Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

မႏၲေလး-ျပင္ဦးလြင္လမ္း၂၄မိုင္ ႐ႈခင္းသာအနီး ကုန္တင္ယာဥ္ အရွိန္လြန္ၿပီး ေခ်ာက္ထဲထိုးဆင္း


မႏၲေလး ဇန္နဝါရီ ၁၉

မႏၲေလးတိုင္း ေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္ ၂၄ မိုင္ ႐ႈခင္းသာအနီး မိုင္တိုင္အမွတ္ ၂၄/၆ႏွင့္
၂၄/၇ၾကား မႏၲေလး-ျပင္ဦးလြင္ အဆင္းလမ္းတြင္ ဇန္နဝါရီ၁၅ရက္ မြန္းလြဲ၃နာရီ ၄၅မိနစ္ခန္႔က
မူဆယ္မွ မႏၲေလးၿမိဳ႕သို႔ ထြက္ခြာလာေသာ ၂၂ ဘီး ကုန္တင္ယာဥ္ ၆ဂ /-- သည္ အရွိန္လြန္ၿပီး ၂၄ မိုင္
ယာဥ္အႏၲရာယ္ ကင္းရွင္းေရး ျပဳလုပ္ထားေသာ လမ္းကားတုံးမ်ားအား ျဖတ္ေက်ာ္ကာ ေခ်ာက္
အတြင္းထိုး ဆင္းသြားရာ ယာဥ္ေအာက္တြင္ ခ်ိတ္ထားေသာ အပိုဘီးႏွင့္ တိုက္မိၿပီး
ရပ္တန္႔သြားခဲ့သည္။

ယာဥ္ေပၚလိုက္ပါလာသူ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ႏွင့္ ႀကီးၾကပ္သူတို႔ ထိခိုက္ဒဏ္ရာ ရရွိျခင္း မရွိေခ်။ ယာဥ္ေမာင္းအားျပင္ဦးလြင္ၿမိဳ႕နယ္ ျပင္စာနယ္ေျမရဲစခန္းက အမႈဖြင့္ အေရး ယူထားေၾကာင္းသိရသည္။

ေမာင္ျပည္သူ(မႏၲေလး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


မန္တလေး ဇန်နဝါရီ ၁၉

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ၂၄ မိုင် ရှုခင်းသာအနီး မိုင်တိုင်အမှတ် ၂၄/၆နှင့်
၂၄/၇ကြား မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ဇန်နဝါရီ၁၅ရက် မွန်းလွဲ၃နာရီ ၄၅မိနစ်ခန့်က
မူဆယ်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ၂၂ ဘီး ကုန်တင်ယာဥ် ၆ဂ /-- သည် အရှိန်လွန်ပြီး ၂၄ မိုင်
ယာဥ်အန္တရာယ် ကင်းရှင်းရေး ပြုလုပ်ထားသော လမ်းကားတုံးများအား ဖြတ်ကျော်ကာ ချောက်
အတွင်းထိုး ဆင်းသွားရာ ယာဥ်အောက်တွင် ချိတ်ထားသော အပိုဘီးနှင့် တိုက်မိပြီး
ရပ်တန့်သွားခဲ့သည်။

ယာဥ်ပေါ်လိုက်ပါလာသူ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့် ကြီးကြပ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိချေ။ ယာဥ်မောင်းအားပြင်ဦးလွင်မြို့နယ် ပြင်စာနယ်မြေရဲစခန်းက အမှုဖွင့် အရေး ယူထားကြောင်းသိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment