Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

ရွှေသံလွင်ကုမ္ပဏီ မြေယာလျော်ကြေး ရွာငံတောင်သူအများစု လက်မခံ


ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့ နယ်အတွင်းမှာ သိမ်းဆည်း ခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင် ကုမ္ပဏီက လျော်ကြေးငွေ ထုတ်ပေးမှာကို တောင်သူ ၂ဝဝ ကျော်က လက်မခံ ကြဘူးလို့ သိရပါတယ်။

မြေဧက ၁၃ဝဝ ကျော်ကို ပိုင်ဆိုင်တဲ့ တောင်သူ ၃၀၀ ကျော်ထဲက ၂ဝဝ လောက်က လျော်ကြေးငွေ မယူလိုပဲ မြေကိုသာ ပြန်လည်ရယူလိုတာဖြစ်တယ်လို့ မြေအသိမ်းခံ ထားရသူတွေထဲက နွားဘန်းကြီး ကျေးရွာသား တောင်သူ ကိုသက်ဦးက ပြောပါတယ်။

"ဦးရေက ကျနော်တို့ နွားဘန်းနဲ့ပြောမယ်ဆိုလို့ရှိရင် ၁ဝဝ ပိုပိုလောက်ပဲရှိမယ်၊ ယူမယ့်လူမပေးသေးဘူး၊ ကျနော်တို့ အများစုက ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့မြေပဲ ကျနော်တို့ ပြန်ရတာ၊ အခုကုမ္ပဏီက လုပ်နေတဲ့ပုံစံက ကျန်တဲ့လူဘာမှနားမလည်တဲ့ပုံစံမျိုးပေါ့၊ ညှိနှိုင်းတာဆောင်ရွက်ထားတာ မရှိဘူးလေဗျာ၊ မြေကိုပြန်မပေးနိုင်ဘူး သူတို့လုပ်နေတာလေ၊ ငွေဆိုငွေပဲ ပေးမယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေတာလေ သူက၊ သူတို့ဆီကို ကျနော်တို့ မြေသမားတွေ ဝင်ခွင့်ကိုမရှိတာက အတော်ခက်တာ၊ လျှော်ကြေးဆိုပေးမှ သူတို့နားကို ဝင်လို့ရတာ"

သိမ်းဆည်းခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီက လျော်ကြေးငွေအဖြစ် တစ်ဧကကို ကျပ် ၁၀ သိန်းနှုန်းနဲ့ တောင်သူတွေထံ ပေးအပ်မှာဖြစ်ကြောင်းနဲ့ လျော်ကြေးငွေထုတ်ယူမယ့် တောင်သူတွေ အနေနဲ့ ကုမ္ပဏီရုံးခန်းမှာ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားတယ်လို့ ဒေသခံတောင်သူ တွေက ဆိုပါတယ်။

ရွာငံမြိုနယ် နွားဘန်းကြီး၊ တောင်ခေါင်းဖွာ၊ ကသစ်၊ ရွာမ၊ ညောင်ကုန်း၊ ညောင်အိုင်၊ လက်ပံပင်၊ ရေချမ်းသာ ကုန်း စတဲ့ ကျေးရွာ ၁၃ ရွာက မြေဧက ၁၃၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က တပ်မ ၅၅ က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ၁၉၉၉ ခုနှစ်မှာ ရွှေသံလွင်ကုမ္ပဏီထံ လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခဲ့ရာ ကုမ္ပဏီက သရက်နဲ့ ဂေါ်ဖီ ပန်းပွင့်စိမ်းတို့ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment