Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ကိုလိုနီလက်ထက် ရန်ကုန်ရပ်ကွက်အချို့၏ နာမည်များ

ရန်ကုန်ရဲ့နာမည်ကြီးလမ်း တော်တော်များများဟာ ကိုလိုနီလက်ထက်က တခြားနာမည်တွေ ရှိခဲ့ကြဖူးပါတယ်။ ဥပမာ ရှမ်းလမ်း(စမ်းချောင်းဗဟိုလမ်း) ကို ဖိုက်ခ်ျလမ်း၊ မြန်မာ့ဂုဏ်ရောင်လမ်းကို ဂျိုးဇက်လမ်း စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေဟာလည်း ဒီလိုမျိုးနာမည်ဟောင်းတွေ ရှိခဲ့ကြဖူးပါတယ်။ ရပ်ကွက်အချို့ရဲ့ ကိုလိုနီလက်ထက် နာမည်ဟောင်းတွေကို လက်လှမ်းမီသလောက် ဖော်ပြပေးလိုက် ပါတယ်။

ကိုလိုနီ – ယခု

ယောက်လမ်းအရပ် – ယောမင်းကြီးရပ်ကွက်
ချင်းချောင်းဟုမ်းလမ်းအရပ် – ပန်းလှိုင်ရပ်ကွက်
ဘော်ဂါအရပ် – ဘောဂရပ်ကွက်
ဝှိုက်တောအရပ် – သီတာရပ်ကွက်
ဘီပီအိုင်အရပ် – ဗိုလ်ရန်ပြေရပ်ကွက်
ဂျမား (၁) အရပ် – ဗိုလ်ချို (၁) ရပ်ကွက်
ဂျမား (၂) အရပ် – ဗိုလ်ချို(၂) ရပ်ကွက်
အဇစ်ခြံအရပ် – ဆရာစံရပ်ကွက်
ဂွတ္တလစ်(တောင်)အရပ် – ဆရာစံ(တောင်)ရပ်ကွက်
ဂွတ္တလစ်(အရှေ့၊မြောက်)အရပ် – ဆရာစံ(အရှေ့၊မြောက်) ရပ်ကွက်
ဂွတ္တလစ်(မြောက်၊အနောက်)အရပ် – ဆရာစံ(မြောက်၊အနောက်)ရပ်ကွက်
ဆူပါပင်အရှေ့အရပ် – စောရန်ပိုင်အရှေ့ရပ်ကွက်
ဆူပါပင်အနောက်အရပ် – စောရန်ပိုင်အနောက်ရပ်ကွက်
ဆူပါပင် တောင်အရပ် – စောရန်ပိုင်တောင်ရပ်ကွက်
ဆူပါပင် မြောက်အရပ် – စောရန်ပိုင်မြောက်ရပ်ကွက်
စက်ဆန်းနာနာဘိုင်အရပ် – ယမုံနာ(၂)ရပ်ကွက်
ခြေလိမ်အရပ် – ယမုံနာ(၁)ရပ်ကွက်
အီတာလျှံအရပ် – ဗိုလ်ထွန်းဇံရပ်ကွက်
လွိုင်တုံဘီအိုစီအရပ် – ဆမားဒူးဝါးရပ်ကွက်

Ref; Wekipedia, အိမ်ခြံမြေလမ်းညွှန်(ဇော်မြင့်ဦး), ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသမိုင်း

iMyanmarHouse

No comments:

Post a Comment