Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

သပိတ်မှောက်ကျောင်းသားများ စစ်ကြောင်း၂ ခုဖြင့် ခရီးရှည်ချီတက်ပွဲ စတင်


အမျိုးသား ပညာရေး ဥပဒေကို သပိတ် မှောက်ထားတဲ့ ကျောင်းသား တွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်း အဖြေရှာရေး အတွက် အချိန်ပေးခဲ့တဲ့ ရာဇသံ ရက် ၆၀ အလွန် လှုပ်ရှားမှု အနေနဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် စစ်ကြောင်း ၂ ခုကို ဒီနေ့ ဇန်န၀ါရီ ၂၀ရက်နေ့ မနက်က စတင်လိုက်ပါတယ်။

မန္တလေးမြို့မှာ အိမ်တော်ရာ ဘုရားဝင်းထဲ စုဝေးနေကြပြီး ထားဝယ်ခရိုင် စစ်ကြောင်းကတော့ လောကမာရဇိန် ဘုရားကြီးဝင်းကနေ ဒီမနက် (၇)နာရီ ထွက်ခွာပါတယ်။

ကျောင်းသား သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ကို ချီတက်လာကြမှာဖြစ်ပြီး ၂ပတ်အတွင်း ရန်ကုန်မြို့မှာ သပိတ်စခန်း ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/77722

No comments:

Post a Comment