Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ယာဉ်(၃)စီး ဆင့်တိုက်မှုများ

လှည်းကူးမြို့နယ်တွင် ယာဉ်(၃)စီး ဆင့်တိုက်မိသဖြင့် (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်န၀ါရီ ၁၇

၁၆.၁.၂၀၁၅ ရက်နေ့ ၁၆၀၅ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းအတိုင်း ဖောင်ကြီး ဘက်မှ လှည်းကူးဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း ကိုအောင်အောင်ဝင်း(၃၉)နှစ် မောင်းနှင် လာသော ၄စ/---A6အမျိုးအစား ယာဉ်သည် စခန်းကြီး အရှေ့ကျေးရွာ၊ မိုင်တိုင်အမှတ် (၂/၁)အရောက် ၎င်းယာဉ်၏ရှေ့မှ သန်လျင်မြို့နယ်နေ ကိုမြင့်မောင်မောင်ထိုက်(၃၄)နှစ် မောင်းနှင်နေသော 1H----Nissan Atlas Light Truck ကိုယ်ပိုင်ယာဉ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ရာ 1H---- ယာဉ်မှာ အတိုက်ခံရသည့်အရှိန်ကြောင့် ၎င်း၏ရှေ့မှ လှည်းကူးမြို့ နယ်နေ ယာဉ်မောင်း ကိုသန်းထိုက်စိုး (၃၂)နှစ်မောင်းနှင်နေသော ၈က/--- အေရိုးလက်ယာဉ်အား ထပ်မံတိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးပျက်စီးခဲ့သည့်အပြင် 1H----ယာဉ်ပေါ်ပါ စောအယ်သဒါး (၃၈)နှစ်မှာ နားသွေးထွက်၊ ရင်ဘတ်၊ ဦးခေါင်းနောက်စေ့နှင့် ၀ဲတံတောင်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌သေဆုံး သွားခဲ့ပြီး ၎င်းယာဉ်ပေါ်ပါ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် လှည်းကူးဆေးရုံတို့၌ အတွင်း/ အပြင်လူနာ(မစိုးရိမ်ရ)များအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ၄စ/----ယာဉ်မောင်း ကိုအောင်အောင်ဝင်း အား လှည်းကူးမြို့မ ရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
=================================================

လိုက်ထရပ်ယာဉ်မှ လမ်းဘေးတွင်ရပ်ထားသောယာဉ်အား တိုက်မိသဖြင့် (၄)ဦးဒဏ်ရာရ




ရန်ကုန်၊ဇန်န၀ါရီ ၁၇

၁၇.၁.၂၀၁၅ ရက်နေ့ ၀၁၀၀ အချိန်တွင် ဒေါပုံမြို့နယ်၊ ယမုံနာလမ်းအတိုင်း ဒေါပုံဘက်မှ သာကေတ ဘက်သို့ သန်လျင်မြို့နယ်နေ ယာဉ်မောင်း ရုပ်ဆိုး (ခ)ကိုရန်နိုင်ထွေး(၂၄)နှစ်မောင်းနှင်လာသော 8K---လိုက်ထရပ်ကိုယ်ပိုင် ယာဉ်သည် ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှေ့အရောက် လမ်းဘေးတွင် ရပ်ထားသော 9D---Howo Sino Truck အငှားယာဉ်အား နောက်မှဝင်ရောက် တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့ပြီး 8K---ယာဉ်မောင်း ရုပ်ဆိုး(ခ)ကိုရန်နိုင်ထွေးတွင် နဖူးစုတ်ပြဲ၊ ယာလက်ဖျံပွန်းစုတ်ဒဏ်ရာများရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(သတိမရ၊ စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးတို့တွင် ဖူးရောင်၊ နာကျင်၊ စုတ်ပြဲဒဏ်ရာ များရရှိကာ ရန်ကုန်ဆေးရုံကြီး၌ပင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်လည်းကောင်း တင်ပို့ကုသခဲ့ရ ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရုပ်ဆိုး(ခ)ကိုရန်နိုင်ထွေးအား ဒေါပုံမြို့မ ရဲစခန်း ယာဉ်(ပ) ၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment