Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

ပင်လောင်းမှ ဆောင်းပြောင်းသို့ ထွက်ခွာလာသည့် ကုန်တင်ရထား တွဲချော်မှုဖြစ်ပွား ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ


ပင်လောင်းမှ ဆောင်းပြောင်းသို့ ထွက်ခွာလာသည့် ကုန်တင်ရထား တွဲချော်မှုဖြစ်ပွား

နေပြည်တော် ၊ ၁၁-၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမှ ဆောင်းပြောင်းသို့ ကွန်ကရစ် ဇလီဖားတုံးများ တင်ဆောင်လာသည့် စက်ခေါင်းမောင်း ဦးသက်ဇော်ဦး မောင်းနှင် ထွက်ခွာလာသော စက်ခေါင်းအမှတ် DF-2013 ကုန်တင် ရထားသည် ဇန်နဝါရီ ၉ ရက်နံနက် ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် ရထားလမ်း မိုင်တိုင်အမှတ် (၄၃ဝ) အနီးရှိ ရထားလမ်း သံလမ်းကုန်းဆင်း အကွေ့နေရာ အရောက် အရှိန် မထိန်းနိုင်ဘဲ စက်ခေါင်းတွဲမှာ ညာဘက်နှင့် ကုန်တင်တွဲ နှစ်တွဲမှာ ရထားလမ်း၏ ဘယ်ဘက်သို့ သံလမ်းဘီးချော် တိမ်းမှောက်ခဲ့သည်။(ပုံ)

အဆိုပါ တိမ်းမှောက်မှုကြောင့် ရထားပေါ်ရှိ ဇလီဖားတုံးများ ပေါ်တွင် လိုက်ပါလာသည့် အလုပ်သမား များဖြစ်သော မောင်ဦး ၄ဝ နှစ် ၊ ကျော်လွင်ဦး (ခ) ချိုကြီး ၁၇နှစ်နှင့် အောင်ကို ၂ဝ နှစ်တို့ သုံးဦးမှာ ဇလီဖားတုံးပိ ဒဏ်ရာကြောင့် ဖြစ်စဉ် နေရာ၌ပင် သေဆုံးခဲ့ပြီး အောင်ကျော်စိုးလင်း (ခ) ပိစိ ၂ဝ နှစ်၊ သက်စိုးကို ၂၈ နှစ်၊ စိုးကျော်နိုင် ၄၂ နှစ်နှင့် စက်ခေါင်းမောင်း ဦးသက်ဇော်ဦး ၄၂ နှစ်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

ဖြစ်စဉ် ဖြစ်ပွားသည့် နေရာသို့ တပ်မတော်သား များက သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးပြီး ဒဏ်ရာရလူနာ လေးဦးအား ပင်လောင်း ပြည်သူ့ဆေးရုံ သို့ပို့ဆောင် ပေးခဲ့သည်။

တိမ်းမှောက်ခဲ့သည့် ကုန်တင် ရထားအား အောင်ပန်းမှ တိုင်း အင်ဂျင်နီယာ ဦးအေးသိန်း နှင့် မီးရထား ၀န်ထမ်း ၄ဝ ဦးတို့က ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

‪#‎Yadanarpondaily‬
‪#‎ရတနာပုံနေ့စဉ်‬
https://www.facebook.com/myawadydaily

No comments:

Post a Comment