Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

ေနမ်ဳိးဇင္ သုိ႔မဟုတ္ စနစ္ဆုိးကုိ အံတုသူ


ႏိုင္ငံတကာဧည့္သည္တုိ႔ ဥဒဟုိဝင္ထြက္ၾကလ်က္ စည္ပင္ဖြံ႔ၿဖိဳးေနသည့္ ထိုင္းႏိုင္ငံ၊ ဖူးခက္ၿမိဳ႕ႀကီးတြင္ က်ေနာ္သည္ အခ်ိန္ကာလအမ်ားစုကုိ အခန္းေအာင္းရင္း ကုန္လြန္ေစရသူျဖစ္ပါသည္။

စာဖတ္ျခင္း၊ စာတုိေပစေရးသားျခင္း အြန္လိုင္းမိတ္ေဆြတခ်ဳိ႕ႏွင့္ အြန္လိုင္းတြင္အခ်ီအခ် အျပန္အလွန္
ေဆြးေႏြးျခင္း စသည့္ ျပဳၿမဲအလုပ္တုိ႔ျဖင့္သာ ပ်င္းရိၿငီးေငြ႔ဖြယ္ ကာလမ်ားကုိ ျဖတ္ေက်ာ္ေနသူျဖစ္၏။

ဆုိလုိသည္မွာ ကမၻာလွည့္ခရီးသည္မ်ားက နိဗၺာန္ဘံုဟု တင္စားေခၚေဝၚၾကသည့္ ဖူးခက္တြင္ ေနထုိင္ေသာ က်ေနာ္သည္ အျပင္ထြက္ခဲသူျဖစ္၏။

သုိ႔ေသာ္ ဧည့္သည္ငတ္ေနသူပီပီ ျမန္မာမိတ္ေဆြတခ်ဳိ႕ ဖူးခက္ၿမိဳ႕ဆီသုိ႔ အလည္အပတ္ လာေရာက္သည့္ သတင္းၾကားလွ်င္မူ မည္သည့္ေနရာတြင္ တည္းခုိသည္ျဖစ္ေစ တကူးတက သြားေရာက္ေတြ႔ဆံုေလ့ရွိ သည္။

က်ေနာ့္ဇာတိႏိုင္ငံ၏ အေျခအေနအရပ္ရပ္ကုိ နားႏွင့္ဆတ္ဆတ္ ၾကားလုိသည့္ဆႏၵႏွင့္ ၿမိဳ႕ခံတေယာက္ အေနျဖင့္ တတ္ႏိုင္သမွ် ဝတၱရားေက်လုိသည့္ စိတ္အခံေၾကာင့္ျဖစ္၏။

“ကုိေနမ်ဳိးဇင္ ဖူးခက္ကုိ ေရာက္ေနတယ္ အစ္ကိုႀကီး။ သူလည္း ေတြ႔ခ်င္တယ္ေျပာေနတယ္၊ ဘယ္အခ်ိန္ အားတုန္း”

“အားပါတယ္။ ဒီညပဲေတြ႔တာေပါ့ကြာ”

လြန္ခဲ့ေသာ သံုးလခန္႔ကမူ ပါေတာင္ကမ္းေျခမွ ဟုိတယ္ဝန္ထမ္း ေမာင္ႏိုင္က က်ေနာ့္ထံ တယ္လီဖုန္း ဆက္လာခဲ့ရာ အထက္ ေဖာ္ျပပါအတုိင္း ဝမ္းေျမာက္ဝမ္းသာ က်ေနာ္ တုန္႔ျပန္ခဲ့မိသည္။

က်ေနာ္သည္ ကုိေနမ်ဳိးဇင္ႏွင့္ လူကိုယ္တုိင္ မဆံုခဲ့ဖူးေသာ္ျငား အြန္လိုင္းတြင္ ဆံု၍မာေၾကာင္းသာေၾကာင္း
တခြန္းစႏွစ္ခြန္းစ ေျပာဆုိခဲ့ဖူးပါ၏။

သူ႔ဘဝသူ႔အေၾကာင္းႏွင့္ သူ႔လုပ္ေဆာင္ခ်က္မ်ားအျပင္ သူ႔ကုိ ေထာက္ခံအားေပးသူမ်ားႏွင့္ သူ႔ကုိဆန္႔က်င္ အပုပ္ခ် တုိက္ခုိက္ေနၾကသူမ်ား၏ အသံဗလံမ်ဳိးစံုကုိလည္း မီဒီယာမ်ားမွတဆင့္ ၾကားသိေနခဲ့၏။

မွန္ရာကုိဝန္ခံရလွ်င္ ထုိသုိ႔ၾကားသိေနခဲ့သမွ် အေျခအေနအေပၚ မူတည္၍ သူမည္သုိ႔ေသာ လူစားမ်ဳိးျဖစ္ သည္က်ေနာ္ ယတိျပတ္ေကာက္ခ်က္ မခ်ႏုိင္ခဲ့ေခ်။

ထုိ႔ေၾကာင့္ သူႏွင့္မ်က္ႏွာခ်င္းဆုိင္ စကားေျပာရင္း သူ႔စိတ္ဓာတ္ သူ႔စရုိက္ကုိေကာင္းေလစြဟု ေမွ်ာ္လင့္ခဲ့ ဖူးသည္။ ယခုမူ တုိက္တုိက္ဆုိင္ဆုိင္ပင္ သူ ဖူးခက္သုိ႔ ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ ေရာက္လာခဲ့ေလၿပီ။

ထုိသုိ႔လွ်င္ က်ေနာ္ႏွင့္ ကုိေနမ်ဳိးဇင္ ဖူးခက္ၿမိဳ႕မွ နာမည္ေက်ာ္ စင္ထရယ္ကုန္တုိက္ႀကီး Central Festival ၏ တတိယထပ္ Wine conection အေနာက္တုိင္း စားေသာက္ဆုိင္တခုမွာ ပထမဦးဆံုးအႀကိမ္ လူခ်င္းဆံု မိခဲ့ၾကသည္။

အေဖာ္အျဖစ္ ဟုိတယ္မန္ေနဂ်ာ ကုိေက်ာ္ေက်ာ္ခိုင္ႏွင့္အတူ ခ်ိန္းဆုိထားသည့္ စင္ထရယ္ကုန္တုိက္၏
ပထမထပ္ရွိ ေရြ႕လ်ားစက္ေလွခါး ေျခရင္းတြင္ လူခ်င္းဆံုမိသည္ႏွင့္ က်ေနာ္ ပထမဆံုး အကဲခတ္မိသည္မွာ
သူသည္ ေတာသားၿမိဳ႕ေရာက္ဟူေသာ စကားကုိ သတိရစရာ ေကာင္းပါသည္။ သူသည္အရပ္ အေမာင္း အတန္ျမင့္၏။

အသက္ေလးဆယ္ဝန္းက်င္ဟု ခန္႔မွန္းႏုိင္ၿပီး စစ္ဗုိလ္လူထြက္ျဖစ္၍ထင့္၊ လႈပ္ရွားသြားလာမႈ ျမန္ဆန္သြက္ လက္သည္။

ဘန္ေကာက္ႏွင့္ စင္ကာပူသုိ႔ သူေရာက္ဖူးသည္ကုိ က်ေနာ္သိေနသည့္တုိင္ အတန္ငယ္ ခန္းနားေသာ ဝန္းက်င္အေျခအေနကုိ သူစိတ္အုိက္လ်က္ ရွိပံုရသည္။

ကိန္းႀကီးခန္းႀကီး မေနတတ္သည့္ ရုိးရွင္းေသာ သူ႔စိတ္ဓာတ္ကုိ သူ႔စကားမ်ားက သက္ေသခံလ်က္ရွိ၏။

“ကုိေနမ်ဳိးဇင္ ခင္ဗ်ားႀကိဳက္တာမွာေနာ္”

“က်ေနာ္ဘာမွ မမွာတတ္ပါဘူး၊ အဆင္ေျပမယ္ထင္တာသာ လုပ္ပါ”

“ဝိုင္ေတာ့နည္းနည္း ေသာက္လုိ႔ရမယ္ ထင္ပါရဲ႕”

“က်ေနာ္ဟုိတုန္းက အရက္နဲ႔မကင္းခဲ့ပါဘူး၊ အခုက်ေနာ္လုပ္ေနတဲ့အလုပ္နဲ႔ မကိုက္လွတာမုိ႔ မေသာက္ပါ ရေစနဲ႔”

“ခင္ဗ်ားအတြက္ ဥေရာပအစားအစာတခုခု Set Menu နဲ႔ မွာလုိက္မယ္”

“ဟာ … က်ေနာ္ ဓား၊ ခရင္းနဲ႔ ဇြန္းေတြ ေကာင္းေကာင္း မကုိင္တတ္ဘူးေနာ္”

သူဟန္ေဆာင္ေနျခင္း မဟုတ္ေၾကာင္း စားေသာက္ဝုိင္းမွာ သူ႔လႈပ္ရွားမႈ မွန္သမွ် အေသးစိတ္ေလ့လာ အကဲခတ္ေနသည့္ က်ေနာ္အေနျဖင့္ အတန္ငယ္ စိတ္မေကာင္းျဖစ္မိသည္ကား အမွန္။

ထုိင္းႏုိင္ငံ အႏွံ႔အျပားသုိ႔ ၿပဲၿပဲစင္ေအာင္ ေရာက္ခဲ့သည့္ က်ေနာ္သည္ ဘန္ေကာက္၊ ခ်င္းမုိင္၊ မဲေဆာက္ႏွင့္ ရေနာင္း အပါအဝင္ ထုိင္းႏိုင္ငံ ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားတြင္ ျပည္ပေရာက္ အတုိက္အခံ ေတာ္လွန္ေရး
ေခါင္းေဆာင္ဆုိသူမ်ား၊ အေဝးေရာက္ အဖြဲ႔အစည္း အသီးသီးတုိ႔မွ တာဝန္ရွိသူအမ်ားအျပားႏွင့္ က်ေနာ္ ႀကိမ္ဖန္မ်ား စြာဆံုခဲ့ဖူးေလရာ အမ်ားစုမွာ ဟိတ္ႀကီးဟန္ႀကီးသည့္ လူစားတုိ႔မ်ားသာတည္း။

ကုိေနမ်ဳိးဇင္ကား ထုိသူတုိ႔ႏွင့္ လံုးလံုးလ်ားလ်ား ကြဲျပားလ်က္ရွိ၏။ ဖူးခက္တြင္ သူရွိေနခဲ့ေသာရက္မ်ား အတြင္း သူသည္ ဖူးခက္ၿမိဳ႕အႏွံ႔မွ ျမန္မာေရြ႕ေျပာင္း အလုပ္သမားအၾကားမွာ သူေပ်ာ္ေနခဲ့သည္။

ေရြ႕ေျပာင္း အလုပ္သမားတုိ႔ကလည္း သူ႔ကို ဝမ္းသာအားရ ေႏြးေထြးစြာ ႀကိဳဆုိၾကသည္။ ထုိရက္ပုိင္းမ်ား အတြင္း ေဖ့စ္ဘြတ္အြန္လိုင္း စာမ်က္ႏွာတခ်ဳိ႕တြင္ ေနမ်ဳိးဇင္ ဖူးခက္ကမ္းေျခမွာ အလႉေငြေတြႏွင့္ အေပ်ာ္ လုိက္ေနၿပီဆုိသည့္ အေျခအျမစ္ မရွိသည့္ အမနာပ သတင္းအခ်ဳိ႕ကို လည္းဖတ္႐ႈရသည္။

ေရးသားၾကသူမ်ား အမ်ားစုမွာ ကုိေနမ်ဳိးဇင္ က်င္လည္ခဲ့ေသာ တပ္မေတာ္ အဝန္းအဝုိင္းမွပင္ ျဖစ္ၾက၍ သူခိုးက လူျပန္ဟစ္ ဟူေသာ စကားကုိ အမွတ္ရစရာ ေကာင္းလွသည္။

ျမန္မာျပည္၏ ေခတ္ဆုိးေခတ္ၾကပ္ႀကီးကုိ ဖန္တီးခဲ့ၾကေသာ လက္သည္တရားခံတုိ႔သည္ ကုိေနမ်ဳိးဇင္အား ယင္းတုိ႔ႏွင့္ ႀကံရာပါ မျဖစ္ျခင္းအတြက္ အမ်က္ေဒါသ ေခ်ာင္းေခ်ာင္းထြက္ၾကဟန္ ရွိသည္။

သိကၡာမဲ့စြာ အပုတ္ခ်ျခင္းကုိ ေထာက္ခ်င့္၍ သူ႔အေပၚ ရန္ၿငိဳးသုိမႈ ျပင္းထန္လွေၾကာင္း ထင္ရွားသည္။

သူ ဆန္႔က်င္ရုန္းထြက္ခဲ့ေသာ ဝန္းက်င္သည္ အမိန္႔နာခံမႈ အစဥ္အလာႀကီးမားေသာ ျမန္မာႏုိင္ငံကုိ ဆင္းရဲတြင္း နက္ေစခဲ့ေသာ စစ္ဝါဒီတုိ႔ ႀကီးစုိးရာအရပ္ျဖစ္၏။

သူသည္ အားၿပိဳင္မႈ ႏွစ္ခုၾကားက လူျဖစ္၏။ လူထု ရြံ႕ရွာမုန္းတီးေနသည့္ အုပ္စု၏ မ်က္ႏွာစာဘက္မွသည္ လူထုဘက္ေတာ္သား အျဖစ္ ကူးေျပာင္းခံယူခဲ့သူ ျဖစ္သည္။

ဤအတြက္ သူ႔အေပၚ တဖက္ေစာင္းနင္း ေဝဖန္တုိက္ခိုက္မႈမ်ားမွာ အေလးအနက္ ေစ့ငုလွ်င္ ထူးလ်က္ႏွင့္ ဆန္းသည္ဟု မဆုိသာေလ။

ေနမ်ဳိးဇင္ကုိ ဆင္းရဲႏြမ္းပါးလွေသာ ေရနံဝန္ထမ္း အဘဦးေငြဇင္၊ မိခင္ေဒၚခင္သီတုိ႔မွ ခရစ္သကၠရာဇ္ ၁၉၇၅ ခုႏွစ္ ဇြန္လ ၁၀ ရက္တြင္ ရန္ကုန္ျမိဳ႕၌ဖြားျမင္ခဲ့သည္။

သူသည္ ျမန္မာ့တပ္မေတာ္တြင္ ဗုိလ္ႀကီးအဆင့္အထိ တာဝန္ထမ္းေဆာင္ခဲ့ၿပီး မိမိ၏ သေဘာဆႏၵအေ
ေလ်ာက္တပ္မွ ႏႈတ္ထြက္ခဲ့သူျဖစ္၏။

သူ ျဖတ္သန္းခဲ့သည့္ သူ႔ဘဝပံုရိပ္ကုိ သူကုိယ္တုိင္ စာပန္းခ်ီျခယ္ခဲ့ရာ သူ႔စိတ္ဓာတ္သူ႔စရုိက္ကုိ သူ႔စာမ်ား မွတဆင့္ အကဲျဖတ္ႏိုင္၊ ေလ့လာႏုိင္သည္။

“က်ေနာ္ဆိုေသာ လူေသးေသးေလးကို ေမြးေမြးခ်င္းကပင္ ေလာကဓံက ခပ္ၾကမ္းၾကမ္း ႀကိဳဆိုခဲ့ပါသည္။ မ်က္စိေကာင္းစြာ မျမင္ေသာ အေမစုဆိုသည့္ ၀မ္းဆြဲသည္ အဖြားအိုက မိခင္၀မ္းမွ ကၽြတ္လြတ္ေမြးဖြား လာေသာ သားကင္းငယ္ေလးကို လက္ျဖင့္ ဖမ္းမမိလိုက္၊ လြတ္ထြက္သြားသည္။ ဒုန္းကနဲ ကြပ္ပ်စ္ေပၚ တစုံတခု ျပဳတ္က်သံႏွင့္အတူ ကေလးတဦး၏ ၀ါးကနဲ စူးရဲစြာ ေအာ္ငိုသံၾကားမွ ကေလး ေမြးသြားၿပီကို သိလိုက္သည္”

“လူမွန္းသိတတ္စ ငါးတန္း ေျခာက္တန္းအရြယ္ ကေလးဘ၀ က်ေနာ့္ ပံုရိပ္ေတြကေတာ့ ေခၽြးနဲ႔ ေမာပန္း
ႏြမ္းနယ္မႈေတြနဲ႕ အျပည့္နဲ႔ေပါ့ေလ။ မုုန္႔လံုးႀကီး အေၾကာ္သည္ မိခင္ႀကီးအတြက္ မနက္သံုးနာရီဆို ဆယ့္ တစ္ႏွစ္သားေလး က်ေနာ္လည္း အိပ္ရာကထေနရပါၿပီ။ မုန္႔လံုးႀကီးေၾကာ္္၊ ပဲကပ္ေၾကာ္၊ ဗယာေၾကာ္ စတာေတြကို လဘက္ရည္ဆိုင္ေတြအတြက္ ေဖာက္သည္ေပးပို႔ဖို႔ အေစာႀကီး ထေၾကာ္ခဲ့ရတဲ့ မိခင္အတြက္ က်ေနာ္ဟာ ေန႔စဥ္မီးေမႊး ဆီအိုးတည္ မုန္႔လံုးေပးခဲ့သူပါ။ ေက်ာင္းမသြားခင္ အလုအယက္ လမ္းတကာ့ လမ္း ေလွ်ာက္သြား၊ ဗန္ဒါပင္ေလးေတြက အရြက္ေလးေတြကို လိုက္ခူး လြယ္အိတ္တလံုးနဲ႔ ပုဇြန္စာရြက္
ေတြလိုက္ရွာခူး၊ ေစ်းစည္ကားခ်ိန္ဆို မုန္႔ဗန္းကို ေခါင္းမွာရြက္ သု၀ဏၰေစ်းထဲမွာ လွည့္ပတ္ၿပီး မုန္႔ေတြမ ကုန္မခ်င္း မုန္႔လံုးႀကီးေၾကာ္၊ ပဲကပ္ေၾကာ္၊ ဗယာေၾကာ္လို႔ တေၾကာ္ေၾကာ္ေအာ္၊ လိုက္ပတ္ေရာင္း အေမကို အလုပ္ကူရင္း ေန႔ခင္းဘက္ ေက်ာင္းမသြားခင္ ကသီလင္တ ေန႔စဥ္ဘ၀ ရႈပ္ယွက္ခတ္စြာ ျဖတ္ခဲ့ရဖူးသူပါ”

“ေျခာက္တန္းေက်ာင္းသား ဘ၀လည္းေရာက္ေရာ ဆင္းရဲလြန္းတဲ့ မိဘတို႔ဘ၀ ရပ္တည္မႈကို မၾကည့္ရက္
ေတာ့တာနဲ႔ က်ေနာ္ ေက်ာင္းမတက္ေတာ့ဘဲ ပန္းရံ ေျမတူးႀကံဳရာက်ပန္း လိုက္လုပ္ၿပီး မိဘလုပ္ေကၽြးမယ္ လုိ႔ ဆံုးျဖတ္တာလည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ ေက်ာင္းမွာ မေနေပ်ာ္ေတာ့ပဲ။ ဘ၀ကို ေလဆန္လွန္ခ်င္ တဲ့ ငယ္စိတ္ေၾကာင့္လည္းျဖစ္မယ္။ က်ေနာ္ ေက်ာင္းတက္ဖို႔ ျငင္းဆန္ၿပီး ေက်ာင္းမသြား၊ အလုပ္ေတြ လုိက္ရွာေနတာ တလေက်ာ္ ေက်ာင္းဖြင့္ရက္ေတြလြန္ကုန္ပါတယ္။ ေတေပေလလြင့္ခ်င္တဲ့လူငယ္ၿမီးေကာင္
ေပါက္တေယာက္ရဲ႕ဘ၀အေပၚ ထင္သလို ထြက္ေပါက္ရွာလိုျခင္းလုပ္ရပ္ တခုပါပဲ။

“ေက်ာင္းခန္းထဲကိုလည္း လြယ္အိတ္အႀကီးႀကီး အေလးႀကီးကိုလြယ္၊ ကားယားကားယားနဲ႔ ေက်ာင္းတက္ လာတဲ့ က်ေနာ့္ လြယ္အိတ္ထဲမွာ ဇီးထုပ္ေတြ၊ ဇီးျပားေတြ၊ မုန္႔ပဲသားရည္စာေတြ ပါပါတယ္။ ေက်ာင္းသား အခ်င္းခ်င္း မုန္႔ျပန္ေရာင္းၿပီး ရလာတဲ့ အျမတ္ေလးကသာ က်ေနာ့္ တေန႔စာ မုန္႔ဖိုးျဖစ္ေလေတာ့”

“ဒီလိုဘ၀သာ ခပ္ၾကမ္းၾကမ္း ျဖတ္သန္းခဲ့ဖူးေပမဲ့ မိခင္ျဖစ္သူေဒၚခင္သီရဲ႕ တင္းၾကပ္တဲ့ စာရိတၲသြန္သင္ ႀကီးၾကပ္မႈေအာက္မွာ က်ေနာ္တို႔ ညီအစ္ကို ငါးေယာက္စလံုးဟာ ရိုးရိုးက်င့္ ျမင့္ျမင့္ႀကံ ရိုးသားေျဖာင့္မတ္မႈ ကိုသာ အေလးထားက်င့္ႀကံလိုတဲ့ စိတ္ထားေတြ ခိုင္ခိုင္ရရွိခဲ့ပါတယ္”

“ဒါေၾကာင့္မို႕လည္း ထင္ပါတယ္။ က်ေနာ္ ရိုးသားစြာ ၀မ္းစာရွာရတဲ့ ဘယ္အလုပ္ကို မဆို မရွက္မေၾကာက္ လုပ္ရဲ လုပ္တတ္ခဲ့ပါတယ္။ ဘာကိုမွလည္း အားမနာတတ္တာ ဒါေၾကာင့္လည္းပါပါမယ္”

သူသည္ “ျမန္မာ့လူေနမႈ ဘဝတုိးတက္ျမင့္မားေရးကြန္ရက္” ကုိ ဦးေဆာင္ကာ ေက်းလက္ေဒသ လွ်ပ္စစ္မီး
ရရွိေရး၊ ေသာက္သံုးေရဖူလံုေရး၊ မိဘမဲ့ကေလးငယ္မ်ား ျပဳစုေစာင့္ေရွာက္ေရးစသည့္ ေတာေနလူတန္းစား
ျပည္သူလူထု၏ ပညာေရး က်န္းမာေရးလုပ္ငန္းမ်ားအား သူ႔ကိုယံုၾကည္ေထာက္ခံသည့္ ျပည္တြင္း ျပည္ပ အလႉရွင္မ်ား၏ အကူအညီျဖင့္ တတ္အားသမွ် ေဆာင္ရြက္ေနေသာ သတင္းမ်ားကုိလည္း အဆက္မျပတ္ ၾကားသိေနရသည္။

အမ်ားစြန္႔ခြာႏုိင္ရန္ ခက္ခဲသည့္ အခြင့္ထူးခံအမ်ားစု ေပ်ာ္ေမြ႔ရာအရပ္ကုိ သူေက်ာခိုင္းခဲ့ပံုကုိလည္း သူ ကုိယ္ တုိင္ေအာက္ပါ အတုိင္းမွတ္တမ္းတင္ခဲ့သည္။

“စစ္အာဏာရွင္ေခတ္ အရွိန္အျမင့္ဆံုး ၂၀၀၃ ခုႏွစ္ ကတည္းက က်ေနာ္ တပ္မေတာ္ကေန စစ္မႈထမ္း အျဖစ္မွ မိမိ သေဘာအေလ်ာက္ ႏႈတ္ထြက္လိုပါေၾကာင္း ႏႈတ္ထြက္ခြင့္ တင္ခဲ့ပါတယ္။ ခမရ (၁၉) ဆြာၿမိဳ႕ မွာ ခြဲ(၄) တပ္ခြဲမႉးအျဖစ္ ကယားျပည္နယ္နဲ႔ ကရင္ျပည္နယ္ကို စစ္ဆင္ေရးေတြ မၾကာခန ထြက္ေနရတဲ့ အခ်ိန္ျဖစ္ပါတယ္။ က်ေနာ့္ကို စစ္ဆင္ေရး မသြားဖူးတဲ့ တပ္ထိန္းလို႔ ေျပာေနတာ ၾကားေတာ့ ရယ္ခ်င္မိ တယ္။ က်ေနာ့္အေရွ႕က တေယာက္ေက်ာ္ စစ္သည္ မိုင္းနင္းမိတယ္။ က်ေနာ့္ အေနာက္ကပ္လ်က္က လိုက္လာတဲ့ အထမ္းသမား မိုင္းနင္းမိတယ္။ ကံသီလို႔ စစ္အာဏာရွင္ စနစ္ဆိုးအေမြအျဖစ္ က်ေနာ့္
ေျခႏွစ္ဖက္ အေကာင္းက်န္ ေနေသးတာ”

“တိုင္းရင္းသားေက်းရြာလိုက္ မီးရိႈ႕မႈေတြ စစ္သည္ အခ်င္းခ်င္းအၾကား ေျပာေနၾကတဲ့ သတ္ၾကျဖတ္ၾက မုဒိန္းက်င့္ၾကတဲ့ အေၾကာင္းေတြ။ ကိုယ့္ဘက္ေရာ တိုင္းရင္းသားေတြဘက္ပါ ေသၾကေၾကၾက၊ ျပတ္ၾက၊ ငိုၾက၊ ေဆြးၾက အံႀကိတ္ၾကနဲ႔ ေလာကႀကီးဟာ နာက်ည္းမုန္းတီး ငိုညည္းရိႈက္သံေတြနဲ႔ စိုေျပစိမ္းလန္းမႈ ကင္းမဲ့လြန္းတဲ့ လူ႔ဘုံခန္းနာ (ခန္းဝါမဟုတ္) ရပ္၀န္းကို အေတာ္စိတ္ပ်က္လြန္းလို႔ ထြက္ခြင့္တင္ခဲ့တာ”

“တခ်ဳိ႕ကေျပာတယ္။ ေရွ႕တန္းမွာ ေသမွာေၾကာက္လို႔ မင္းတပ္က ထြက္ခြင့္တင္တာ မဟုတ္လားတဲ့။ မွန္တယ္။ ေသမွာေၾကာက္လို႔ ဒါေပမယ့္ တန္ဖိုးရွိတဲ့ ေသျခင္းမဟုတ္ဘဲ ေရွ႕တန္းမွာ တိုက္ပြဲက်လို႔ ကိုယ္ေသသြားတာေတာင္ သတင္းစာမွာ ကိုယ့္မိဘေတြက ထည့္သြင္းေၾကာ္ျငာခြင့္ မရခဲ့တဲ့ လူမသိသူမသိ ေသသြားရတာမ်ဳိး မလိုခ်င္ဘူး”

“စစ္ဗိုလ္ခ်ဳပ္တစု စစ္ဦးစီးဌာနက စစ္ဗိုလ္တစု စစ္သံုးေျမပံုၾကည့္ၿပီး သူတို႔ စိတ္ထင္သလိုေပးတဲ့ ဟိုရြာဖ်က္ ဒီရြာကို မီးရိႈ႕ခဲ့ဆိုတဲ့ အမိန္႔ေတြ တိုင္းရင္းသားေဒသ ေျမပံုညႊန္း အမဲေရာင္နယ္ေျမအတြင္း အစိတ္သား အရြယ္ကေလးေတာင္ မခ်န္နဲ႕ တခါတည္း သတ္ပစ္ခဲ့့ ေျမျမဳပ္ပစ္ခဲ့လို႔ ႏႈတ္မိန္႔နဲ႔ ေျပာၾကား ခိုင္းေစတဲ့ ရက္စက္တဲ့ အမိ္န္႔ေတြ ထင္သလို ခိုင္းတဲ့ သတ္ျဖတ္မႈအမိန္႔ေတြကို စိတ္ပ်က္တယ္”

“ကိုယ့္တိုင္းရင္းသား ေဆြမ်ဳိးအခ်င္းခ်င္း စစ္ခင္းသတ္ျဖတ္ၿပီး သူပစ္ကိုယ္ပစ္နဲ႔ အခ်ည္းႏွီး ေသဆံုးရမွာမ်ဳိး ကိုေၾကာက္တယ္”

“တကယ္ေတာ့ က်ေနာ္တပ္မေတာ္ထဲ ၀င္ခဲ့တာဟာ ျပည္ေထာင္စုတရပ္လံုးကို ကာကြယ္ေစာင့္ေရွာက္ခ်င္ လို႔ ၀င္တာ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ၾကည္ညိဳေလးစား ခ်စ္ခင္စိတ္နဲ႕ အသက္ ၁၇ႏွစ္ အရြယ္ဘာမွမသိ နားမလည္ပဲ အာဏာရွင္တို႕ ခါးပိုက္ေဆာင္လုပ္ထားတဲ့ စစ္တပ္ထဲကို မ်ဳိးခ်စ္စိတ္ဆိုတာ တခုထဲနဲ႔ ၀င္ ခဲ့မိတာ”

“ေငြကို ေရလိုသံုးေနတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြ အာဏာတန္ခိုးထြားႏိုင္ဖို႕ ေအာက္ေျခက က်ေနာ္တို႔ စစ္သား စစ္ဗိုလ္ေတြက အသက္နဲ႔ရင္းၿပီး တုိင္းရင္းသား အခ်င္းခ်င္း စစ္ခင္းသတ္ျဖတ္ အႏိုင္ယူတိုက္ခိုက္ေခ်မႈန္း ဟိုဘြဲ႔ သည္ဘြဲ႔ သူရဘြဲ႔ လိုခ်င္လို႔ တပ္ထဲ၀င္တာမဟုတ္ဘူး”

“တိုင္းရင္းသား ျပည္ေထာင္စုတရပ္လံုး အတြက္ တန္ဖိုးရွိ အက်ဳိးရွိမဲ့လုပ္ရပ္မ်ဳိး လုပ္ေဆာင္ထမ္းရြက္ရင္း
ေသဆံုး က်ဆံုးရတာမ်ဳိးကိုသာ အက်ဳိးရွိေသာ ေသဆံုးျခင္းလို႔ ခံယူတယ္၊ ဒါေၾကာင့္ တပ္မေတာ္ကေန ႏႈတ္ထြက္ခြင့္တင္ခဲ့တယ္။

လြန္ခဲ့ေသာ၂၀၁၄ ခုႏွစ္ ေအာက္တုိဘာလဆန္းကလည္း ဖူးခက္စာေပေဟာပြဲမွာ ေအာ္ပီက်ယ္၊ ဂ်က္ (ကြမ္းၿခံကုန္း) တုိ႔ႏွင့္အတူ သူ႔ကုိ ဒုတိယအႀကိမ္ ဆံုရျပန္ပါသည္။

ေနာက္ဆံုး စာေပေဟာေျပာပြဲညက အခမ္းအနားၿပီးဆံုးခ်ိန္သည္ ညဥ့္နက္လွၿပီျဖစ္၍ အားလံုး ဝမ္းဟာေန ၾကခ်ိန္တြင္ သူသည္ ပါေတာင္ကမ္းေျခ၌ သဲထဲတြင္ ဘီးနစ္ေနေသာကားတစီးကုိ ျမန္မာေရြ႕ေျပာင္း အလုပ္သမားမ်ားႏွင့္အတူ ကူတြန္းရင္း ေခၽြးသံတရႊဲရႊဲႏွင့္ ျဖစ္ေနခဲ့သည္။

သူမျပန္မီ တရက္အလုိတြင္ သူ႔ကုိဆန္႔က်င္သူ လူငယ္တစ္ဦး၏ ေစာ္ကားေမာ္ကား အျပဳအမူကုိ ထံုးစံအ တုိင္း ႀကံဳေတြ႔ခဲ့ရေသာ္ျငား ေအးေဆးတည္ၿငိမ္စြာပင္ သူရင္ဆုိင္ျဖတ္ေက်ာ္ခဲ့သည္။

ဤစာေရးေနခ်ိန္တြင္ ေနမ်ဳိးဇင္သည္ လက္ပံေတာင္းေတာင္ အေရးအတြက္ လူထုဘက္မွ ရပ္တည္မႈ
ေၾကာင့္ ေထာင္နံရံအတြင္းသုိ႔ ပဥၥမအႀကိမ္ေျမာက္ အလည္ေရာက္ရွိေနျပန္ေလၿပီ။

ေျခာက္ပစ္ကင္းသည့္ ပုထုဇဥ္ဟူသည္ ဘယ္အခ်ိန္ကမွ် လူ႔သမုိင္းတြင္ မေပၚေပါက္ခဲ့ဖူးေခ်။

ဤေဆာင္းပါးသည္ ေနမ်ဳိးဇင္အား ဧရာမသူရဲေကာင္းအျဖစ္ စ်ာန္းတင္ရန္ ရည္ရြယ္သည္ မဟုတ္ေခ်။

သူ႔လုပ္ရပ္မ်ားႏွင့္ လူထု၏ အဆံုးအျဖတ္သည္သာ အခရာျဖစ္လ်က္ သူ႔သမုိင္းကုိ ပုိင္းျဖတ္ေဖာ္က်ဴးေပ လိမ့္မည္။

က်ေနာ္တဦးတည္း၏ သေဘာဆႏၵအရဆုိလွ်င္ သူသည္ ျမန္မာ့ေတာေန ေက်ာမြဲတုိ႔၏ ေမွ်ာ္လင့္ခ်က္ ေရာင္
ျခည္ ေကာက္ရုိးတမွ်င္အျဖစ္ ေလးစားဂုဏ္ယူလုိပါသည္။

ေနမ်ဳိးဇင္ သုိ႔မဟုတ္ ေနႀကီး သုိ႔မဟုတ္ လူထုက ေရႊဘဟု ခ်စ္စႏုိး ကင္မြန္းတပ္ၾကသည့္ သူလုိလူမ်ဳိးသည္ စစ္ဝါဒီစနစ္ဆုိးကုိ ၿဖိဳဖ်က္တြန္းလွန္ေနခ်ိန္၌ မရွိမျဖစ္ လုိအပ္သည္ဟု က်ေနာ္အေလးအနက္ ထင္ျမင္ယံု ၾကည္သည္။

သူ႔အေၾကာင္းကုိ စဥ္းစားမိေလတုိင္း က်ေနာ္အၿမဲလိုလုိ ၾကားေယာင္ေနေသာ သူ႔စကားတခြန္းရွိ၏။

“က်ေနာ္ ေငြေၾကးအသျပာ ရတနာ ပိုင္ဆိုင္မႈ စည္းစိမ္ေတြဘာမွ မရွိေပမယ့္ စိတ္လိပ္ျပာေတာ့ ရွင္းသဗ်ာ။ အအိပ္ေျဖာင့္တယ္။ အိပ္မက္လွတယ္။ ၿငိမ္းခ်မ္းတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ကိုယ့္ဘာသာ ျပံဳးေနမိတဲ့ အခ်ိန္ေတြမ်ားတယ္။ ဒီေလာက္ ခ်မ္းသာတဲ့ ဘ၀ကိုပဲ က်ေနာ္ေပ်ာ္တယ္ဗ်ာ”

မင္းဒင္ | ဧရာ၀တီ 

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


နိုင်ငံတကာဧည့်သည်တို့ ဥဒဟိုဝင်ထွက်ကြလျက် စည်ပင်ဖွံ့ဖြိုးနေသည့် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ကြီးတွင် ကျနော်သည် အချိန်ကာလအများစုကို အခန်းအောင်းရင်း ကုန်လွန်စေရသူဖြစ်ပါသည်။

စာဖတ်ခြင်း၊ စာတိုပေစရေးသားခြင်း အွန်လိုင်းမိတ်ဆွေတချို့နှင့် အွန်လိုင်းတွင်အချီအချ အပြန်အလှန်
ဆွေးနွေးခြင်း စသည့် ပြုမြဲအလုပ်တို့ဖြင့်သာ ပျင်းရိငြီးငွေ့ဖွယ် ကာလများကို ဖြတ်ကျော်နေသူဖြစ်၏။

ဆိုလိုသည်မှာ ကမ္ဘာလှည့်ခရီးသည်များက နိဗ္ဗာန်ဘုံဟု တင်စားခေါ်ဝေါ်ကြသည့် ဖူးခက်တွင် နေထိုင်သော ကျနော်သည် အပြင်ထွက်ခဲသူဖြစ်၏။

သို့သော် ဧည့်သည်ငတ်နေသူပီပီ မြန်မာမိတ်ဆွေတချို့ ဖူးခက်မြို့ဆီသို့ အလည်အပတ် လာရောက်သည့် သတင်းကြားလျင်မူ မည်သည့်နေရာတွင် တည်းခိုသည်ဖြစ်စေ တကူးတက သွားရောက်တွေ့ဆုံလေ့ရှိ သည်။

ကျနော့်ဇာတိနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို နားနှင့်ဆတ်ဆတ် ကြားလိုသည့်ဆန္ဒနှင့် မြို့ခံတယောက် အနေဖြင့် တတ်နိုင်သမျ ဝတ္တရားကျေလိုသည့် စိတ်အခံကြောင့်ဖြစ်၏။

“ကိုနေမျိုးဇင် ဖူးခက်ကို ရောက်နေတယ် အစ်ကိုကြီး။ သူလည်း တွေ့ချင်တယ်ပြောနေတယ်၊ ဘယ်အချိန် အားတုန်း”

“အားပါတယ်။ ဒီညပဲတွေ့တာပေါ့ကွာ”

လွန်ခဲ့သော သုံးလခန့်ကမူ ပါတောင်ကမ်းခြေမှ ဟိုတယ်ဝန်ထမ်း မောင်နိုင်က ကျနော့်ထံ တယ်လီဖုန်း ဆက်လာခဲ့ရာ အထက် ဖော်ပြပါအတိုင်း ဝမ်းမြောက်ဝမ်းသာ ကျနော် တုန့်ပြန်ခဲ့မိသည်။

ကျနော်သည် ကိုနေမျိုးဇင်နှင့် လူကိုယ်တိုင် မဆုံခဲ့ဖူးသော်ငြား အွန်လိုင်းတွင် ဆုံ၍မာကြောင်းသာကြောင်း
တခွန်းစနှစ်ခွန်းစ ပြောဆိုခဲ့ဖူးပါ၏။

သူ့ဘဝသူ့အကြောင်းနှင့် သူ့လုပ်ဆောင်ချက်များအပြင် သူ့ကို ထောက်ခံအားပေးသူများနှင့် သူ့ကိုဆန့်ကျင် အပုပ်ချ တိုက်ခိုက်နေကြသူများ၏ အသံဗလံမျိုးစုံကိုလည်း မီဒီယာများမှတဆင့် ကြားသိနေခဲ့၏။

မှန်ရာကိုဝန်ခံရလျင် ထိုသို့ကြားသိနေခဲ့သမျ အခြေအနေအပေါ် မူတည်၍ သူမည်သို့သော လူစားမျိုးဖြစ် သည်ကျနော် ယတိပြတ်ကောက်ချက် မချနိုင်ခဲ့ချေ။

ထို့ကြောင့် သူနှင့်မျက်နှာချင်းဆိုင် စကားပြောရင်း သူ့စိတ်ဓာတ် သူ့စရိုက်ကိုကောင်းလေစွဟု မျော်လင့်ခဲ့ ဖူးသည်။ ယခုမူ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ ဖူးခက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။

ထိုသို့လျင် ကျနော်နှင့် ကိုနေမျိုးဇင် ဖူးခက်မြို့မှ နာမည်ကျော် စင်ထရယ်ကုန်တိုက်ကြီး Central Festival ၏ တတိယထပ် Wine conection အနောက်တိုင်း စားသောက်ဆိုင်တခုမှာ ပထမဦးဆုံးအကြိမ် လူချင်းဆုံ မိခဲ့ကြသည်။

အဖော်အဖြစ် ဟိုတယ်မန်နေဂျာ ကိုကျော်ကျော်ခိုင်နှင့်အတူ ချိန်းဆိုထားသည့် စင်ထရယ်ကုန်တိုက်၏
ပထမထပ်ရှိ ရွေ့လျားစက်လှေခါး ခြေရင်းတွင် လူချင်းဆုံမိသည်နှင့် ကျနော် ပထမဆုံး အကဲခတ်မိသည်မှာ
သူသည် တောသားမြို့ရောက်ဟူသော စကားကို သတိရစရာ ကောင်းပါသည်။ သူသည်အရပ် အမောင်း အတန်မြင့်၏။

အသက်လေးဆယ်ဝန်းကျင်ဟု ခန့်မှန်းနိုင်ပြီး စစ်ဗိုလ်လူထွက်ဖြစ်၍ထင့်၊ လှုပ်ရှားသွားလာမှု မြန်ဆန်သွက် လက်သည်။

ဘန်ကောက်နှင့် စင်ကာပူသို့ သူရောက်ဖူးသည်ကို ကျနော်သိနေသည့်တိုင် အတန်ငယ် ခန်းနားသော ဝန်းကျင်အခြေအနေကို သူစိတ်အိုက်လျက် ရှိပုံရသည်။

ကိန်းကြီးခန်းကြီး မနေတတ်သည့် ရိုးရှင်းသော သူ့စိတ်ဓာတ်ကို သူ့စကားများက သက်သေခံလျက်ရှိ၏။

“ကိုနေမျိုးဇင် ခင်ဗျားကြိုက်တာမှာနော်”

“ကျနော်ဘာမှ မမှာတတ်ပါဘူး၊ အဆင်ပြေမယ်ထင်တာသာ လုပ်ပါ”

“ဝိုင်တော့နည်းနည်း သောက်လို့ရမယ် ထင်ပါရဲ့”

“ကျနော်ဟိုတုန်းက အရက်နဲ့မကင်းခဲ့ပါဘူး၊ အခုကျနော်လုပ်နေတဲ့အလုပ်နဲ့ မကိုက်လှတာမို့ မသောက်ပါ ရစေနဲ့”

“ခင်ဗျားအတွက် ဥရောပအစားအစာတခုခု Set Menu နဲ့ မှာလိုက်မယ်”

“ဟာ … ကျနော် ဓား၊ ခရင်းနဲ့ ဇွန်းတွေ ကောင်းကောင်း မကိုင်တတ်ဘူးနော်”

သူဟန်ဆောင်နေခြင်း မဟုတ်ကြောင်း စားသောက်ဝိုင်းမှာ သူ့လှုပ်ရှားမှု မှန်သမျ အသေးစိတ်လေ့လာ အကဲခတ်နေသည့် ကျနော်အနေဖြင့် အတန်ငယ် စိတ်မကောင်းဖြစ်မိသည်ကား အမှန်။

ထိုင်းနိုင်ငံ အနှံ့အပြားသို့ ပြဲပြဲစင်အောင် ရောက်ခဲ့သည့် ကျနော်သည် ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်နှင့် ရနောင်း အပါအဝင် ထိုင်းနိုင်ငံ မြို့ကြီးအတော်များများတွင် ပြည်ပရောက် အတိုက်အခံ တော်လှန်ရေး
ခေါင်းဆောင်ဆိုသူများ၊ အဝေးရောက် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူအများအပြားနှင့် ကျနော် ကြိမ်ဖန်များ စွာဆုံခဲ့ဖူးလေရာ အများစုမှာ ဟိတ်ကြီးဟန်ကြီးသည့် လူစားတို့များသာတည်း။

ကိုနေမျိုးဇင်ကား ထိုသူတို့နှင့် လုံးလုံးလျားလျား ကွဲပြားလျက်ရှိ၏။ ဖူးခက်တွင် သူရှိနေခဲ့သောရက်များ အတွင်း သူသည် ဖူးခက်မြို့အနှံ့မှ မြန်မာရွေ့ပြောင်း အလုပ်သမားအကြားမှာ သူပျော်နေခဲ့သည်။

ရွေ့ပြောင်း အလုပ်သမားတို့ကလည်း သူ့ကို ဝမ်းသာအားရ နွေးထွေးစွာ ကြိုဆိုကြသည်။ ထိုရက်ပိုင်းများ အတွင်း ဖေ့စ်ဘွတ်အွန်လိုင်း စာမျက်နှာတချို့တွင် နေမျိုးဇင် ဖူးခက်ကမ်းခြေမှာ အလှူငွေတွေနှင့် အပျော် လိုက်နေပြီဆိုသည့် အခြေအမြစ် မရှိသည့် အမနာပ သတင်းအချို့ကို လည်းဖတ်ရှုရသည်။

ရေးသားကြသူများ အများစုမှာ ကိုနေမျိုးဇင် ကျင်လည်ခဲ့သော တပ်မတော် အဝန်းအဝိုင်းမှပင် ဖြစ်ကြ၍ သူခိုးက လူပြန်ဟစ် ဟူသော စကားကို အမှတ်ရစရာ ကောင်းလှသည်။

မြန်မာပြည်၏ ခေတ်ဆိုးခေတ်ကြပ်ကြီးကို ဖန်တီးခဲ့ကြသော လက်သည်တရားခံတို့သည် ကိုနေမျိုးဇင်အား ယင်းတို့နှင့် ကြံရာပါ မဖြစ်ခြင်းအတွက် အမျက်ဒေါသ ချောင်းချောင်းထွက်ကြဟန် ရှိသည်။

သိက္ခာမဲ့စွာ အပုတ်ချခြင်းကို ထောက်ချင့်၍ သူ့အပေါ် ရန်ငြိုးသိုမှု ပြင်းထန်လှကြောင်း ထင်ရှားသည်။

သူ ဆန့်ကျင်ရုန်းထွက်ခဲ့သော ဝန်းကျင်သည် အမိန့်နာခံမှု အစဥ်အလာကြီးမားသော မြန်မာနိုင်ငံကို ဆင်းရဲတွင်း နက်စေခဲ့သော စစ်ဝါဒီတို့ ကြီးစိုးရာအရပ်ဖြစ်၏။

သူသည် အားပြိုင်မှု နှစ်ခုကြားက လူဖြစ်၏။ လူထု ရွံ့ရှာမုန်းတီးနေသည့် အုပ်စု၏ မျက်နှာစာဘက်မှသည် လူထုဘက်တော်သား အဖြစ် ကူးပြောင်းခံယူခဲ့သူ ဖြစ်သည်။

ဤအတွက် သူ့အပေါ် တဖက်စောင်းနင်း ဝေဖန်တိုက်ခိုက်မှုများမှာ အလေးအနက် စေ့ငုလျင် ထူးလျက်နှင့် ဆန်းသည်ဟု မဆိုသာလေ။

နေမျိုးဇင်ကို ဆင်းရဲနွမ်းပါးလှသော ရေနံဝန်ထမ်း အဘဦးငွေဇင်၊ မိခင်ဒေါ်ခင်သီတို့မှ ခရစ်သက္ကရာဇ် ၁၉၇၅ ခုနှစ် ဇွန်လ ၁ဝ ရက်တွင် ရန်ကုန်မြို့၌ဖွားမြင်ခဲ့သည်။

သူသည် မြန်မာ့တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိ၏ သဘောဆန္ဒအေ
လျောက်တပ်မှ နှုတ်ထွက်ခဲ့သူဖြစ်၏။

သူ ဖြတ်သန်းခဲ့သည့် သူ့ဘဝပုံရိပ်ကို သူကိုယ်တိုင် စာပန်းချီခြယ်ခဲ့ရာ သူ့စိတ်ဓာတ်သူ့စရိုက်ကို သူ့စာများ မှတဆင့် အကဲဖြတ်နိုင်၊ လေ့လာနိုင်သည်။

“ကျနော်ဆိုသော လူသေးသေးလေးကို မွေးမွေးချင်းကပင် လောကဓံက ခပ်ကြမ်းကြမ်း ကြိုဆိုခဲ့ပါသည်။ မျက်စိကောင်းစွာ မမြင်သော အမေစုဆိုသည့် ဝမ်းဆွဲသည် အဖွားအိုက မိခင်ဝမ်းမှ ကွတ်လွတ်မွေးဖွား လာသော သားကင်းငယ်လေးကို လက်ဖြင့် ဖမ်းမမိလိုက်၊ လွတ်ထွက်သွားသည်။ ဒုန်းကနဲ ကွပ်ပျစ်ပေါ် တစုံတခု ပြုတ်ကျသံနှင့်အတူ ကလေးတဦး၏ ဝါးကနဲ စူးရဲစွာ အော်ငိုသံကြားမှ ကလေး မွေးသွားပြီကို သိလိုက်သည်”

“လူမှန်းသိတတ်စ ငါးတန်း ခြောက်တန်းအရွယ် ကလေးဘဝ ကျနော့် ပုံရိပ်တွေကတော့ ခွေးနဲ့ မောပန်း
နွမ်းနယ်မှုတွေနဲ့ အပြည့်နဲ့ပေါ့လေ။ မုုန့်လုံးကြီး အကြော်သည် မိခင်ကြီးအတွက် မနက်သုံးနာရီဆို ဆယ့် တစ်နှစ်သားလေး ကျနော်လည်း အိပ်ရာကထနေရပါပြီ။ မုန့်လုံးကြီးကြော််၊ ပဲကပ်ကြော်၊ ဗယာကြော် စတာတွေကို လဘက်ရည်ဆိုင်တွေအတွက် ဖောက်သည်ပေးပို့ဖို့ အစောကြီး ထကြော်ခဲ့ရတဲ့ မိခင်အတွက် ကျနော်ဟာ နေ့စဥ်မီးမှေး ဆီအိုးတည် မုန့်လုံးပေးခဲ့သူပါ။ ကျောင်းမသွားခင် အလုအယက် လမ်းတကာ့ လမ်း လျောက်သွား၊ ဗန်ဒါပင်လေးတွေက အရွက်လေးတွေကို လိုက်ခူး လွယ်အိတ်တလုံးနဲ့ ပုဇွန်စာရွက်
တွေလိုက်ရှာခူး၊ စျေးစည်ကားချိန်ဆို မုန့်ဗန်းကို ခေါင်းမှာရွက် သုဝဏ္ဏစျေးထဲမှာ လှည့်ပတ်ပြီး မုန့်တွေမ ကုန်မချင်း မုန့်လုံးကြီးကြော်၊ ပဲကပ်ကြော်၊ ဗယာကြော်လို့ တကြော်ကြော်အော်၊ လိုက်ပတ်ရောင်း အမေကို အလုပ်ကူရင်း နေ့ခင်းဘက် ကျောင်းမသွားခင် ကသီလင်တ နေ့စဥ်ဘဝ ရှုပ်ယှက်ခတ်စွာ ဖြတ်ခဲ့ရဖူးသူပါ”

“ခြောက်တန်းကျောင်းသား ဘဝလည်းရောက်ရော ဆင်းရဲလွန်းတဲ့ မိဘတို့ဘဝ ရပ်တည်မှုကို မကြည့်ရက်
တော့တာနဲ့ ကျနော် ကျောင်းမတက်တော့ဘဲ ပန်းရံ မြေတူးကြံုရာကျပန်း လိုက်လုပ်ပြီး မိဘလုပ်ကွေးမယ် လို့ ဆုံးဖြတ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ မနေပျော်တော့ပဲ။ ဘဝကို လေဆန်လှန်ချင် တဲ့ ငယ်စိတ်ကြောင့်လည်းဖြစ်မယ်။ ကျနော် ကျောင်းတက်ဖို့ ငြင်းဆန်ပြီး ကျောင်းမသွား၊ အလုပ်တွေ လိုက်ရှာနေတာ တလကျော် ကျောင်းဖွင့်ရက်တွေလွန်ကုန်ပါတယ်။ တေပေလေလွင့်ချင်တဲ့လူငယ်မြီးကောင်
ပေါက်တယောက်ရဲ့ဘဝအပေါ် ထင်သလို ထွက်ပေါက်ရှာလိုခြင်းလုပ်ရပ် တခုပါပဲ။

“ကျောင်းခန်းထဲကိုလည်း လွယ်အိတ်အကြီးကြီး အလေးကြီးကိုလွယ်၊ ကားယားကားယားနဲ့ ကျောင်းတက် လာတဲ့ ကျနော့် လွယ်အိတ်ထဲမှာ ဇီးထုပ်တွေ၊ ဇီးပြားတွေ၊ မုန့်ပဲသားရည်စာတွေ ပါပါတယ်။ ကျောင်းသား အချင်းချင်း မုန့်ပြန်ရောင်းပြီး ရလာတဲ့ အမြတ်လေးကသာ ကျနော့် တနေ့စာ မုန့်ဖိုးဖြစ်လေတော့”

“ဒီလိုဘဝသာ ခပ်ကြမ်းကြမ်း ဖြတ်သန်းခဲ့ဖူးပေမဲ့ မိခင်ဖြစ်သူဒေါ်ခင်သီရဲ့ တင်းကြပ်တဲ့ စာရိတ္တသွန်သင် ကြီးကြပ်မှုအောက်မှာ ကျနော်တို့ ညီအစ်ကို ငါးယောက်စလုံးဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ ရိုးသားဖြောင့်မတ်မှု ကိုသာ အလေးထားကျင့်ကြံလိုတဲ့ စိတ်ထားတွေ ခိုင်ခိုင်ရရှိခဲ့ပါတယ်”

“ဒါကြောင့်မို့လည်း ထင်ပါတယ်။ ကျနော် ရိုးသားစွာ ဝမ်းစာရှာရတဲ့ ဘယ်အလုပ်ကို မဆို မရှက်မကြောက် လုပ်ရဲ လုပ်တတ်ခဲ့ပါတယ်။ ဘာကိုမှလည်း အားမနာတတ်တာ ဒါကြောင့်လည်းပါပါမယ်”

သူသည် “မြန်မာ့လူနေမှု ဘဝတိုးတက်မြင့်မားရေးကွန်ရက်” ကို ဦးဆောင်ကာ ကျေးလက်ဒေသ လျပ်စစ်မီး
ရရှိရေး၊ သောက်သုံးရေဖူလုံရေး၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးစသည့် တောနေလူတန်းစား
ပြည်သူလူထု၏ ပညာရေး ကျန်းမာရေးလုပ်ငန်းများအား သူ့ကိုယုံကြည်ထောက်ခံသည့် ပြည်တွင်း ပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် တတ်အားသမျ ဆောင်ရွက်နေသော သတင်းများကိုလည်း အဆက်မပြတ် ကြားသိနေရသည်။

အများစွန့်ခွာနိုင်ရန် ခက်ခဲသည့် အခွင့်ထူးခံအများစု ပျော်မွေ့ရာအရပ်ကို သူကျောခိုင်းခဲ့ပုံကိုလည်း သူ ကိုယ် တိုင်အောက်ပါ အတိုင်းမှတ်တမ်းတင်ခဲ့သည်။

“စစ်အာဏာရှင်ခေတ် အရှိန်အမြင့်ဆုံး ၂၀၀၃ ခုနှစ် ကတည်းက ကျနော် တပ်မတော်ကနေ စစ်မှုထမ်း အဖြစ်မှ မိမိ သဘောအလျောက် နှုတ်ထွက်လိုပါကြောင်း နှုတ်ထွက်ခွင့် တင်ခဲ့ပါတယ်။ ခမရ (၁၉) ဆွာမြို့ မှာ ခွဲ(၄) တပ်ခွဲမှူးအဖြစ် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်ကို စစ်ဆင်ရေးတွေ မကြာခန ထွက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော့်ကို စစ်ဆင်ရေး မသွားဖူးတဲ့ တပ်ထိန်းလို့ ပြောနေတာ ကြားတော့ ရယ်ချင်မိ တယ်။ ကျနော့်အရှေ့က တယောက်ကျော် စစ်သည် မိုင်းနင်းမိတယ်။ ကျနော့် အနောက်ကပ်လျက်က လိုက်လာတဲ့ အထမ်းသမား မိုင်းနင်းမိတယ်။ ကံသီလို့ စစ်အာဏာရှင် စနစ်ဆိုးအမွေအဖြစ် ကျနော့်
ခြေနှစ်ဖက် အကောင်းကျန် နေသေးတာ”

“တိုင်းရင်းသားကျေးရွာလိုက် မီးရှို့မှုတွေ စစ်သည် အချင်းချင်းအကြား ပြောနေကြတဲ့ သတ်ကြဖြတ်ကြ မုဒိန်းကျင့်ကြတဲ့ အကြောင်းတွေ။ ကိုယ့်ဘက်ရော တိုင်းရင်းသားတွေဘက်ပါ သေကြကြေကြ၊ ပြတ်ကြ၊ ငိုကြ၊ ဆွေးကြ အံကြိတ်ကြနဲ့ လောကကြီးဟာ နာကျည်းမုန်းတီး ငိုညည်းရှိုက်သံတွေနဲ့ စိုပြေစိမ်းလန်းမှု ကင်းမဲ့လွန်းတဲ့ လူ့ဘုံခန်းနာ (ခန်းဝါမဟုတ်) ရပ်ဝန်းကို အတော်စိတ်ပျက်လွန်းလို့ ထွက်ခွင့်တင်ခဲ့တာ”

“တချို့ကပြောတယ်။ ရှေ့တန်းမှာ သေမှာကြောက်လို့ မင်းတပ်က ထွက်ခွင့်တင်တာ မဟုတ်လားတဲ့။ မှန်တယ်။ သေမှာကြောက်လို့ ဒါပေမယ့် တန်ဖိုးရှိတဲ့ သေခြင်းမဟုတ်ဘဲ ရှေ့တန်းမှာ တိုက်ပွဲကျလို့ ကိုယ်သေသွားတာတောင် သတင်းစာမှာ ကိုယ့်မိဘတွေက ထည့်သွင်းကြော်ငြာခွင့် မရခဲ့တဲ့ လူမသိသူမသိ သေသွားရတာမျိုး မလိုချင်ဘူး”

“စစ်ဗိုလ်ချုပ်တစု စစ်ဦးစီးဌာနက စစ်ဗိုလ်တစု စစ်သုံးမြေပုံကြည့်ပြီး သူတို့ စိတ်ထင်သလိုပေးတဲ့ ဟိုရွာဖျက် ဒီရွာကို မီးရှို့ခဲ့ဆိုတဲ့ အမိန့်တွေ တိုင်းရင်းသားဒေသ မြေပုံညှန်း အမဲရောင်နယ်မြေအတွင်း အစိတ်သား အရွယ်ကလေးတောင် မချန်နဲ့ တခါတည်း သတ်ပစ်ခဲ့ မြေမြုပ်ပစ်ခဲ့လို့ နှုတ်မိန့်နဲ့ ပြောကြား ခိုင်းစေတဲ့ ရက်စက်တဲ့ အမိ်န့်တွေ ထင်သလို ခိုင်းတဲ့ သတ်ဖြတ်မှုအမိန့်တွေကို စိတ်ပျက်တယ်”

“ကိုယ့်တိုင်းရင်းသား ဆွေမျိုးအချင်းချင်း စစ်ခင်းသတ်ဖြတ်ပြီး သူပစ်ကိုယ်ပစ်နဲ့ အချည်းနှီး သေဆုံးရမှာမျိုး ကိုကြောက်တယ်”

“တကယ်တော့ ကျနော်တပ်မတော်ထဲ ဝင်ခဲ့တာဟာ ပြည်ထောင်စုတရပ်လုံးကို ကာကွယ်စောင့်ရှောက်ချင် လို့ ဝင်တာ။ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား ချစ်ခင်စိတ်နဲ့ အသက် ၁၇နှစ် အရွယ်ဘာမှမသိ နားမလည်ပဲ အာဏာရှင်တို့ ခါးပိုက်ဆောင်လုပ်ထားတဲ့ စစ်တပ်ထဲကို မျိုးချစ်စိတ်ဆိုတာ တခုထဲနဲ့ ဝင် ခဲ့မိတာ”

“ငွေကို ရေလိုသုံးနေတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတန်ခိုးထွားနိုင်ဖို့ အောက်ခြေက ကျနော်တို့ စစ်သား စစ်ဗိုလ်တွေက အသက်နဲ့ရင်းပြီး တိုင်းရင်းသား အချင်းချင်း စစ်ခင်းသတ်ဖြတ် အနိုင်ယူတိုက်ခိုက်ချေမှုန်း ဟိုဘွဲ့ သည်ဘွဲ့ သူရဘွဲ့ လိုချင်လို့ တပ်ထဲဝင်တာမဟုတ်ဘူး”

“တိုင်းရင်းသား ပြည်ထောင်စုတရပ်လုံး အတွက် တန်ဖိုးရှိ အကျိုးရှိမဲ့လုပ်ရပ်မျိုး လုပ်ဆောင်ထမ်းရွက်ရင်း
သေဆုံး ကျဆုံးရတာမျိုးကိုသာ အကျိုးရှိသော သေဆုံးခြင်းလို့ ခံယူတယ်၊ ဒါကြောင့် တပ်မတော်ကနေ နှုတ်ထွက်ခွင့်တင်ခဲ့တယ်။

လွန်ခဲ့သော၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကလည်း ဖူးခက်စာပေဟောပွဲမှာ အော်ပီကျယ်၊ ဂျက် (ကွမ်းခြံကုန်း) တို့နှင့်အတူ သူ့ကို ဒုတိယအကြိမ် ဆုံရပြန်ပါသည်။

နောက်ဆုံး စာပေဟောပြောပွဲညက အခမ်းအနားပြီးဆုံးချိန်သည် ညဥ့်နက်လှပြီဖြစ်၍ အားလုံး ဝမ်းဟာနေ ကြချိန်တွင် သူသည် ပါတောင်ကမ်းခြေ၌ သဲထဲတွင် ဘီးနစ်နေသောကားတစီးကို မြန်မာရွေ့ပြောင်း အလုပ်သမားများနှင့်အတူ ကူတွန်းရင်း ခွေးသံတရှဲရှဲနှင့် ဖြစ်နေခဲ့သည်။

သူမပြန်မီ တရက်အလိုတွင် သူ့ကိုဆန့်ကျင်သူ လူငယ်တစ်ဦး၏ စော်ကားမော်ကား အပြုအမူကို ထုံးစံအ တိုင်း ကြံုတွေ့ခဲ့ရသော်ငြား အေးဆေးတည်ငြိမ်စွာပင် သူရင်ဆိုင်ဖြတ်ကျော်ခဲ့သည်။

ဤစာရေးနေချိန်တွင် နေမျိုးဇင်သည် လက်ပံတောင်းတောင် အရေးအတွက် လူထုဘက်မှ ရပ်တည်မှု
ကြောင့် ထောင်နံရံအတွင်းသို့ ပဥ္စမအကြိမ်မြောက် အလည်ရောက်ရှိနေပြန်လေပြီ။

ခြောက်ပစ်ကင်းသည့် ပုထုဇဥ်ဟူသည် ဘယ်အချိန်ကမျ လူ့သမိုင်းတွင် မပေါ်ပေါက်ခဲ့ဖူးချေ။

ဤဆောင်းပါးသည် နေမျိုးဇင်အား ဧရာမသူရဲကောင်းအဖြစ် စျာန်းတင်ရန် ရည်ရွယ်သည် မဟုတ်ချေ။

သူ့လုပ်ရပ်များနှင့် လူထု၏ အဆုံးအဖြတ်သည်သာ အခရာဖြစ်လျက် သူ့သမိုင်းကို ပိုင်းဖြတ်ဖော်ကျူးပေ လိမ့်မည်။

ကျနော်တဦးတည်း၏ သဘောဆန္ဒအရဆိုလျင် သူသည် မြန်မာ့တောနေ ကျောမွဲတို့၏ မျော်လင့်ချက် ရောင်
ခြည် ကောက်ရိုးတမျင်အဖြစ် လေးစားဂုဏ်ယူလိုပါသည်။

နေမျိုးဇင် သို့မဟုတ် နေကြီး သို့မဟုတ် လူထုက ရှေဘဟု ချစ်စနိုး ကင်မွန်းတပ်ကြသည့် သူလိုလူမျိုးသည် စစ်ဝါဒီစနစ်ဆိုးကို ဖြိုဖျက်တွန်းလှန်နေချိန်၌ မရှိမဖြစ် လိုအပ်သည်ဟု ကျနော်အလေးအနက် ထင်မြင်ယုံ ကြည်သည်။

သူ့အကြောင်းကို စဥ်းစားမိလေတိုင်း ကျနော်အမြဲလိုလို ကြားယောင်နေသော သူ့စကားတခွန်းရှိ၏။

“ကျနော် ငွေကြေးအသပြာ ရတနာ ပိုင်ဆိုင်မှု စည်းစိမ်တွေဘာမှ မရှိပေမယ့် စိတ်လိပ်ပြာတော့ ရှင်းသဗျာ။ အအိပ်ဖြောင့်တယ်။ အိပ်မက်လှတယ်။ ငြိမ်းချမ်းတယ်။ နှစ်နှစ်ခြိုက်ခြိုက် ကိုယ့်ဘာသာ ပြံုးနေမိတဲ့ အချိန်တွေများတယ်။ ဒီလောက် ချမ်းသာတဲ့ ဘဝကိုပဲ ကျနော်ပျော်တယ်ဗျာ”

မင်းဒင် | ဧရာဝတီ 

No comments:

Post a Comment