Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

ဗြိတိန်နိုင်ငံမှာ ရေဘယ်လိုချိုးကြသလဲ

ဗြိတိန်နိုင်ငံမှာရှိတဲ့ ပြည်သူတွေဟာ များသောအားဖြင့် ရေချိုးခန်းထဲမှာ တွေ့ရလေ့ရှိပြီး ပျမ်းမျှအားဖြင့် တစ်နှစ် ကို ၂၂၇ ကြိမ် ရေပန်း(Shower) နဲ့ ရေချိုးကြတယ်လို့ LateRooms.com ရဲ့ Bubble Bath Day အတွက် စစ်တမ်းတွေအရ သိရပါတယ်။

ဒါပေမယ့်လည်း ထိုစစ်တမ်းအရ ဗြိတိန်လူမျိုးတွေဟာ တစ်နှစ်ကို ၁၁၁ ရက်ခန့် ပျမ်းမျှအားဖြင့် ရေမချိုးကြဘူးလို့ သိရပါတယ်။ ဒါဟာ ရေမချိုးပဲ ၃လ ခန့်နေတယ်လို့ သဘော သက်ရောက်နေပါတယ်။

အသေးစိတ်ကြည့်မယ်ဆိုရင် ဗြိတိန်နိုင်ငံ အနောက်တောင်ဘက်မှာ နေထိုင်သူတွေဟာ တစ်နှစ်ကို ပျမ်းမျှအားဖြင့် ၂၀၈ ကြိမ်သာ ရေချိုးကြပါတယ်။ Welsh ပြည်နယ်မှာ နေထိုင်သူတွေကတော့ တစ်နှစ်ကို ၂၅၁ ကြိမ်ခန့် ပျမ်းမျှအားဖြင့်ရေချိုးကြပါတယ်။

ဗြိတိန်နိုင်ငံမှာ နေထိုင်သူ ၇၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ရေချိုးခန်းထဲမှာ ရေပန်း(Shower) နဲ့ ရေစိမ်ကန်(Bath) ၂ မျိုးလုံးရှိကြပြီး နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကသာ ရေစိမ်(Bath) ခြင်းဟာ ပိုမိုလန်းဆန်းစေတယ်လို့ ဆိုကြပါတယ်။ ရေပန်း(Shower) နဲ့ရေချိုးခြင်းကတော့ ပိုပြီးရွေးချယ်ကြတဲ့ အရာဖြစ်တယ်လို့ သိရပါတယ်။

၆၀ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ချစ်သူလက်တွဲဖော်နဲ့အတူ ရေစိမ်လေ့ရှိပါတယ်။ ၂၄ရာခိုင်နှုန်းသော ဗြိတိန် ပြည်သူတွေဟာ ရေစိမ်ကန်ထဲမှာ ဆပ်ပြာပူဖောင်းတွေကြား စိမ်နေရင်း လူမှုကွန်ရက် ကိုစမတ်ဖုန်းနဲ့ သုံးစွဲရတာ နှစ်သက်ကြတယ်လို့ဝန်ခံထားပါတယ်။

Ref:mirror.co.uk

No comments:

Post a Comment