Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

ပေးစာ



လွန်ခဲ့တဲ့ တပတ်ကျော်ကျော်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဆယ်မီနာတခုတက်ရင်း ရေနံဈေးကျတဲ့အကြောင်း နိုင်ငံခြားသားတယောက်နဲ့ ပြောရင်း ငါတို့နိုင်ငံမှာ နိုင်ငံတကာမှာ ဈေးတက်ရင်သာ ချက်ချင်းလိုက်တက်တာ၊ ပြန်ချပေးတယ် ဆိုတာ မရှိဘူးလို့ပြောမိတယ်။ ဒီရေနံဈေးနှုန်း ခေါက်ချိုးလောက်ကျပြီး ခပ်တည်တည်နဲ့ ပြည်သူဆီက လိမ်လည်စားနေတဲ့ ခရိုနီ ဂုတ်သွေးစုတ်တွေအကြောင်း ဘယ်မြန်မာစာနယ်ဇင်းကမှ ရေရေရာရာ ထောက်မပြတာ သတိထားမိသွားတယ်။ ဒါနဲ့ သေချာ ရှာကြည့်လိုက်တော့ ကမာရွတ်မီဒီယာက အင်တာဗျူး သတင်းဆောင်းပါးတခု လုပ်ထားတာကလွဲပြီး မယ်မယ်ရရ မတွေ့မိဘူး။ ကျမ သိသလောက်လေး ဖေ့ဘွတ်ကနေ ရေးတင်တာ အတော်ပျံ့နှံ့သွားတာ သတိထားမိသလို အနည်းငယ် အကျိုးသက်ရောက်မှူရှိတယ် ထင်လို့ ဝမ်းသာမိတယ်။
အပျော်တမ်းသဘော ဖေ့ဘွတ်ပေါ် ရေးသူတွေတောင် သတိထားမိရင် ပရော်ဖက်ရှင်နယ်တွေ ဘာလို့ဒါမျိုးလေးတွေ မဖော်ထုတ်ကြလဲလို့ မချင့်မရဲ ဖြစ်မိတယ်။ ဖန်တရာတေ စကားလုံးကြီးတွေနဲ့ နိုင်ငံရေးဆောင်းပါးတွေ အုတ်အော်သောင်းတင်းခေါင်းလောင်း၊ ဘုရားမျက်လုံးပွင့် စသောသတင်းတွေ မုဒိမ်းမှူ လူသတ်မှူကို အစထောင်မီးမွှေးမဲ့သတင်းတွေ အဝါရောင်တွေအပြင် ဒါမျိုးလေးတွေကို စနစ်တကျ သုံးသပ်တင်ပြသူတွေ များများ ပေါ်ထွက်ပါစေလို့ဆုတောင်းတယ်။
လေးငါးလလောက် ဈေးမချခဲ့တဲ့အတွက် တာဝန်ယူလိုမှူမရှိသော ပြည်သူ့ကို မထောက်ထားသော သူဌေးကြီးများရဲ့ စေတနာအမှန်ကိုတော့ နားလည်လိုက်ပါတယ်။
ဦးဇော်ဇော် (Max Energy) ၊
ဦးချစ်ခိုင် (Denco) ၊ 
ဦးအိုက်ထွန်း (ST oil) ၊ 
ဦးထွန်းမြင့်နိုင်(Green Luck) ၊
ဦးတေဇ (Terminal)စက်သုံးဆီ လုပ်ငန်းရှင်အသင်း ဥကဌ၊ 
ဦးဝင်းမြင့် (ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်/ မြတ်မစ်တာမွန် စက်သုံးဆီဆိုင်များပိုင်ရှင်)
စက်သုံးဆီတင်သွင်းသူခရိုနီ ကြီးတွေ ဘယ်လောက် ပိုချမ်းသာသွားကြသလဲ တော့ မသိပါဘူး။ ဈေးကွက်စီးပွါးရေးစနစ်မဟုတ်ဘဲ လက်ဝါးကြီးအုပ် စားဖားများ ညီညွတ်စွာ ဂုတ်သွေးစုတ်သော ချမ်းသာသူများက နိုင်တိုင်းကျင့်သောစီးပွါးရေး ဖြစ်နေတာ ဝမ်းနည်းစရာပါ။ အစိုးရမင်းများလဲ ဝင်ရောက် ညှိနှိုင်းမပေးတာ ဒေါသဖြစ်စရာပါ။
P.S ဒီနေ့ မနက် The Voice Weekly က "စက်သုံးဆီဈေး ဘယ်သူ့အတွက် မချတာလဲ" ဆိုတာ စနစ်တကျ သုံးသပ်တာ ဖတ်ပြီးတော့ နည်းနည်း ကျေနပ်သွားတယ်။

May Popa

No comments:

Post a Comment