Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

မူဝါဒအပြောင်းအလဲကြောင့် ကားဈေးကွက် ကမောက်ကမဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၁၃

မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိ ကားဈေးကွက်၌ ဈေးနှုန်းမတည် ငြိမ်မှု များ ဖြစ်ပေါ်နေပြီး ၂၀၁၅ခုနှစ် အတွင်း ကားဈေးနှုန်းများမှာ အတက်သာရှိပြီး ဈေးနှုန်းကျဆင်း သွားဖွယ် မရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဇန်န၀ါရီလ ၁၃ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။

လက်ရှိတွင် တစ်ဦးတစ်ယောက်ချင်း လွတ်လပ်စွာ တင်သွင်းခွင့် (free permit) ကားများ၏ စလစ်ဈေးမှာ ယခင် ထက် ၅ သိန်းခန့်မြင့်တက်နေပြီး ဖရီးပါမစ်ဈေးမှာ ၁၀သိန်းမှ ၁၂ သိန်းထိ ပေါက်ဈေးရှိကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။

““စလစ်ဈေး ဖရီးပါမစ် အရင်က ၅သိန်း၊ အခု ၁၀သိန်း လောက်ရှိတယ်။ အခုနောက်ပိုင်းမှာ ဖရီးပါမစ်တွေက အ၀ယ်လိုက် နေတယ်။ စလစ်ဈေးတွေကတော့ အကုန်တက်တယ်။ ၂၀၁၅ မှာ ကားဈေးက တက်ဖို့ပဲရှိတယ်။ ဇိမ်ခံကား ၂၀၁၄၊ ၂၀၁၅ မော်ဒယ်တွေဆို သိန်း ၅၀၀ လောက်ထိ ဈေးတက်သွား တယ်””ဟု မော်တော် ယာဉ် ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။…

အစိုးရအနေဖြင့် ကားတင်သွင်း ခွင့်မူဝါဒများကို မကြာခဏမပြောင်း လဲသင့်ဘဲ ပြောင်းလဲရမည်ဆိုပါက လည်း အနည်းဆုံးအချိန် ၃လခန့် ကြာမှသာ ပြောင်းလဲသင့်ကြောင်း ကို မော်တော်ယာဉ် တင်သွင်းရောင်းချ သူများ အသင်းမှ အတွင်းရေးမှူး ဦးအေးထွန်းက““အစိုးရပေါ်လစီက အမျိုးမျိုးပြောင်းနေတဲ့အခါ ကျတော့ ဈေးနှုန်းမှာ တည်ငြိမ်မှုမရှိဘူး။ ဒီလိုခဏခဏမဟုတ်ဘဲ ပြောင်းလဲမှုတစ်ခုလုပ်မယ်ဆိုရင် လည်း ၃ လ လောက်အချိန်ယူပြီး လုပ်သင့်တယ်။ ဒါမှလည်းပြင်ဆင်တဲ့ လူတွေအတွက် အချိန်ရတာ ပေါ့”” ဟု ပြောကြားသည်။

မူဝါဒမတည်ငြိမ်မှုကြောင့် ကားဈေးကွက်အပေါ် သက်ရောက် မှုရှိနေပြီး ကားအရောင်းပြခန်းများ ကိုပါ ထိခိုက်မှု များရှိနေသည်။ စလစ်ဈေးကွက် အပါအ၀င် ကားဈေးကွက်အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေကြောင်း ကို ““အရင် တစ်ဦးချင်းစလစ်တွေကို ကားမ၀ယ်ခင် ယာဉ်အိုယာဉ်ဟောင်း စလစ် အရင်ဝယ်ရတယ်။ အဲဒီ နောက်ပိုင်း မှတ်ပုံတင်ရှိရင် ၀ယ်နိုင်တယ်ဆိုတော့ 1300CC တွေဝယ် ကြတယ်။ အဲဒီနောက်ပိုင်း စလစ်ဈေး တွေ ပြန်ကျတယ်။ အခုက စလစ်ကားအားလုံး ထောက်ခံချက် မလိုဘဲတင်သွင်း နိုင်တယ်ဆိုတော့ တစ်ခါဈေး က ပြန်တက်တယ်။ ဒီလိုမျိုးမူဝါဒက တည်ငြိမ်မှုမရှိ တော့တည်ငြိမ်မှု မရှိတဲ့အလိုက် ဈေးကွက် သက်ရောက်မှု ပြောင်း လဲနေတာပေါ့”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စလစ်ဖြင့် တင်သွင်းမည့်ကားများသည် ကားပါကင်ထောက်ခံချက် မလိုအပ် တော့ကြောင်း ဇန်န၀ါရီ လ ၉ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် စလစ်ဖြင့်တင်သွင်းသည့် ကားများမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာ မှ ပြန်လည် တင်သွင်းခြင်း ဖြစ်၍မူလက ကားထားရန်နေရာ ရှိခဲ့ပြီး ပုံစံ(ဃ)နေရပ်လိပ်စာရှိပါက ကားပါကင်ထောက်ခံချက် မလိုဘဲ တင်သွင်းရမည်ဟု ပါရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကားတင် သွင်းခွင့်မူဝါဒနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်တွင် ကားပါကင်ရှိမှသာ ကားတင်သွင်း ခွင့်ပြုမည်ဟုထုတ်ပြန်ခဲ့သည်။ ဇန်န၀ါရီ ၈ရက်တွင် ၂၀၁၄ စလစ် ကားများသာ ကားပါကင်လိုအပ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့ပြီး ဇန် န၀ါရီလ ၉ ရက်တွင် မည်သည့် အပ်ကားမဆိုစလစ်ဖြင့် တင်သွင်းလာပါက ကားပါကင်မလိုတော့ကြောင်း ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲထုတ်ပြန် ခဲ့သည်။

ကားအရောင်းပြခန်းများ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် တင်သွင်းလာသော ကားများကို အရောင်းပြခန်းပါမစ်ရှိ သူမှသာ ထုတ်ယူရမည်ဖြစ်ပြီး စလစ်နှင့်ထုတ် ယူမရသည့် စလစ်ကားများမှာ ၂၀၁၅ ခုနှစ်တွင်လည်း ထုတ် ယူမရသောကြောင့် အခက်အခဲများ ဖြစ် ပေါ်လျက်ရှိသည်။

မူဝါဒအပြောင်းအလဲတွင် ကားအရောင်းပြခန်းအချို့ အခက်အခဲကြုံတွေ့နေ ရကြောင်းကို ““၂၀၁၄-၁၅ စပ်ကူး မတ်ကူးကာလမှာ မူဝါဒက အမျိုးမျိုး ဖြစ်နေတယ်။ ၂၀၁၄ စလစ်ကားက ၂၀၁၅ မှာ ထုတ်လို့မရတော့ ဘူး။ ပြခန်း တွေမှာ ငွေမြုပ်နေသလိုဖြစ်နေတယ်”” ဟု အင်ကြင်း ကားအရောင်းပြခန်းမှ ဦးဇော်ကြီးကပြောသည်။

နှစ်ဆန်းတွင် မူဝါဒအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သဖြင့် ၂၀၁၅ ခုနှစ် ကားဈေးကွက်အခြေအနေ မှာ ခန့်မှန်းရ ခက်သည့် အခြေအနေ ရောက်ရှိနေကြောင်း Motors.com.mm မှ Country Manager ဖြစ်သူ Ms.Rianne Roggema ကပြောကြားသည်။

ယင်းအခြေအနေပေါ် မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ မူဝါဒအပြောင်းအလဲတစ်ခု လုပ်တော့မယ်ဆိုရင် အချိန်ပေးပြီး ကြိုတင်ကြေညာသင့်ပါတယ်။ ဒါဆိုရင် ကားတင်သွင်းမှုတွေနဲ့ ကားဈေးကွက်ကိုတည်ငြိမ်ပြီး စနစ်တကျ ပံပိုးပေးရာ ရောက်ပါတယ်”” ဟု Ms.Rianne Roggema ကဆိုသည်။

လက်ရှိအချိန်တွင် ၂(က) အထက်ကားများ၏ စလစ်ဈေးမှာ ၅၂ သိန်းခန့်ရှိပြီး ၁(က) ကားများ၏ စလစ်ဈေးမှာ ၇၅ သိန်းခန့်ရှိကာ ယခင်ကထက် ၁၅ သိန်းခန့် ဈေး ပိုမိုမြင့်တက်ခဲ့ပြီး ၂၀၀၉ မော်ဒယ် အင်ဂျင်ပါဝါ ၁၃၀၀ အထက် ဖရီးပါမစ်ကားများမှာ ၁၀ သိန်းခန့် ဈေးမြင့်တက်ခဲ့သည်။ ၂၀၀၉ မော် ဒယ်အင်ဂျင်ပါဝါ ၁၅၀၀ အထက် စလစ်နှင့် တင်သွင်းရသော ကားများမှာ သိန်း ၂၀ အထိ ဈေးနှုန်း များမြင့်တက်ခဲ့သည်။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment