Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

အစ္စရေးအမျိုးသားတစ်ဦး မက်ဒေါနား၏ သီချင်းများကို ခိုးယူရောင်းချမှုဖြင့် ဖမ်းဆီးခံရ

အဆိုတော်မက်ဒေါ နားအပါအဝင် နိုင်ငံတကာအဆို တော်အချို့၏ ကွန်ပျူတာများကို ဖောက်ထွင်း၍ အွန်လိုင်းမှတစ် ဆင့် ၎င်းတို့၏ သီချင်းများကို ရောင်းချခဲ့သူဟု သံသယရှိအစ္စ ရေးအမျိုးသားတစ်ဦးကို ဇန်နဝါရီ ၂၁ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း အစ္စရေးနှင့် အမေရိကန်အာဏာ ပိုင်များက ပြောသည်။

အသက် (၃၉)နှစ်အရွယ် အစ္စရေးအမျိုးသားတစ်ဦးကို ဖမ်း ဆီးထားသည်ဟု အစ္စရေးရဲတပ် ဖွဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦး ကပြောသော်လည်း ယင်းအမျိုး သားမှာ မည်သူမည်ဝါဖြစ် ကြောင်းကိုမူ ထုတ်ဖော်ပြောကြား ရန် ငြင်းဆိုခဲ့သည်။ အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် အစ္စရေးအာဏာပိုင်များ ပူးပေါင်းစုံစမ်း၍ ယင်းသံသယရှိ သူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သံသယရှိသူဟက်ကားကို ဖမ်းဆီးရာတွင် အကူအညီပေး ခဲ့သည့် ပုဂ္ဂိုလ်များ၊ FBI နှင့် အစ္စရေးရဲစုံထောက်များအား အဆိုတော်မက်ဒေါနားက ကျေး ဇူးတင်စကားပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မက်ဒေါနား၏ Rebel Heart တေးအယ်လ်ဘမ်မထွက်မီ ၎င်း ဖန်တီးလက်စတေးသီချင်းများ အွန်လိုင်း၌ ဖောက်ချခြင်းခံခဲ့ရ သည်။ အဆိုပါသီချင်းများ ဖောက် ချခံရမှုတွင် အစ္စရေးတစ်ဦးပါဝင် နေသည်ဟူသော သတင်းများ ကြောင့် မက်ဒေါနားနှင့်အဖွဲ့သည် အစ္စရေးအလွတ်စုံထောက် အက်ရှ်ဝစ်ဇ်မန်း၏ ကုမ္ပဏီသို့ ဆက်သွယ်ခဲ့သည်ဟု စုံထောက် ဝဇ်မန်းက ပြောသည်။

ဝဇ်မန်းတို့အဖွဲ့သည် မက် ဒေါနား၏ ကွန်ပျူတာများကို စစ် ဆေးခဲ့ပြီးနောက် သံသယရှိ သူအပေါ် ခြေရာခံမိ၍ ၎င်းဖောက်ထွင်းမှုနှင့် သက်ဆိုင်သောအချက်အလက်အထောက်အထားများ အား ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေး ခဲ့သည်ဟု ဝဇ်မန်းက ပြောသည်။

အစ္စရေးရဲတပ်ဖွဲ့သည် ၎င်း တို့နိုင်ငံတွင်းရှိ မက်ဒေါနားကိုယ် စားလှယ်တစ်ဦးထံမှ တိုင်ကြား ချက်တစ်ခုရရှိပြီးနောက် FBI နှင့် ပူးပေါင်းစုံစမ်း၍ သံသယရှိ သူအမျိုးသားကို ဖမ်းဆီးခဲ့သည် ဟု အစ္စရေးရဲတပ်ဖွဲ့က ဆိုသည်။

၎င်းသံသယရှိသူ အမျိုး သားကို တရားမစွဲရသေးဟု သိရ သည်။
—Ref: Reuters
http://7daydaily.com/story/30068#.VMHSsy49THR

No comments:

Post a Comment