Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

ဂန္ထဝင် မင်္ဂလာပွဲ စိန်ဝတ်စုံဖြင့် ဆင်နွှဲမည်


”ဂန္ထဝင် မင်္ဂလာဆောင်က ဖေဖော်ဝါရီ ၁ဝ ရက်နေ့၊ မင်္ဂလာပွဲမှာဝတ်မယ့်ဝတ်စုံက နိုဝင်ဘာလကတည်းက ချုပ်တာ၊ အခုဆို ၈ဝ ရာခိုင်နှုန်းပြီးပြီ။ ငွေရောင်နဲ့ နီညိုရောင်ကို စပ်ထားတာပါ။ ဒီမှာ ထူးခြားတာက တစ်ထည်လုံးစိန်တွေကို အဓိကထားပြီး ချုပ်ပေးတာပါ” ဟု Aroma Zulu မှ ကို အောင်မြတ်သူက ပြောသည်။ Aroma Zulu မှ သရုပ်ဆောင် ဂန္ထဝင်၏မင်္ဂလာပွဲကို ကူညီပံ့ပိုးမည်ဟု သိရသည်။

”အဓိက ပံ့ပိုးဖြစ်တာက မအိ (ဂန္ထဝင်)နဲ့က ဒီဆိုင်စလုပ်ကတည်းက ခင်တယ်။ အဲဒီအတွက် သူ့ မင်္ဂလာပွဲမှာ ဘယ်လောက်ပဲ ကုန်ကုန်ကူညီပါရစေဆိုပြီး တောင်းဆိုတယ်။ သူလည်း လက်ခံလို့သာ ကျွန်တော်တို့ ကူညီခွင့်ရတာပါ” ဟု Aroma Zulu မှ ကိုအောင်မြတ်သူက ပြောသည်။ သရုပ်ဆောင် ဂန္ထဝင်နှင့် ကိုသန်းဇော်တို့၏ မင်္ဂလာ လက်မှတ် ရေးထိုးပွဲ၊ မင်္ဂလာဆွမ်းကျွေးနှင့် လက်ထပ်မင်္ဂလာပွဲ၊ မင်္ဂလာညစာစားပွဲ လေးပွဲတိုင်တိုင် Aroma Zulu မှ တာဝန်ယူကျင်းပအလှဆင်ပေးမည်ဟု သိရသည်။

သရုပ်ဆောင် ဂန္ထဝင်နှင့် ကိုသန်းဇော်တို့၏ မင်္ဂလာဧည့်ခံပွဲကို ဆီဒိုးနား ဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး ညစာစားပွဲကို ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပမည်ဟု သိရသည်။
”Aroma Zulu အနေနဲ့လည်း ၂ဝ၁၅ ထဲမှာ ထူးခြားတဲ့ဝတ်စုံ ဒီဇိုင်းတွေလည်း အများကြီးချုပ်ထားပါတယ်။ လစဉ်လတိုင်းမှာလည်း ကျွန်တော်တို့ အလှူတွေလုပ်ဖြစ် ပါ တယ်”ဟု ကိုအောင် မြတ်သူက ဆက်ပြောသည်။

popular journal

No comments:

Post a Comment