Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

နေအိမ်မီးလောင်ကျွမ်းရာမှ ကလေးငယ်နှစ်ဦး သေဆုံး


နောင်ချို၊ ဇန်န၀ါရီ (၁၄)။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ တွင် ဇန်န၀ါရီလ ၁၄ ရက်နေ့  ညပိုင်း ၁၀း၁၅ ခန့် က သွပ်မိုးထရံကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာမှ နေအိမ်ထဲတွင် အိပ်ပျော်နေသော ကလေးငယ်နှစ်ဦး မီးလောင်ကျွမ်းသေဆုံး ခဲ့ကြောင်း နောင်ချို မြို့ ခံတစ်ဦးက ဇန်န၀ါရီလ ၁၄ ရက် ညပိုင်းတွင် Oriental News သို့ပြောသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၄ ရက် ည ၁၀း၁၅ အချိန်က နောင်ချိုမြို့ ၊ ဈေးရပ်ကွက်၊ နယ်မြေ (၁၀) နေ ဦး..................၏ ၁၆x၁၆ ပေ၊ သွပ်မိုးထရံကာ နေအိမ် တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာနေရာသို့  နောင်ချိုမြို့ နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းလွင် ဦးစီးသော မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့ နယ်ရဲတပ်ဖွဲ့ ဝင်များနှင့် ပြည်သူလူထုများ ပေါင်း ၅၀ ဦး ခန့်  တို့ က ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၀း၃၅ မိနစ်ခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး အခြားအိမ်များသို့  မီးကူးစက် လောင် ကျွမ်းခြင်း မရှိခဲ့ဟုလည်း ၄င်းကဆိုသည်။

မီးလောင်ကျွမ်းစဉ်က အဆိုပါနေအိမ်ထဲတွင် ဦး................နှင့် ဇနီးဒေါ်............တို့ ၏ သား မောင်............. (၄)နှစ် နှင့် သမီးဖြစ်သူ မ....................(၇) နှစ်တို့  အိပ်ပျော်နေခဲ့ရာမှ နေအိမ်အတွင်းပင် မီးလောင်ကျွမ်း သေဆုံးခဲ့ကြောင်း သိရသည်ဟုလည်း ၄င်းကပြောသည်။

ဦး................နှင့် ဇနီးတို့ နောင်ချိုမြို့ နယ်၊ ၀ါးပိုးကုန်းကျေးရွာရှိ ဘုရားပွဲသို့  ဈေးရောင်းရန် ညနေပိုင်း ၇ နာရီခန့်  က ထွက်ခွာသွားခဲ့ရာ နေအိမ်တွင် သေဆုံးသူ ကလေး (၂) ဦးသာ ကျန်ခဲ့ပြီး ၄င်းတို့ က ပြူတင်းပေါက်ဘောင်တွင် ဖယောင်းတိုင်ထွန်းညှိထားလျက် အိပ်ပျော်သွားခဲ့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟုလည်း နောင်ချို မီးသတ်တပ်ဖွဲ့ စခန်းမှ တာဝန်ကျ မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်.

မာန်ဟုန်ချီ ( Oriental News)
https://www.facebook.com/pages/Oriental-News/701897493234268?fref=nf

No comments:

Post a Comment