Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

လွတ်လပ်မှုကို တန်ဖိုးမထားလျှင် ထွက်သွားကြဟု အစ္စလာမ်ဘာသာ ၀င်များကို မူဆလင်မြို့တော်ဝန် ပြောကြား


နယ်သာလန်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် လူမျိုးပေါင်းစုံ နေထိုင်ရာ ရော့တာဒမ် မြို့တော်ဝန် မူဆလင်လူမျိုး အဘောက်တဲလဘ်က လန်ဒန်မြို့တော်ဝန်၏ ပြောကြားချက်တခုကို ထောက်ခံချီးမွမ်းလျက် ထိုမြို့တော်တွင်းရှိ အစ္စလာမ်များကို ထွက်သွားရန် အထုပ်ပြင်ကြဟု ပြောကြားလိုက်သည်။

ချာလီမဂ္ဂဇင်းဌာန တိုက်ခိုက်ခံရပြီး နောက်တွင် လန်ဒန်မြို့တော်ဝန်က အနောက်ကမ္ဘာ၏ လွတ်လပ်မှုများကို တန်ဖိုးမထားသည့် မူဆလင်များကြောင့် အနှောက်အယှက်ကြီးစွာ ပေါ်ပေါက်ရကြောင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။

ယင်းအား ထောက်ခံကိုးကားလျက် ရော့တာဒမ်မြို့တော်ဝန်က ယင်းလွတ်လပ်မှုများကို တန်ဖိုးမထားသော မူဆလင်များ၊ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ဌာနန္တရအသစ်များသို့ ပြောင်းရွှေ့၍သာ နေထိုင်ကြရန် သတိပေးလိုက်ခြင်း ဖြစ်သည်။

"လွတ်လပ်မှုအပေါ် ဆန့်ကျင်မှုတွေ ပြုလာကြတာ နားမလည်နိုင်ဘူး၊ လွတ်လပ်မှုကို မကြိုက်ဘူးဆိုရင်တော့ ထွက်သွားဖို့ အထုပ်ပြင်ထားကြပါ" ဟု ၎င်းက ပြီးခဲ့သော တနင်္လာနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"နယ်သာလန်မှာတော့ ကောင်းမြတ်တဲ့ မူဆလင်တွေပဲ နေလို့ရမယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

အဘော့တဲလဘ်သည် မော်ရိုကိုနိုင်ငံဖွား မူဆလင်တဦး ဖြစ်ကာ ဂျာနယ်လစ်တဦးလည်း ဖြစ်ခဲ့ဖူးသည်။ ၂၀၀၈ ခုနှစ် မြို့တော်ဝန်ဖြစ်စအချိန်တွင် မော်ရိုကိုနှင့် နယ်သာလန် နှစ်နိုင်ငံသားအဖြစ် ခံယူထား၍ အစ္စလာမ်ဆန့်ကျင်ရေး ပါတီများ၏ ဝေဖန်မှုကို ခံခဲ့ရသော်လည်း အလုပ်နှင့်သက်သေပြနိုင်လာခဲ့သည်။

ကျော်လင်းထွန်း
__Ref: Breitbart
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment