Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

သမ္မတနှင့် တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် တိုင်းရင်သားဝန်ကြီးများ တုံ့ပြန်ပြောဆို

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်က သမ္မတ အိမ်တော်တွင် ကျင်းပသည့် တွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က “တိုင်းရင်းသား ဝန်ကြီးတွေဆိုတာ တကယ်တော့ အစိုးရအဖွဲ့ကပဲလေ။ တိုင်းရင်းသား ဝန်ကြီးတွေနဲ့ ဆွေးနွေးတယ်ဆိုတာ တစ်မျိုးပေါ့” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များ မဟုတ်သကဲ့သို့ လွှတ်တော်မှ အဖွဲ့ခေါင်းဆောင်များ လည်း မဟုတ်သည့်အတွက် မည်သည့်အပေါ်အခြေခံ၍ ဖိတ်သည်ကို နားမလည်ကြောင်း ဆက်လက်ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာ မဲဆန္ဒရှင်များက ရွေးချယ် ထားခြင်း၊ ရွေးချယ်ခံရသော တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းအပြင် တိုင်းရင်းသားရေးရာဝန် ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများ၏ ကိုယ်စားလှယ်များ ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော် သမ္မတကြီး၏ ဖိတ်ကြားချက်အရ ဇန်န၀ါရီ ၁၂ ရက် ငုဝါ ရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းသည် ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးစီးပွား အတွက်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်သန်းမြင့်က “အခြေခံဥပဒေအရ အစိုးရအဖွဲ့ ဝန်ကြီးလည်းဖြစ် တယ်၊ ပြည်သူ့ကိုယ်စားလှယ် လည်းဖြစ်တယ်၊ အစိုးရက ခန့်ထားတဲ့ ၀န် ကြီး မဟုတ်ဘူး။ ပြည်သူက ရွေးလို့ ဖြစ်တာပါ” ဟု ပြောကြားသည်။

mizzima

No comments:

Post a Comment