Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ကိုယ်တုံးလုံး မယ်လေးများကြားမှာ အားကစားလုပ်နိုင်အောင် ဝန်ဆောင်ကောင်းခဲ့သည့် အားကစား ခန်းမပိုင်ရှင် အမှုဆိုင်နေရ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ တွင် ကိုယ်ကာယ လေ့ကျင့်သည့် ကလပ်တစ်ခုသို့  လာရောက်ကစားကြသည့် အမျိုးသားများကို ကိုယ်တုံးလုံး မိန်းမပျိုလေးများက ထွေးရောယှက်တင်ပြခြင်း၊ ကလူကျီစယ်ခြင်းများဖြင့် ကလပ်သို့ လာရောက်သူများအောင် ဆွဲဆောင်သည့် အားကစားခန်းမပိုင်ရှင်ကို ဥပဒေအရ အရေးယူရန် ရဲများက ပြင်ဆင်လျက်ရှိသည်။

အားကစားကလပ်အတွင်း အားကစားလည်း လုပ်ရင်း အဖော်အချွတ် မယ်လေးများ၏ ဝန်ဆောင်မှုကိုလည်း ခံစားရင်း ရှိနေသည့် ကလပ်တွင်းက ပုံရိပ်များသည် အွန်လိုင်းပေါ်သို့ ရောက်ရှိသွားပြီးနောက် ရဲများက ယင်းကလပ်ခန်းမ ပိုင်ရှင်ကို တရားစွဲရန် ပြင်ဆင်လာ ရခြင်း ဖြစ်သည်။

ကလပ်ပိုင်ရှင်ဖြစ်သူကို စစ်ဆေးမေးမြန်ရန်အတွက် ရဲဌာနက သမ္မန်ဆင့်ခေါ်ထားပြီဖြစ်သည်။ လိင်ဖျော်ဖြေမှုအတွက် ညစ်ညမ်းသည့် အပြုအမှုအရ ၄င်းကို တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အကယ်၍ အမှုတည်ဆောက်၍ အပြစ်ရှိကြောင်း စစ်ဆေးနိုင်ပါက ယင်းကလပ်ပိုင်ရှင်သည် ထောင်ဒဏ် ၁၀နှစ် ကျခံရမည်ဖြစ်သလို ငွေဒဏ်လည်း ဘတ်ငွေ ၂၀၀၀ နှင့် ၂၀၀၀၀ ကြား ဒဏ်ရိုက်နိုင် မည် ဖြစ်သည်။

အွန်လိုင်းပေါ်ရောက်သွားသည့် ဗီဒီယိုတွင် ပါရှိသည့် မိမွေးတိုင်း ဖမွေးတိုင်း မိန်းမပျိုလေးများကြား အားကစားလုပ်လျက်ရှိသူ လေး ငါး ခြောက်ဦးကိုလည်း စစ်ဆေးမေးမြန်းရန်အတွက် သမ္မန်ဆင့်ခေါ်မည် ဖြစ်ကြောင်းလည်း သိရသည်။

Ref: The Nation
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/37040-2015-01-14-09-19-40

No comments:

Post a Comment