်တွင် အမျိုးသမီးအား ကြိုးတုပ် သတ်ဖြတ် လုယက်မှုကို ပူးပေါင်း အဖွဲ့ ဖြင့် တစ်တိုက်လုံး စစ်ဆေးမည်

မင်္ဂလာ တောင်ညွန့် မြို့နယ်တွင် အသက် (၇၀) ကျော် အဘွားအို တစ်ဦးကို ကြိုးတုပ် သတ်ဖြတ် လုယက်မှုအား ရဲတပ်ဖွဲ့မှ ပူးပေါင်း အဖွဲ့ ဖွဲ့က အခင်း ဖြစ်ပွားရာ တိုက်တစ်တိုက်လုံး စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖွံ့ဖြိုးရေး အကူ၊ လုံခြုံရေး အကူ၊ ခွဲ (၂) တို့နဲ့ စစ်ဆေး နေပြီ။ အဆင့်ဆင့် စစ်မယ်၊ သူ့ သားပြန်လာလို့ ပိုက်ဆံတွေ ပါလာလို့ လုပ်တာ ဆိုတော့ ဓာတ်သိပဲ ဖြစ်မယ်လေ။ သိပ်ခက်ခဲတဲ့ အမှု မဟုတ်ဘူး၊ မကြာခင် ပေါ်မယ်၊ ထုတ်ပြောလို့ မရလို့ ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူး တစ်ဦးက The Messenger Media သို့ ပြောသည်။

အဆိုပါ စစ်ဆေးမှုတွင် ကျူးလွန်သူမှာ အမျိုးသမီးဟု ခန့်မှန်း နေခြင်းသည် ခြေရာကို ကြည့်၍ ခန့်မှန်းခြင်း ဖြစ်ကြောင်း၊ သို့သော် ယောင်္ကျား ခြေရာသည်လည်း အဖျားဘက်တွင် ထိုပုံစံ ကဲ့သို့ ရှိနိုင်ပြီး ခြေရာတွင် ခြေချောင်း သုံးချောင်း အရာသာ ထင်နေခြင်းကြောင့် တရားခံကို ကျား၊မ တိတိ ကျကျ မပြော နိုင်ကြောင်း ပြောသည်။ ဇန်န၀ါရီလ (၆) ရက်နေ့တွင် ပူးပေါင်း အဖွဲ့ဖြင့် အခင်း ဖြစ်ပွားရာ တိုက်ခန်းတွင် နေထိုင်သူများ အနက် လူ (၂၀) ဦးကို စစ်ဆေး ပြီးသွားပြီ ဖြစ်ကြောင်း မင်္ဂလာ တောင်ညွန့် မြို့နယ် ရဲမှူးက ဆိုသည်။

မင်္ဂလာ တောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက်၊ (၁၂၃) လမ်း၊ တိုက်အမှတ် (၂၄) လေးလွှာတွင် ဇန်န၀ါရီလ (၃) ရက်နေ့ ညနေပိုင်းက ဒေါ်မာဘီယာ (၇၀) နှစ်သည် နေအိမ် တိုက်ခန်း အတွင်း ကြိုးတုပ်၍ ပါးစပ်တွင် အ၀တ်ဆို့ခံထား ရကာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိပြီး သေဆုံး ခဲ့ကြောင်း မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ထားသည်။

အခု ခရိုင်၊တိုင်းတွေနဲ့ ပေါင်းပြီး စစ်ဆေးနေတယ်။ တစ်တိုက်လုံး စစ်ဆေး နေတယ်၊ ထင်ရာတွေ ပြောနေလို့ မရဘူး၊ အမှု ပျက်ပြီး ရှောင်သွားမှ စိုးရတယ်၊ အခု နေ့တိုင်း စစ်ဆေး နေတယ် ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှူး ရဲမှူး သိန်းအောင်က The Messenger Media သို့ ပြောသည်။ သေဆုံး သူတွင် ၀တ်ဆင် ထားသော ရွှေလက်ကောက် နှစ်ကွင်း၊ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေဆွဲပြား တစ်ခု၊ ရွှေလက်စွပ် တစ်ကွင်းကို ကျူးလွန်သူမှ ယူဆောင် သွားကြောင်း ရဲစခန်း တာဝန်ရှိသူ များက ဆိုသည်။ ကျူးလွန်သူများမှာ အမျိုးသမီး နှစ်ဦး ဖြစ်နိုင်သည်ဟု CIDက ခန့်မှန်းကြောင်း သေဆုံးသူ၏ သား ဖြစ်သူ က မီဒီယာ များသို့ ပြောကြား ခဲ့သည်။

The messenger

No comments:

Post a Comment