Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့နှင့် သမ္မတ၊ ကာချုပ်တို့ ယနေ့တွေ့ဆုံမည်

ဗိုလ်ရှုခံအခမ်းအ နားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်တို့ သည် နေပြည်တော်တွင် ယနေ့ သီးခြားတွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ် များသည် ယနေ့နံနက် ၉ နာရီ တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (၁) (MICC−1) ၌ တွေ့ဆုံမည် ဖြစ်သည်။ ထို့နောက်နေ့လယ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးဖဒို စောကွယ်ထူးဝင်းက ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကိုယ်စား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးက ဦးဆောင် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အစိုးရနဲ့ တွေ့နေတဲ့ NCCTအဖွဲ့ဝင်တွေလည်းပါတော့ လို လားချက်လည်းတူတယ်။ ဘုံ သဘောတူညီချက်လည်း တူတယ်ဆိုတော့ စုပေါင်းပြီးတော့ ကိုယ်စားလှယ်တစ်ဦး အနေနဲ့ KNU ဥက္ကဋ္ဌကိုတင်ပြဖို့ ရွေးလိုက်တာပါ’’ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှကပြောသည်။
ထို့အပြင်အချိန်ရလျှင် ရသ ကဲ့သို့ တက်ရောက်လာသော အဖွဲ့အစည်းများက မိမိတို့လိုလားသည့်အချက်များ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလှကပြောသည်။ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပသည့် ဗိုလ်ရှု့ခံ အခမ်းအနား၌ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကို ဇန်န၀ါရီ ၃ ရက်ညတွင် ဒုသမ္မတဒေါက်တာစိုင်း မောက်ခမ်းက ညစာတည်ခင်း ဧည့်ခံခဲ့ပြီး သမ္မတဦးသိန်းစိန်အ နေဖြင့် လာမည့် ပြည်ထောင်စု နေ့၌ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး လိုကြောင်း တိုင်းရင်းသားခေါင်း ဆောင်ကြီးများအား ပြောကြားခဲ့ သည်။
ဗိုလ်ရှုခံ အခမ်းအနားသို့ အင်အားကြီးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို အစိုးရ က ဖိတ်ကြားခဲ့ပြီး KIO၊ TNLA၊ KNPP နှင့် CNF အဖွဲ့တို့မတက် ရောက်ခဲ့ဘဲ ကျန် ၁၂ ဖွဲ့တက် ရောက်ခဲ့သည်။
7Day Daily

No comments:

Post a Comment