Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

စိတ်လှုပ်ရှားလွန်ပြီး စင်ပေါ်မှာ သီချင်းဆိုနေတုန်း စာသားတွေ မေ့သွားလို့ ရောချခဲ့ရဖူးတဲ့ ကောင်းပြည့်

အချစ် အနုအရွ အလှ ဇာတ်ကားတွေကိုသာ လက်ခံရိုက်ကူးလေ့ရှိတဲ့ ကောင်းပြည့်က လက်ရှိမှာ Love ဆိုတဲ့ ဇာတ်ကားလေးမှာ ငွေမှုန်ရတီနဲ့ အတူ တွဲဖက်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကားရိုက်နဲ့ သရုပ်ဆောင်ပညာအပိုင်းကို သူပြောပြပေးသွားတာက “ဒီကားပြီးရင်လဲ ဇာတ်ကားတွေ ကတော့ ပုံမှန်ပဲ ဆက်တိုက်ရိုက်ဖို့ရှိတယ်။ ကားရိုက်ပိုင်းနဲ့ပတ်သတ်ပြီးကတော့ ကျွန်တော်နဲ့ လိုက်တဲ့ လူငယ်ဖန်စီ ကားလေးတွေ၊ အချစ်ကားလေးတွေ၊ အရိုက်များတဲ့တွက် အရမ်းကို ဟဲဗီးဖြစ်တဲ့ ဒရာမာကားကြီးတွေ လာကမ်းလှမ်းတာ ခုချိန်မှာတော့ နည်းနေသေးတယ်။ ခုချိန်မှာ ကျွန်တော် ကိုယ်တိုင်ကလဲ လူငယ်ကာရိုက်တာတွေ ၊ ကျောင်းကားတွေ အရိုက်များလို့ထင်ပါတယ်။ အိမ်ထောင်သည် ဇာတ်ရုပ်လဲ နည်းတယ်။ ဒရာမာ မိသားစုဇာတ်လဲနည်းတယ်။ အချစ်ကိုပဲ မျိုးစုံ ရိုက်နေရတယ်။ တခြားအနုပညာနဲ့ပတ်သတ်ရင် ကျွန်တော်ကြော်ငြာလေးတွေ ကားရိုက်နားတဲ့ အချိန်ဆို လက်ခံဖြစ်တယ်။”လို့ သိရပါတယ်။
ဒါ့အပြင် ကားရိုက်အားတဲ့အခါ နယ်ဖက်မှာ သီချင်းသွားဆိုသေးတဲ့ အကြောင်းကိုလည်း သူက “သီချင်းဆိုရတာကိုလဲ ကျွန်တော်တော်တော်လေး ခုံမင်တယ်။ ၀ါသနာလဲပါတယ်။ အဲ့ဒီတွက် နယ်ပရိသတ်တွေရဲ့တောင်းဆိုမှုအရ ကျွန်တော် ကားရိုက်အားတဲ့ အခါမျိုးတွေမှာ နယ်တွေဆင်းပြီး သီချင်းလိုက်ဆိုဖြစ်တယ်။ ပရိသတ်ရဲ့အားပေးမှုကို လေ့လာတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံတယ်။ အစကဆို ကျွန်တော်သီချင်းဆိုရတာ စင်ပေါ်မှာမရဲဘူး။ လူတွေ အများကြီးရှေ့မှာသာ သရုပ်ဆောင်ရဲတာ။ အစပိုင်းသွားဆိုတုန်းကဆို ပရိသတ်တွေက အရမ်းအားပေးတော ပျော်တာရော၊ စိတ်လှုပ်ရှားတာရော ရောပြီး သီချင်းစာသားတွေမေ့သွားလို့ ရောချလိုက်ရတာမျိုးတွေလဲ ရှိတယ်။ အဲ့လိုလေးတွေပေါ့။  နယ်က ပရိသတ်က ရန်ကုန်ကလို အထာသိပ်မကိုင်ဘူး။ သူတို့ရင်ထဲမှာ ရှိတဲ့အရှိကို အရှိတိုင်း ဆက်ဆံတဲ့တွက် စိတ်ချမ်းသာရတယ်။ ပျော်ရွှင်ရတယ်။ အဲ့ဒါကြောင့် ရှုတင်အားတိုင်း နယ်ဆင်းပြီးသီချင်းဆိုဖြစ်ပါတယ်”တဲ့။
http://www.trend.com.mm/2015/01/13/yollywood-5470

No comments:

Post a Comment