Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

မန္တလေးတွင် အခမဲ့ မူကြိုကျောင်း (၃၀၀) ဖွင့်လှစ်မည်

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ် (၂၈) မြို့နယ်၌ အခမဲ့ မူကြိုကျောင်းပေါင်း (၃၀၀) ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။ ယခင်က မူကြိုကျောင်းများ ဖွင့်လှစ်ရာတွင် ဗဟိုက ချမှတ် ပေးသော မြို့နယ် များတွင် ဖွင့်လှစ်ရပြီး ယခုအခါ၌ ဖွင့်လှစ် လိုသော မြို့နယ် များကို ဆန္ဒပြုခိုင်း၍ အထက်သို့ တင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။ အခမဲ့ မူကြိုကျောင်း များတွင် ကျောင်း အခြေပြု မူကြိုကျောင်းမှ ဆရာ/ဆရာမ များကို သင်တန်း ပေးပြီး ပညာရေး ၀န်ကြီးဌာနမှ လစာ ပေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံ တစ်ဝန်း ကျောင်း အခြေပြု မူကြို ကျောင်းများ တိုးချဲ့ ဖွင့်လှစ်ရန် အတွက် ငါးနှစ် စီမံချက် ထားရှိပြီး ငါးနှစ် အတွင်း မူကြို ကျောင်းပေါင်း နှစ်သောင်း အထိ ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။ ၂၀၁၅-၂၀၁၆ ပညာသင် နှစ်တွင် အဆို ပါစီမံချက် စတင်မည် ဖြစ်ပြီး အဆိုပါ နှစ်တွင် မူကြို ကျောင်းပေါင်း (၃၀၀၀) ဖွင့်မည် ဖြစ်ကာ ၂၀၁၆- ၁၇ ပညာသင် နှစ်တွင် (၃၀၀၀)၊ ၂၀၁၇- ၁၈ ပညာသင် နှစ်တွင် (၄၀၀၀)၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် (၄၀၀၀)၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် (၆၀၀၀)၊ စုစု ပေါင်း (၂၀၀၀၀) ဖွင့်လှစ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အခုလို အခမဲ့ မူကြိုကျောင်းတွေ ဖွင့်လှစ်ပေးဖို့ အတွက် ဆရာ၊ ဆရာမတွေကို သင်တန်းပေး မှာပါ။ သင်တန်းပေးတဲ့ အခါမှာ ဆရာ၊ ဆရာမတွေက ဒေသခံ ဖြစ်ရမယ်။ ဘွဲ့ရပြီး ဖြစ်ရမယ်။ (၂၅) နှစ်ပြည့်ရမယ် ဟု မန္တလေးတိုင်း ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။၂၀၁၄-၂၀၁၅ ပညာသင်နှစ် အထိ ဖွင့်လှစ် ထားသော မူကြိုကျောင်း များတွင် Unicef (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့) နှင့် MOE (ပညာရေး ၀န်ကြီးဌာန) တို့ ပူးပေါင်း၍ ဆရာ/ဆရာမများကို လစာ ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း ဖွင့်လှစ် ထားသော မူကြိုကျောင်း များလည်း ရှိသည်။

The messenger

No comments:

Post a Comment