Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ခန္တီးမြို့နယ်တွင် သားက အဖေကို သတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့နယ်ရှိ နန်စီပွန်ကျေးရွာတွင် ဖခင်ဖြစ်သူကို သားက ဓားဖြင့်ခုတ်သတ်မှုတစ်ခု ဇန်န၀ါရီ ၁၃ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
မိခင်ဖြစ်သူအား ရိုက်နှက် သည်ကို မကျေနပ်ရာမှ အရက်သောက်ထားသည့်အသက်(၃၀) အရွယ် သားက အသက်(၅၀) အရွယ် ဖခင်ကို ဓားဖြင့်ခုတ်သတ် ခြင်းဖြစ်သည်ဟုဆိုသည်။ ယင်း သတင်းမှာ ဒေသခံများကြား ပျံ့နှံ့ခဲ့ပြီး ဓားဖြင့် ခုတ်သတ်ရုံ သာမက အသည်းကိုပါ ထုတ်စား ခဲ့သည်ဟု ဒေသခံများအကြား ကောလာဟလပျံ့နှံ့ခဲ့သည်။
‘‘အရက်သောက်ရင်းဖြစ်ကြ တာ။ သားက ဖအေကို သတ်တာ တော့ ဟုတ်တယ်။ ကျန်တာတွေ မဟုတ်ပါဘူး။ စကားတွေ ချဲ့ကား သွားတာပါ။ အခုစခန်းမှာ ဖမ်း ဆီးအရေးယူထားပါတယ်’’ ခန္တီး မြို့နယ် ရဲစခန်းမှူးက ပြောသည်။
ယင်းလူသတ်မှုကို ဇန်န၀ါရီ ၁၄ ရက်တွင် ခန္တီးမြို့နယ် ရဲစခန်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment