Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

၂၀၁၄ ခုႏွစ္၏ အေကာင္းဆံုး ဇတ္ကား (၁၀) ကား



ကိုပိုင္
The Grand Budapest  Hotel
                ဒီဇာတ္ကားကို ဒီႏွစ္ရဲ႕ အေကာင္းဆုံး ဇာတ္ကားအျဖစ္ ေရြးခ်ယ္ရသလဲ ဆိုတာ အေၾကာင္း ျပခ်က္မ်ဳိးစုံ ရိွပါတယ္။ ဒါ႐ုိက္တာ ၀က္စ္အန္ဒါဆင္ရဲ႕ ျပဇာတ္ဆန္တဲ့ တင္ဆက္မႈေၾကာင့္လား၊ ဒါမွမဟုတ္ ၿဗိတိန္ မင္းသားႀကီး ေရးဖုိင္းရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေၾကာင့္လား ဒါမွမဟုတ္ သည္းထိတ္ရင္ဖို၊ အခ်စ္၊ ဟာသနဲ႔ ဒရာမာ အမယ္မ်ဳိးစုံ ပါ၀င္တဲ့ အတြက္ေၾကာင့္လား။ ဘာေၾကာင့္ ျဖစ္ျဖစ္ ဒီဇာတ္ကားဟာ ၾကည့္႐ႈဖို႔သင့္တဲ့ (ၾကည့္ၿပီးရင္လည္း ေနာက္တစ္ႀကိမ္ ျပန္ၾကည့္သင့္တဲ့) ဇာတ္ကား ျဖစ္ပါတယ္။ မင္းသားႀကီးေရးဖိုင္း အျပင္ မင္းသား အာဒရီယန္ ဘေရာ္ဒီ၊ တီဒါဆြင္တန္၊ ၀ါဆီေကာစကားတုိ႔ ပါ၀င္ထားတဲ့ ဒီဇာတ္ကားဟာ အေမြ အ႐ႈပ္ေတာ္ပုံ တစ္ခုကို ျပဇာတ္ဆန္ဆန္ ႐ိုက္ကူးထားတာ ျဖစ္ၿပီး ျပဇာတ္အျဖစ္ ၾကည့္ရႈရမယ္ ဆိုရင္လည္း ႏွစ္သက္မိမယ့္ ဇာတ္ကား ျဖစ္ပါတယ္။
Boyhood
                ဒီဇာတ္ကား ကေတာ့ ကေလး တစ္ေယာက္ အေၾကာင္းကို အေသးစိတ္ ႐ိုက္ကူး တင္ဆက္ ထားတာ ျဖစ္ၿပီး ဒါ႐ိုက္တာ ရစ္ခ်တ္လင္ ကလက္တာရဲ႕ ကာလ ၾကာရွည္ ႀကိဳးစား အားထုတ္မႈ တစ္ခု ျဖစ္ပါတယ္။ သူဟာ ဒီဇာတ္ကားကို ဇာတ္ကားရဲ႕ အဓိက သ႐ုပ္ေဆာင္ အယ္လာေကာ္ထရိန္း ပထမတန္း ေက်ာင္းသား အရြယ္မွာ ဇာတ္ကား ႐ိုက္ကူးမႈေတြကို စတင္ခဲ့တာ ျဖစ္ၿပီး ေနာက္လာတဲ့ ေႏြဦးတိုင္းမွာ ဇာတ္ကားရဲ႕ က်န္ရိွတဲ့ အစိတ္အပိုင္းေတြကို မိသားစု ၀င္ေတြနဲ႔ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။
                အယ္လာ ေကာ္ထရိန္းရဲ႕ မိခင္အျဖစ္ ပက္ထရစ္ရွာ အာကတ္၊ ဖခင္အျဖစ္ အီသန္ေဟာ႔ခ္၊ အစ္မအျဖစ္ ေလာ္ရီလိုင္တို႔က သ႐ုပ္ေဆာင္ ထားၾကပါ တယ္။ ဒီဇာတ္ကားဟာ ေဒၚကူမန္ထရီ ဇာတ္ကား ျဖစ္သလို ဒရာမာ ဇာတ္ကားေကာင္း တစ္ကားလည္း ျဖစ္ပါတယ္။ ဒီလို ဇာတ္ကားမ်ဳိး ေနာက္တစ္ခါလာဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။
The Lego  Movie
                ၿပီးခဲ့တဲ့ႏွစ္မွာ အင္န္နီေမးရွင္း ဇာတ္ကား အမ်ားအျပား ထြက္ရိွခဲ့ပါတယ္။ အဲဒီ ထြက္ရိွခဲ့တဲ့ အင္န္နီေမးရွင္း ဇာတ္ကားေတြထဲက ဒီဇာတ္ကားကို ဘာေၾကာင့္ ေရြးခ်ယ္ ထားသလဲ ဆိုေတာ႔ ဒီဇာတ္ကားဟာ အျခား အင္န္နီေမးရွင္း ဇာတ္ကားေတြနဲ႔ မတူဘဲ လူသားေတြ သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြ (ဇာတ္ကားထဲက အင္န္နီေမးရွင္း ဇာတ္ေကာင္ေတြကို) ၾကည့္႐ႈရတာ လူသားေတြကို ၾကည့္႐ႈရသလို ခံစား ေစရပါတယ္။  အဲဒီအတြက္ ပူးတြဲ ဖန္တီး ေရးသားထားတဲ့ ဖီလ္ေလာ႔ဒ္နဲ႔ ခရစၥတိုဖာ ေမလာတို႔ကို ေက်းဇူးတင္ရမွာ ျဖစ္သလို သ႐ုပ္ေဆာင္ (အသံ) တစ္ဦးျဖစ္တဲ့ ခရစ္ပရတ္ကိုလည္း ေက်းဇူးတင္ရမွာ ျဖစ္ပါတယ္။ သူဟာ ဒီဇာတ္ကားကို အင္န္နီေမးရွင္း ဇာတ္ကားနဲ႔ မတူညီေစခဲ့ပါဘူး။
Lucy
                ဘီတဲလ္ အဖြဲ႕ရဲ႕လူစီသီခ်င္းဟာ နားေထာင္ေကာင္းတဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။ အဲဒီလိုပဲ အေနာက္တိုင္းက ကဗ်ာေတြ၊ ၀တၳဳေတြ၊ အေရးအသား ေတြမွာလည္း လူစီဟာ လွပတဲ့ ဇာတ္႐ုပ္အျဖစ္ ပါ၀င္ အသုံးေတာ္ခံေလ့ ရိွပါတယ္။ ဒါေပမဲ့ လူစီကို စူပါဟီး႐ိုး တစ္ေယာက္ အျဖစ္ ျမင္ေတြ႕ရမယ္လို႔ ဘယ္သူမွ ေမွ်ာ္လင့္ထားမွာ မဟုတ္ပါဘူး။
                ျပင္သစ္ ဒါ႐ုိက္တာ လတ္ဘတ္ဆြန္က လူစီကို စူပါဟီး႐ိုးအျဖစ္ အသြင္ေျပာင္းလိုက္တဲ့ အခါမွာ ႐ုပ္ရွင္ၾကည့္ ပရိသတ္ေတြ လာမယ့္ ႏွစ္ေတြမွာ နာမည္ေက်ာ္ မင္းသမီးေတြကို စူပါဟီး႐ိုး ဇာတ္႐ုပ္ေတြနဲ႔ ၾကည့္႐ႈရေတာ႔မွာ ျဖစ္ပါတယ္။ ဒါဟာ အမ်ဳိးသမီးေတြကို ေနရာေပးတာ ျဖစ္သလို (အနည္းဆုံးေတာ႔ ဇာတ္ကားထဲမွာ) သူတုိ႔ကို ခိုင္းစားမယ့္ အစီအစဥ္လည္း ျဖစ္ပါတယ္။
                အခုဆိုရင္ မာဗယ္ ေကာမစ္ကလည္း သူတုိ႔ရဲ႕ စူပါဟီး႐ိုး (Thor) ကို အမ်ဳိးသမီး အျဖစ္ အသြင္ေျပာင္းဖို႔ စဥ္းစား ေနတယ္လို႔ အသံ လႊင့္ထားပါတယ္။ ျပင္သစ္ ဒါ႐ိုက္တာ လတ္ဘတ္ဆြန္ဟာ သူ႔ဇာတ္ကားေတြမွာ (အထူးသျဖင့္ သူ႔ရဲ႕ အက္ရွင္ ဇာတ္ကားေတြမွာ) အမ်ဳိးသမီးေတြကို အဓိက ဇာတ္ေကာင္ အျဖစ္ ထားၿပီး ႐ိုက္ကူးေလ့ ရိွပါတယ္။
Fury
               ဒီဇာတ္ကားဟာ ဒုတိယ ကမၻာစစ္ကို ျပန္လည္ လြမ္းဆြတ္ထားတဲ့ ဇာတ္ကား ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ မင္းသား ဘရက္ပစ္က သူ႔အေနနဲ႔ တစ္ႏွစ္မွာ ဇာတ္ကား တစ္ကား ထြက္ရိွရင္ သူ႔ေနရာ တည္ၿမဲဖို႔ လုံေလာက္တယ္လို႔လည္း ဒီဇာတ္ကားနဲ႔ ဆိုထား ပါေသးတယ္။ ဒုတိယ ကမၻာစစ္အၿပီးမွာ ဂ်ာမန္ နယ္ထဲမွာ လက္စသတ္ တိုက္ပြဲေတြ ဆင္ႏႊဲေနတဲ့ အေမရိကန္ တင့္ကားတပ္ တစ္ခုဆီကို မ်က္ႏွာသစ္ လူငယ္ေလး တစ္ေယာက္ ေရာက္လာပုံနဲ႔ အစ ခ်ီထားတဲ့ ဒီဇာတ္ကားဟာ ႐ုပ္ရွင္ဆန္တာထက္ ကြန္ပ်ဴတာဂိမ္း ပိုဆန္ပါတယ္။
               ဂ်ာမန္ေတြကို တင့္ကားထဲကေန ပစ္ခတ္တာေတြကို ၾကည့္ရတာဟာ ကိုယ္ ကုိယ္တိုင္ ဂိမ္း ကစားသလို ခံစား ေစရပါတယ္။ ဒီဇာတ္ကားဟာ စစ္ျဖစ္တဲ့အခါ၊ လူေတြဆင္းရဲ က်ပ္တည္းၾကတဲ့ အခါေတြမွာ လူေတြ အခ်စ္စိတ္ႏိုးၾကားပုံ၊ လိင္စိတ္ႂကြ ပုံေတြကိုလည္း တင္ျပ ထားပါေသးတယ္။ အေမရိကန္ တပ္သားေလးဟာ ရန္သူ႔ေျမမွာ ေကာင္မေလး တစ္ေယာက္နဲ႔ ေတြ႕ေတြ႕ခ်င္း ခ်စ္ပြဲ၀င္ခဲ့ရ ပါတယ္။ (ေနာက္ သိပ္မၾကာခင္မွာ ဗုံးက်ၿပီး အဲဒီ ေကာင္မေလး ေသဆုံး သြားခဲ့ပါတယ္။)
Nightcrawler
                 ဒီဇာတ္ကားဟာ မီဒီယာေလာက ေနာက္ခံ ဇာတ္ကား ျဖစ္ေပမယ့္ ျမင္ေတြ႕ေနက် မီဒီယာေလာက ေနာက္ခံ ဇာတ္ကား မ်ဳိးေတာ့ မဟုတ္ပါဘူး။ မင္းသား ဂ်ိတ္ဂ်ီလင္ဟားက ဖရီးလင့္န္ ကင္မရာ သတင္းေထာက္ အျဖစ္ သ႐ုပ္ေဆာင္ ထားပါတယ္။ သူဟာ ညဘက္ေတြမွာ အၾကမ္းဖက္ တိုက္ခိုက္ ခံရတာေတြ၊ အိမ္ေတြ ေဖာက္ထြင္း တိုက္ခိုက္ ခံရတာေတြ၊ အမ်ဳိးသမီးေတြ ရန္ရွာ ခံရတာေတြကို လိုက္လံ ႐ိုက္ကူး မွတ္တမ္းတင္တဲ့ ကင္မရာ သတင္းေထာက္ ျဖစ္ပါတယ္။
               ဒါ႐ိုက္တာ ဒန္ဂယ္႐ြိဳင္း ကိုယ္တိုင္ေရး ကိုယ္တိုင္ ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားဟာ သင္သိထားတဲ့ မီဒီယာ ေလာကဟာ သင္ထားသလို မဟုတ္ဘူး ဆိုတာကို သင့္ကို အထိုက္အေလ်ာက္ နားလည္ေစမွာ ျဖစ္ပါတယ္။ မင္းသား ဂ်ိတ္ဂ်ီလင္ဟားဟာ သူ႔ရဲ႕ တိက် သပ္ရပ္တဲ့ သ႐ုပ္ေဆာင္မႈကို ထပ္မံ တင္ဆက္ ေပးထားပါတယ္။
The  Lunch Box
               ေဟာလီး၀ုဒ္ ဇာတ္ကားေတြဟာ သင့္ကို ၿငီးေငြ႔ေစသလား။ ဒါဆိုရင္ သင့္အတြက္ ေရြးခ်ယ္စရာ အိႏိၵယ ဇာတ္ကားေကာင္း တစ္ကား ရိွပါတယ္။ အဲဒီဇာတ္ကား ကေတာ့ “The Lunch Box” ဆိုတဲ့ ဇာတ္ကားပဲ ျဖစ္ပါ တယ္။ ဇာတ္အိမ္ဟာ ထူးထူးျခားျခား မဟုတ္လွေပမယ့္ တင္ဆက္ပုံနဲ႔ သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္ မႈေတြေၾကာင့္ ဒီဇာတ္ကားဟာ ၂၀၁၄ ခုႏွစ္ရဲ႕ အေကာင္းဆုံး ဇာတ္ကား တစ္ကား ျဖစ္ခဲ့သလို ေဘာလီး၀ုဒ္ အေရြ႕အတြက္လည္း ႀကီးမားတဲ့ တြန္းအား တစ္ခု ျဖစ္ခဲ့ပါတယ္။
              ဒီဇာတ္ကားရဲ႕ေက်းဇူးေၾကာင့္၊ ဒီဇာတ္ကားရဲ႕အရိွန္နဲ႔ လာမယ့္ ႏွစ္ေတြမွာ ေဘာလီး၀ုဒ္က ဒရာမာကား ေကာင္းေကာင္းေတြကို ႐ုပ္ရွင္ ခ်စ္သူေတြကို ၾကည့္ရရဖြယ္ ရိွေနပါတယ္။
Equalizer
                ဒီဇာတ္ကားဟာ လူမည္း မင္းသားႀကီး ဒန္ဇယ္၀ါရွင္တန္ရဲ႕ ဇာတ္ကားသစ္ ျဖစ္သလို အေမရိကန္ ေထာက္လွမ္းေရး ေအးဂ်င့္ေဟာင္း၊ လုံၿခံဳေရး အရာရိွေဟာင္းေတြကို ဂုဏ္ျပဳ ႐ိုက္ကူးတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္ ကုန္ပေဒသာဆိုင္ ေ၀ါလ္မတ္ကို ေၾကာ္ျငာ ထိုးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ အၿငိမ္းစား အရာရိွေဟာင္း ဒန္ဇယ္ ၀ါရွင္တန္ဟာ ေ၀ၚလ္မတ္မွာ အလုပ္လုပ္ရင္း ညဘက္ ေကာ္ဖီဆိုင္မွာ လိင္အလုပ္သမေလး တစ္ေယာက္နဲ႔ ခင္မင္မိပါတယ္။
               အဲဒီကေန သူဟာ ႐ုရွားမာဖီးယား ဂိုဏ္းတစ္ခုနဲ႔ ရင္ဆိုင္ရတဲ့ အထိ ျဖစ္သြားရပါတယ္။ မင္းသားႀကီး ေမာ္စကို အထိ လိုက္သြားၿပီး လက္စြမ္းျပတာ ကေတာ့ ဒီဇာတ္ကားရဲ႕ စိတ္ပ်က္စရာ ေကာင္းတဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္ပါတယ္။
A Most Wanted Man
                အၾကမ္းဖက္ ၀ါဒ တိုက္ဖ်က္ေရး ဇာတ္ကားေတြထဲမွာ ဒီဇာတ္ကားဟာ အေကာင္းဆုံး ဇာတ္ကားလို႔ ဆိုႏုိင္ပါတယ္။ ေနာက္ၿပီးေတာ့ ဒီဇာတ္ကားဟာ ကြယ္လြန္သူ မင္းသား ဖိလစ္ေဆးမႊာ ေဟာ႔မန္းရဲ႕ ေနာက္ဆုံး ဇာတ္ကားေတြထဲက တစ္ကားလည္း ျဖစ္ပါတယ္။  ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလမွာ မူးယစ္ေဆး၀ါး အလြန္အကၽြံ သုံးစြဲၿပီး ကြယ္လြန္ သြားခဲ့တဲ့ မင္းသား ဖိလစ္ေဆးမႊာ ေဟာ့မန္းရဲ႕ ဇာတ္ကားသစ္မွာ အၾကမ္းဖက္၀ါဒကို ဥေရာပမွာ ဘယ္လို ကိုင္တြယ္တယ္ ဆိုတာကို အထိုက္ အေလ်ာက္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
http://www.messengernewsjournal.com/entertainment/detail.php?id=29901 
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


ကိုပိုင်

The Grand Budapest  Hotel

                ဒီဇာတ်ကားကို ဒီနှစ်ရဲ့ အကောင်းဆုံး ဇာတ်ကားအဖြစ် ရွေးချယ်ရသလဲ ဆိုတာ အကြောင်း ပြချက်မျိုးစုံ ရှိပါတယ်။ ဒါရိုက်တာ ဝက်စ်အန်ဒါဆင်ရဲ့ ပြဇာတ်ဆန်တဲ့ တင်ဆက်မှုကြောင့်လား၊ ဒါမှမဟုတ် ဗြိတိန် မင်းသားကြီး ရေးဖိုင်းရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့်လား ဒါမှမဟုတ် သည်းထိတ်ရင်ဖို၊ အချစ်၊ ဟာသနဲ့ ဒရာမာ အမယ်မျိုးစုံ ပါဝင်တဲ့ အတွက်ကြောင့်လား။ ဘာကြောင့် ဖြစ်ဖြစ် ဒီဇာတ်ကားဟာ ကြည့်ရှုဖို့သင့်တဲ့ (ကြည့်ပြီးရင်လည်း နောက်တစ်ကြိမ် ပြန်ကြည့်သင့်တဲ့) ဇာတ်ကား ဖြစ်ပါတယ်။ မင်းသားကြီးရေးဖိုင်း အပြင် မင်းသား အာဒရီယန် ဘရော်ဒီ၊ တီဒါဆွင်တန်၊ ဝါဆီကောစကားတို့ ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ အမွေ အရှုပ်တော်ပုံ တစ်ခုကို ပြဇာတ်ဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပြီး ပြဇာတ်အဖြစ် ကြည့်ရှုရမယ် ဆိုရင်လည်း နှစ်သက်မိမယ့် ဇာတ်ကား ဖြစ်ပါတယ်။

Boyhood

                ဒီဇာတ်ကား ကတော့ ကလေး တစ်ယောက် အကြောင်းကို အသေးစိတ် ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပြီး ဒါရိုက်တာ ရစ်ချတ်လင် ကလက်တာရဲ့ ကာလ ကြာရှည် ကြိုးစား အားထုတ်မှု တစ်ခု ဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားကို ဇာတ်ကားရဲ့ အဓိက သရုပ်ဆောင် အယ်လာကော်ထရိန်း ပထမတန်း ကျောင်းသား အရွယ်မှာ ဇာတ်ကား ရိုက်ကူးမှုတွေကို စတင်ခဲ့တာ ဖြစ်ပြီး နောက်လာတဲ့ နွေဦးတိုင်းမှာ ဇာတ်ကားရဲ့ ကျန်ရှိတဲ့ အစိတ်အပိုင်းတွေကို မိသားစု ဝင်တွေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

                အယ်လာ ကော်ထရိန်းရဲ့ မိခင်အဖြစ် ပက်ထရစ်ရှာ အာကတ်၊ ဖခင်အဖြစ် အီသန်ဟော့ခ်၊ အစ်မအဖြစ် လော်ရီလိုင်တို့က သရုပ်ဆောင် ထားကြပါ တယ်။ ဒီဇာတ်ကားဟာ ဒေါ်ကူမန်ထရီ ဇာတ်ကား ဖြစ်သလို ဒရာမာ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။ ဒီလို ဇာတ်ကားမျိုး နောက်တစ်ခါလာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

The Lego  Movie

                ပြီးခဲ့တဲ့နှစ်မှာ အင်န်နီမေးရှင်း ဇာတ်ကား အများအပြား ထွက်ရှိခဲ့ပါတယ်။ အဲဒီ ထွက်ရှိခဲ့တဲ့ အင်န်နီမေးရှင်း ဇာတ်ကားတွေထဲက ဒီဇာတ်ကားကို ဘာကြောင့် ရွေးချယ် ထားသလဲ ဆိုတော့ ဒီဇာတ်ကားဟာ အခြား အင်န်နီမေးရှင်း ဇာတ်ကားတွေနဲ့ မတူဘဲ လူသားတွေ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ (ဇာတ်ကားထဲက အင်န်နီမေးရှင်း ဇာတ်ကောင်တွေကို) ကြည့်ရှုရတာ လူသားတွေကို ကြည့်ရှုရသလို ခံစား စေရပါတယ်။  အဲဒီအတွက် ပူးတွဲ ဖန်တီး ရေးသားထားတဲ့ ဖီလ်လော့ဒ်နဲ့ ခရစ္စတိုဖာ မေလာတို့ကို ကျေးဇူးတင်ရမှာ ဖြစ်သလို သရုပ်ဆောင် (အသံ) တစ်ဦးဖြစ်တဲ့ ခရစ်ပရတ်ကိုလည်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားကို အင်န်နီမေးရှင်း ဇာတ်ကားနဲ့ မတူညီစေခဲ့ပါဘူး။

Lucy

                ဘီတဲလ် အဖွဲ့ရဲ့လူစီသီချင်းဟာ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အဲဒီလိုပဲ အနောက်တိုင်းက ကဗျာတွေ၊ ဝတ္ထုတွေ၊ အရေးအသား တွေမှာလည်း လူစီဟာ လှပတဲ့ ဇာတ်ရုပ်အဖြစ် ပါဝင် အသုံးတော်ခံလေ့ ရှိပါတယ်။ ဒါပေမဲ့ လူစီကို စူပါဟီးရိုး တစ်ယောက် အဖြစ် မြင်တွေ့ရမယ်လို့ ဘယ်သူမှ မျော်လင့်ထားမှာ မဟုတ်ပါဘူး။

                ပြင်သစ် ဒါရိုက်တာ လတ်ဘတ်ဆွန်က လူစီကို စူပါဟီးရိုးအဖြစ် အသွင်ပြောင်းလိုက်တဲ့ အခါမှာ ရုပ်ရှင်ကြည့် ပရိသတ်တွေ လာမယ့် နှစ်တွေမှာ နာမည်ကျော် မင်းသမီးတွေကို စူပါဟီးရိုး ဇာတ်ရုပ်တွေနဲ့ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေကို နေရာပေးတာ ဖြစ်သလို (အနည်းဆုံးတော့ ဇာတ်ကားထဲမှာ) သူတို့ကို ခိုင်းစားမယ့် အစီအစဥ်လည်း ဖြစ်ပါတယ်။

                အခုဆိုရင် မာဗယ် ကောမစ်ကလည်း သူတို့ရဲ့ စူပါဟီးရိုး (Thor) ကို အမျိုးသမီး အဖြစ် အသွင်ပြောင်းဖို့ စဥ်းစား နေတယ်လို့ အသံ လှင့်ထားပါတယ်။ ပြင်သစ် ဒါရိုက်တာ လတ်ဘတ်ဆွန်ဟာ သူ့ဇာတ်ကားတွေမှာ (အထူးသဖြင့် သူ့ရဲ့ အက်ရှင် ဇာတ်ကားတွေမှာ) အမျိုးသမီးတွေကို အဓိက ဇာတ်ကောင် အဖြစ် ထားပြီး ရိုက်ကူးလေ့ ရှိပါတယ်။

Fury

               ဒီဇာတ်ကားဟာ ဒုတိယ ကမ္ဘာစစ်ကို ပြန်လည် လွမ်းဆွတ်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မင်းသား ဘရက်ပစ်က သူ့အနေနဲ့ တစ်နှစ်မှာ ဇာတ်ကား တစ်ကား ထွက်ရှိရင် သူ့နေရာ တည်မြဲဖို့ လုံလောက်တယ်လို့လည်း ဒီဇာတ်ကားနဲ့ ဆိုထား ပါသေးတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျာမန် နယ်ထဲမှာ လက်စသတ် တိုက်ပွဲတွေ ဆင်နှဲနေတဲ့ အမေရိကန် တင့်ကားတပ် တစ်ခုဆီကို မျက်နှာသစ် လူငယ်လေး တစ်ယောက် ရောက်လာပုံနဲ့ အစ ချီထားတဲ့ ဒီဇာတ်ကားဟာ ရုပ်ရှင်ဆန်တာထက် ကွန်ပျူတာဂိမ်း ပိုဆန်ပါတယ်။

               ဂျာမန်တွေကို တင့်ကားထဲကနေ ပစ်ခတ်တာတွေကို ကြည့်ရတာဟာ ကိုယ် ကိုယ်တိုင် ဂိမ်း ကစားသလို ခံစား စေရပါတယ်။ ဒီဇာတ်ကားဟာ စစ်ဖြစ်တဲ့အခါ၊ လူတွေဆင်းရဲ ကျပ်တည်းကြတဲ့ အခါတွေမှာ လူတွေ အချစ်စိတ်နိုးကြားပုံ၊ လိင်စိတ်ကွ ပုံတွေကိုလည်း တင်ပြ ထားပါသေးတယ်။ အမေရိကန် တပ်သားလေးဟာ ရန်သူ့မြေမှာ ကောင်မလေး တစ်ယောက်နဲ့ တွေ့တွေ့ချင်း ချစ်ပွဲဝင်ခဲ့ရ ပါတယ်။ (နောက် သိပ်မကြာခင်မှာ ဗုံးကျပြီး အဲဒီ ကောင်မလေး သေဆုံး သွားခဲ့ပါတယ်။)

Nightcrawler

                 ဒီဇာတ်ကားဟာ မီဒီယာလောက နောက်ခံ ဇာတ်ကား ဖြစ်ပေမယ့် မြင်တွေ့နေကျ မီဒီယာလောက နောက်ခံ ဇာတ်ကား မျိုးတော့ မဟုတ်ပါဘူး။ မင်းသား ဂျိတ်ဂျီလင်ဟားက ဖရီးလင့်န် ကင်မရာ သတင်းထောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ သူဟာ ညဘက်တွေမှာ အကြမ်းဖက် တိုက်ခိုက် ခံရတာတွေ၊ အိမ်တွေ ဖောက်ထွင်း တိုက်ခိုက် ခံရတာတွေ၊ အမျိုးသမီးတွေ ရန်ရှာ ခံရတာတွေကို လိုက်လံ ရိုက်ကူး မှတ်တမ်းတင်တဲ့ ကင်မရာ သတင်းထောက် ဖြစ်ပါတယ်။

               ဒါရိုက်တာ ဒန်ဂယ်ရွိုင်း ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ သင်သိထားတဲ့ မီဒီယာ လောကဟာ သင်ထားသလို မဟုတ်ဘူး ဆိုတာကို သင့်ကို အထိုက်အလျောက် နားလည်စေမှာ ဖြစ်ပါတယ်။ မင်းသား ဂျိတ်ဂျီလင်ဟားဟာ သူ့ရဲ့ တိကျ သပ်ရပ်တဲ့ သရုပ်ဆောင်မှုကို ထပ်မံ တင်ဆက် ပေးထားပါတယ်။

The  Lunch Box

               ဟောလီးဝုဒ် ဇာတ်ကားတွေဟာ သင့်ကို ငြီးငွေ့စေသလား။ ဒါဆိုရင် သင့်အတွက် ရွေးချယ်စရာ အိနိ္ဒယ ဇာတ်ကားကောင်း တစ်ကား ရှိပါတယ်။ အဲဒီဇာတ်ကား ကတော့ “The Lunch Box” ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါ တယ်။ ဇာတ်အိမ်ဟာ ထူးထူးခြားခြား မဟုတ်လှပေမယ့် တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင် မှုတွေကြောင့် ဒီဇာတ်ကားဟာ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဇာတ်ကား တစ်ကား ဖြစ်ခဲ့သလို ဘောလီးဝုဒ် အရွေ့အတွက်လည်း ကြီးမားတဲ့ တွန်းအား တစ်ခု ဖြစ်ခဲ့ပါတယ်။

              ဒီဇာတ်ကားရဲ့ကျေးဇူးကြောင့်၊ ဒီဇာတ်ကားရဲ့အရှိန်နဲ့ လာမယ့် နှစ်တွေမှာ ဘောလီးဝုဒ်က ဒရာမာကား ကောင်းကောင်းတွေကို ရုပ်ရှင် ချစ်သူတွေကို ကြည့်ရရဖွယ် ရှိနေပါတယ်။

Equalizer

                ဒီဇာတ်ကားဟာ လူမည်း မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့ ဇာတ်ကားသစ် ဖြစ်သလို အမေရိကန် ထောက်လှမ်းရေး အေးဂျင့်ဟောင်း၊ လုံခြံုရေး အရာရှိဟောင်းတွေကို ဂုဏ်ပြု ရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ကုန်ပဒေသာဆိုင် ဝေါလ်မတ်ကို ကြော်ငြာ ထိုးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အငြိမ်းစား အရာရှိဟောင်း ဒန်ဇယ် ဝါရှင်တန်ဟာ ဝေါ်လ်မတ်မှာ အလုပ်လုပ်ရင်း ညဘက် ကော်ဖီဆိုင်မှာ လိင်အလုပ်သမလေး တစ်ယောက်နဲ့ ခင်မင်မိပါတယ်။

               အဲဒီကနေ သူဟာ ရုရှားမာဖီးယား ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ အထိ ဖြစ်သွားရပါတယ်။ မင်းသားကြီး မော်စကို အထိ လိုက်သွားပြီး လက်စွမ်းပြတာ ကတော့ ဒီဇာတ်ကားရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

A Most Wanted Man

                အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားဟာ အကောင်းဆုံး ဇာတ်ကားလို့ ဆိုနိုင်ပါတယ်။ နောက်ပြီးတော့ ဒီဇာတ်ကားဟာ ကွယ်လွန်သူ မင်းသား ဖိလစ်ဆေးမှာ ဟော့မန်းရဲ့ နောက်ဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်း ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မူးယစ်ဆေးဝါး အလွန်အကွံ သုံးစွဲပြီး ကွယ်လွန် သွားခဲ့တဲ့ မင်းသား ဖိလစ်ဆေးမှာ ဟော့မန်းရဲ့ ဇာတ်ကားသစ်မှာ အကြမ်းဖက်ဝါဒကို ဥရောပမှာ ဘယ်လို ကိုင်တွယ်တယ် ဆိုတာကို အထိုက် အလျောက် မြင်တွေ့ရမှာဖြစ်ပါတယ်။

http://www.messengernewsjournal.com/entertainment/detail.php?id=29901 

No comments:

Post a Comment