Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 27, 2015

ဆရာမ ဒေါက်တာအေးအေးသန့်….သို့


("ပင်‌စင်‌ယူ ကာနီး ကိုယ်‌ပိုင်‌အုပ်‌ချုပ်‌ခွင့်‌ရ COE တက္ကသိုလ်‌ကြီးရဲ့ ပါ‌မောက္ခချုပ်‌လုပ်‌မယ်‌။ ပင်‌စင်‌ယူပြီးရင်‌လဲ ‌ထိုင်‌ခုံတ‌နေရာစာ‌ပျောက်‌မသွား ရ‌အောင်‌ စီစဉ်‌မယ်‌ဆို တဲ့ ဉာဏ်‌နီ ဉာဏ်‌နက်‌ရယ်‌နဲ့ အမျိုးသားပညာ‌ရေးဥပ‌ဒေမူကြမ်းဆိုတဲ့ ပြဿနာထုတ်‌ကြီးကို အစဆွဲထုတ်‌လာတဲ့ ဟို ဂျာမနီပြန်‌ ဆရာကြီး ဘာများလုပ်‌‌နေပါလိမ့်‌။ က‌လေး‌တွေ‌ခြေ‌ထောက်‌‌တွေမှာ အရည်‌ကြည်‌ဖု‌တွေနဲ့ လမ်း‌တောင်‌‌ကောင်း‌ကောင်း မ‌လျှောက်‌နိုင်‌ကြ‌တော့ပါဘူး။ ညညအိပ်‌ရင်‌လဲ ခြင်‌‌ထောင်‌မပါ ‌စောင်‌မလုံ‌လောက်‌ ထမင်းကို လမ်း‌ဘေးမှာ ဖက်‌ခင်းစား‌နေကြရပါတယ်‌။ ဆရာကြီး ထမင်း ‌‌ကောင်း‌ကောင်းစားဝင်‌ပါရဲ့လား။ ညည အိပ်‌‌ပျော်‌ပါရဲ့လား သိချင်‌လှတယ်‌။ ဆရာကြီး စိတ်‌ချမ်းသာ ကိုယ်‌ကျန်းမာစွာဖြင့်‌ သမိုင်းတရားခံဘဝကို ပြုံး‌ပျော်‌ရွှင်‌စွာ ခံယူနိုင်‌ပါ‌စေ‌ကြောင်း ဆုမွန်‌‌ကောင်း‌တောင်း‌ပေး‌နေပါတယ်‌"

ကျမ - ‌ဒေါက်‌တာ‌အေး‌အေးသန့်‌ပါ။ ဆရာများသမဂ္ဂကပါ။)

ဒီနေ့မနက် Facebook ကိုဖွင့်လိုက်ချိန်မှာ ဆရာမရဲ့ ရင်ထုမနာစကားကို ဖတ်လိုက်ရတာ အတော်လေး စိတ် မကောင်းဖြစ်သွားတယ်။ ကျွန်တော်ပြောခဲ့ပါတယ်။ ပညာရေးဌာနကို သမိုင်းတရားခံတွေဖြစ်အောင် ပုံချနေတဲ့ ဇာတ်လမ်းကို အာဏာရူးတွေ ဝင်ပလူးနေပြီလို့။

ဟုတ်ပါတယ်ဆရာမ။ ကျောင်းသားတွေ အနာဂတ်ထက်၊ မြန်မာနိုင်ငံ ပညာရေး အနာဂတ်ထက် သူတို့ဘဝ ပျက်မှာ၊ ရာထူးကထွက်ရမှာကို ကြောက်နေကြတာပါ။

ကလေးတွေ အခု ဆန္ဒပြနေကြတာက ကျွန်ပညာရေးထက်ဆိုးတဲ့ လူတောမတိုးနိုင်အောင် လုပ်ထားတဲ့ ပညာရေးကိုပါ။ နိုင်ငံရေးကို ဆန္ဒပြနေတာမဟုတ်ဘူး။ သမ္မတကြီးကို နုတ်ထွက်ခိုင်းနေတာမဟုတ်ဘူး။ အသုံးမကျတဲ့ ပညာရေးဝန်ကြီးနဲ့ အပေါင်းအပါတွေရဲ့ မစေ့စပ်၊ မညှိနှိုင်း၊ မတိုင်ပင်၊ မဆွေးနွေးနိုင်ဘူးဆိုတဲ့ ပညာအာဏာရှင်စိတ်ဓာတ်ကို သပိတ်မှောက်နေကြတာပါ။

ဒါကို နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်အသွင်ဆောင်ထားဆဲ အစိုးရက ကောင်းကောင်းနားလည်တယ်။ အစိုးရ နားမလည်လည်း အစိုးရက သူတို့ဘေးနားမှာ နားလည်လွန်နေတဲ့ အကြံပေးတွေခန့်ပြီး စားပွဲဝိုင်းပေါ် ကနေ ကျားကွက်တွေရွှေ့နေတာဆိုတော့ ဘာကိုထိုးကျွေးလိုက်ရင်၊ သုံးကောင်လောက်ရိုက်ပြီး ကင်းဝင်သွား မယ်ဆိုတာ ကောင်းကောင်း သိနေတယ်။

တကယ်တော့ဗျာ ပညာရေးဌာနက ဆရာတွေရဲ့ အတွင်းစိတ်တွေက လူရိုးတွေပါ။ ဆရာမလည်း ကျောင်းဆရာ ဆိုတော့ ဒါကို ကောင်းကောင်းသိမှာပါ။ ဒါပေမဲ့ ဆရာမရယ် ကျွန်တော်တို့ ဆရာတွေကို အထက်ကို ဆွဲခေါ်ပြီးရင် သူတို့လို ကုလားထိုင်မြဲနည်းတွေ လေ့ကျင့်သင်ကြားပေးထားတာဆိုတော့ ကုလားထိုင်မှာ စူပါအာဏာကော်နဲ့ ကပ်ပေးထားတဲ့ သူတို့ဖင်တွေဟာ ဘယ်လိုမှ ကြွလို့မရတော့ပါဘူး။
http://www.searchmyanmar.com/click#content-46565


လေးစားလျက်ပါဆရာမ
တင်ညွန့်
Maukkha
၂၆.၁.၂၀၁၅

No comments:

Post a Comment