Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ဘုရားပွဲဈေးတွင် စကားများရန်ဖြစ်ကာ ဓါးဖြင့်ထိုးခဲ့၍ သေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၁၆

၁၆.၁.၂၀၁၅ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်နေ ဒေါ်ရင်မေမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ ကိုနိုင်ဖြိုး(ခ) နိုင်အောင်ဖြိုး၊ (၂၃)နှစ်မှာ ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ ရောက်ရှိသေဆုံး သွားကြောင်းကြား သိရသဖြင့် သွားရောက်ကြည့်ရှုပြီး စုံစမ်းရာ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့ ဘုရားပွဲဈေးရှိ လ္ဘက်ရည်ဆိုင်တွင် သားဖြစ်သူနှင့် တစ်ရပ်ကွက် တည်းနေ ကိုသက်(ခ)ကျော်သက်၊ (၂၀)နှစ်တို့မှာ စကားများရာမှ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ကိုသက်(ခ) ကျော်သက်မှ အသင့်ပါလာသော စတီးဓါးဖြင့် ထိုးခဲ့၍ သားဖြစ်သူတွင် လည်ပင်း၊ ယာဘက်ရင်အုံ၊ ၀မ်းဗိုက်နှင့် ယာနံဘေးတို့တွင် ထိုးသွင်း ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့အပ်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်ကို သိရှိရကြောင်းနှင့် ယင်းသို့ကျူးလွန်သူ ကိုသက်(ခ)ကျော်သက်အား အရေးယူ ပေးရန် တိုင်တန်း လာခဲ့ပါသည်။

တိုင်တန်းချက်အရ ကိုသက်(ခ)ကျော်သက်အား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment