Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ထိုင်း-မြန်မာ ဖက်စပ်ကားဖြစ်တဲ့ ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားကြောင့် ပရိသတ်အားပေးမှုကို ခန့်မှန်းလို့ ရသွားတယ်လို့ ဆိုလာတဲ့ ဇာတ်ကားဦးဆောင်ဖန်တီးသူ ကိုဝေမင်းမောင်

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၉နေ့ကတည်းက ရုံတင်ပြသခဲ့တဲ့ ထိုင်း-မြန်မာ ဖက်စပ်ကား ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားကို ဇန်န၀ါရီ ၂ ရက်က ရန်ကုန်မှာရှိတဲ့  Junction Square နဲ့တာမွေက Mega Cine plus တို့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တော်တော်လေး ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားဖြစ်မြောက်ဖို့အတွက် အဓိက ဦးဆောင်ကြီးကြပ်သူ ဖြစ်တဲ့ Media 7 မှ တာဝန်ရှိသူ ကိုဝေမင်းမောင်နဲ့တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တဲ့အခါ “ကျွန်တော်တို့ ဒီဇာတ်ကားကို အဓိက ရိုက်ဖြစ်ရတဲ့အကြောင်းက မြန်မာ ရုပ်ရှင်ဈေးကွက်နဲ့ထိုင်းရုပ်ရှင်ဈေးကွက်ရဲ့ အနေအထားတစ်ခုကို သိချင်တဲ့အတွက် စမ်းပြီး ရိုက်ခဲ့တာပါ။ မင်းသားနေရာမှာ အောင်နိုင်စိုး ကို ရွေးချယ်ဖြစ်တာက ထိုင်းနိုင်ငံမှာ ထိုင်းစကားလဲ ပြောတတ်တဲ့ မြန်မာလူမျိုး ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်ကို ရှာကြပါတယ်။ လူတွေ့ စစ်ဆေးမှုတွေလဲ အများကြီး လုပ်ခဲ့တယ်။ အဲ့ဒီမှာ အောင်နိုင်စိုးဆိုတဲ့ ကောင်လေးကိုတွေ့ပြီး အဆင်ပြေမယ်ထင်လို့ရွေးချယ်ဖြစ်ခဲ့တာပါ။ သူက မြစ်ကြီးနားသားပေါ့။ အဲ့ဒီကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ ထိုင်းကဒါရိုက်တာပေါ့။ သူ့နာမည်က နာချာယာပါ။ အဲ့ဒီမှာ ထိုင်း မင်းသမီး ကရဗီ ကိုအဓိက ရွေးချယ်ဖြစ်တာကတော့ သူက ထိုင်းဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တဲ့ ကောင်မလေးပေါ့။ အဲ့ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နေတာကိုတွေ့ပြီး အဲ့ဇာတ်ရုပ်နဲ့ လိုက်မယ်ထင်လို့ ရွေးချယ်ဖြစ်ခဲ့တာပါ။”လို့ သူက ပြောပြသွားပါတယ်။
နောက်ပိုင်းမှာ ဖက်စပ်ရိုက်ထားတဲ့ ဇာတ်ကားအကြောင်းတွေကိုလည်း သူက “မှော်ကျောက်စာ ဆိုတဲ့ ဇာတ်ကားတစ်ကား ရိုက်ထားသေးတယ်။ ဒါကတော့ ထိုင်းက နည်းနည်းပဲ ပါတယ်။ သရုပ်ဆောင်တွေကတော့ မြန်မာတွေ များပါတယ်။ ထိုင်းသရုပ်ဆောင်တွေ နည်းတယ်။ အဲ့ဒါလေးတစ်ခုရှိတယ်။ နောက် Pee Mak မင်းသမီးနဲ့ပြောထားတဲ့ကားက နဲနဲတော့ ကြာမယ်နဲ့တူပါတယ်။ ဘာလို့လဲဆိုတော့ ခုချိန်ထိကို မင်းသမီးက ကျွန်တော်တို့နဲ့ ရိုက်ရက်ညှိနှိုင်းလို့ မရသေးဘူး။ အဲ့ဒီတော့ ဘယ်တော့မှ ရိုက်ဖြစ်မယ်ဆိုတာ အတိအကျပြောလို့မရသေးပါဘူး”တဲ့။
ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားလေး၊ Media 7 အကြောင်း သူထပ်ဖြည့်ပြောသွားတာကတော့ “မြန်မာနိုင်ငံ မှာက ရုပ်ရှင်ရုံ အခက်အခဲရှိတယ်။ အဲ့ဒီကြားထဲကကို ကျွန်တော်တို့ရအောင်ပြတယ်။ ပြတဲ့ကြားထဲက နေ ပရိသတ်တွေကလဲ အားပေးတယ်။ ကျွန်တော်တို့အနေနဲ့နောက်ထပ်ရိုက်မဲ့ ကားတွေအတွက် ပရိသတ်ရဲ့အားပေးမှုကို မှန်းလို့ရသွားတယ်။ ထိုင်းဈေးကွက်က မြန်မာဈေးကွက်ထက် ပိုများတယ်။ ဒီကားလေးက ဈေးကွက်အနေအထားကို သိချင်လို့စမ်းပြီးရိုက်တဲ့ ဇာတ်ကားလေးပါ။ အားပေးလို့လဲ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ Media 7 ကနေ ဖန်တီးထားတာက လတ်တလော program အစီအစဉ်တွေပေါ့။ Let’s go to Singapore တို့မိုးစက်ဝိုင်နဲ့ Amazing City program တို့၊ လွှမ်းပိုင်တို့ကျော်ထွဋ်ဆွေတို့နဲ့Let’s go Program တွေ ရိုက်ဖြစ်နေပါတယ်။ နောက်ပြီး မှော်ကျောက်စာကားကို ထိုင်းနိုင်ငံမှာ အချောသတ်နေပါတယ်။” လို့ သူက ပြောပြခဲ့ပါတယ်။
http://www.trend.com.mm/2015/01/14/yollywood-5481

No comments:

Post a Comment