Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 24, 2015

မသိဖြစ်နေပါတယ်ဆိုတဲ့ နန်းခင်ဇေယျာ

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss နန်းခင်ဇေယျာဟာ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေတာမို့ ခုလက်ရှိ အနုပညာလှုပ်ရှားမှိုကို မေးကြည့်လိုက်တော့ သူမက လက်ရှိမှာ  ကောင်းပြည့်နဲ့အတူ ဒါရိုက်တာမိုးကြိုး  ရိုက်ကူးတဲ့ ချစ်လို့မိုက်တာ ဆိုတဲ့ကားလေး ရိုက်နေတယ်လို့ဆိုပါတယ်။ သူမရဲ့ ဇာတ်ကားရွေးချယ် ရိုက်ကူးမှု အပိုင်းကိုတော့ “နန်းခင် ဟာသလေးတွေများတယ်။ ဒါကတော့ လုပ်ရတာ ဟဲဗီး ပုံစံလေးတွေလဲ ပါတယ်။ မင်းသားဖက်ရော၊ ကိုယ့်ဖက်ရောပေါ့။ အဓိကကတော့ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကား တစ်ကားပြီးရင် အဲ့ဒီကားကို ပြန်ကြည့်တယ်။ အားတဲ့ချိန်မှာ ကိုယ့်ရှေ့က စီနီယာတွေရိုက်ထားတဲ့ ဗီဒီယိုလေးတွေ ပြန်ကြည့်ဖြစ်တယ်။ မင်းသား မင်းသမီးတွေက ဘယ်လို သရုပ်ဆောင်တယ်။ အိုက်တင် အမူအရာကအစ အားလုံးကို လိုက်လေ့လာတယ်။ အရင်ကဆို ပထမတစ်ကား နှစ်ကား စရိုက်တုန်းကဆို ကိုယ်ဘာလိုတယ် ဘာပိုတယ်ဆိုတာ မသိဘူး။ အများကြီးပဲ။ ခုနောက်ပိုင်း လေ့လာမှုကြောင့် ဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ပိုသိလာတယ်။ နန်းခင် စရိုက်တုန်းကဆို ကင်မရာနဲ့လဲစိမ်းတယ်။ ဒီလောကထဲက လူတွေနဲ့လဲစိမ်းတော့ နဲနဲရှိန်ပြီး သရုပ်ဆောင်တဲ့ခါ ထိန်းချုပ်တာမျိုးတွေ ရှိတယ်။ ခုနောက်ပိုင်းတော့ အဲ့လိုမလုပ်ဖြစ်တော့ဘူး။ ရိုက်ထားတဲ့ကားတွေလဲ များလာတော့ နဲနဲလေး အဆင်ပြေလာတယ်။ ဇာတ်ရုပ်တစ်ခုကို mood ပြီး အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ပါတယ်”လို့ သူမက ဆိုပါတယ်။
လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး သူမပြောပြသွားတာကတော့ “ဒီအတိုင်း တစ်ယောက်တည်းပါပဲ။ နန်းခင် စဉ်းစားထားတာ မရှိဘူး။ အဓိကကတော့ ရင်ထဲက လာရမယ်။ နန်းခင်ကို နားလည်ပေးရမယ်။ မိန်းကလေးတစ်ယောက်အတွက် တန်ဖိုးထားပေးရမယ်။ ချစ်သူများနေ့မှာတော့ ဘာအစီအစဉ်မှ မရှိပါဘူး ။ ကားရိုက်နဲ့ပဲဖြတ်သန်းဖြစ်မှာပါ။ အရင်နှစ်တွေတုန်းကတော့ ပရိသတ်တွေဆီက လက်ဆောင် ရတာမျိုးတွေ ရှိတယ်။ ချစ်သူများနေ့ကျော်မှ ပစ္စည်းက ရောက်လာတာမျိုးတွေလဲ ရှိတယ်။ ဒီနှစ်ကတော့ ရနိုင်လား မရနိုင်ဘူးလား မသိသေးပါဘူး။ အဲ့နေ့က နန်းခင်တွက်တော့ ထူးထူးဆန်းဆန်း မဟုတ်ဘူး။ ဒါပေမဲ့ ချစ်သူရှိတဲ့သူတွေ ၊ တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ပေးကြတဲ့ သူတွေအတွက်ကတော့ ဒါရင်ခုန်စရာ အကောင်းဆုံးနေ့ပေါ့၊ ကိုယ့်ရည်းစားဘာပေးမလဲ။ ကိုယ်ရော ဘာပေးရင်ကောင်းမလဲတွေးပြီး ပျော်ရွှင်စရာ ကောင်းပါတယ်။ အခုကိုယ်က ဘယ်သူ့ကို သွားပေးရမှန်းမသိဘူး။ ပေးစရာလူလဲမရှိပါဘူး”တဲ့။
http://www.trend.com.mm/2015/01/22/yollywood-5568

No comments:

Post a Comment