Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

ဗီဒီယို အကြိုခံစားခြင်း-နယ်ရုပ်ကလေးရဲ့ ကျိန်စာတော်


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ် ဇာတ်ကားလေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

ရှိုင်းကောင်မလေးတစ် ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့ရဲ့တွေ့ဆုံမှုက အရမ်းတော့ ကဗျာမဆန်ခဲ့ပါဘူး။ ရှိုင်းတို့ရပ်ထားတဲ့ကားက အဲဒီကောင်မလေးရဲ့ ကားကို ပိတ်ထားတာကြောင့်ကောင်မလေးက သူ့ကားကို ဒေါသတကြီး ကန်နေတာကိုတွေ့ခဲ့တာပါ။ ကိုယ့်ကားကို ကန်နေတာကြောင့် စိတ်တိုပြီး သွားပြောပေမယ့် ကောင်မလေးက သူ့ကို တစ်ခွန်းမှမခံဘဲပြန်လည်ချေပခဲ့ပါတယ်။ နောက်ဆုံး သူ့သူငယ်ချင်းက ကားရွှေ့ပေးတာကြောင့် သူတို့ရဲ့ရန်ပွဲရပ်ခဲ့တာပါ။အဲဒီကောင်မလေးရဲ့ နာမည်က ဝတီပါ။ ဝတီက အမေနဲ့အတူနေတာဖြစ်ပေမယ့် အမေဖြစ်သူရဲ့ လျစ်လျူရှုတာ ကိုခံနေရသူပါ။ ဝတီအမေက ဝတီဘာလုပ်လုပ်ဝင်ရောက်စွက်ဖက်တာမရှိသလို အမေတစ်ယောက်ဖြစ်ပေမယ့် ကောင်းတယ်၊ ဆိုးတယ် တစ်ခါမှပြောလေ့မရှိပါဘူး။

ရှိုင်းကိုသူ့အိမ်က သဘောတူထားတဲ့ ကောင်မလေးတစ် ယောက်ရှိပါတယ်။ ကောင်မလေးနာမည်ကမိုးဆမ်းပါ။ ကောင်မလေးက အိမ်မှုကိစ္စတွေနိုင်နင်းသလို မိန်းကလေးပီသတဲ့ကောင်မ လေးတစ်ယောက်ပါ။ ရှိုင်းက မိုး ဆမ်းကို မချစ်ပေမယ့် လက်ထပ်ဖို့ သင့်တော်သူလို့ မိဘတွေက ရွေးချယ်ပေးထားတာကြောင့် လက်ခံ ထားတာပါ။

ဝတီကို ရှိုင်းနောက်ထပ်တစ် ကြိမ်တွေ့တဲ့ အချိန်မှာလည်း ဝတီရဲ့ ဂျစ်ကန်ကန်ပုံစံနဲ့ပဲတွေ့ခဲ့ရပါ တယ်။ သူနဲ့ တွေ့တဲ့အချိန်တိုင်း တစ်ယောက်တည်း တွေ့နေရတတ်တဲ့ဝတီကို ရှိုင်းစိတ်ဝင်စားခဲ့ ပါတယ်။ အဲဒါကြောင့် သူ့သူ ငယ်ချင်းတစ်ယောက်ဆီကနေ ဝတီအကြောင်းတွေ စုံစမ်းခဲ့ပါ တယ်။ တစ်ရက်မှာတော့ ဝတီထိုင်နေကျဆိုင်မှာ ရှိုင်းသွားထိုင်စောင့်နေခဲ့ပါတယ်။ ဝတီရောက်လာတဲ့အချိန်မှာတော့ ဝတီရဲ့ ရှေ့က ထိုင် ခုံကို ထိုင်ခွင့်တောင်းခဲ့ပါတယ်။ ဝတီက ထိုင်ခွင့်မပေးပေမယ့် ရှိုင်းကထိုင်နေတာကြောင့် ဝတီထထွက်သွားတာကြောင့် ဝတီလက်ကိုဆွဲပြီးတားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝတီကလွှတ်ပေးဖို့ ပြောတာကြောင့် လွှတ်ပေးခဲ့ပါ တယ်။ ဒါပေမဲ့ ဝတီရဲ့ ဖုန်းကတော့ ရှိုင်းဆီမှာ ကျန်ခဲ့ပါ တယ်။ နောက်ရက်မှာတော့ မိုးဆမ်းအမေရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရှိုင်းနဲ့ မိုးဆမ်းတို့ အမြန်ဆုံးလက်ထပ်ဖို့ ဖြစ်လာခဲ့ ပါတယ်။ အရင်ကတည်းကသ ဘောတူထားတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ရှိုင်းဘက်ကလည်း မငြင်းဆန်ခဲ့ပါဘူး။

ရှိုင်း၊ ဝတီနဲ့ မိုးဆမ်းတို့ရဲ့ဇာတ်လမ်း ဘာတွေဆက်ဖြစ်မှာ လဲ။ ဝတီရဲ့အမေကရော ဝတီ့ကို ဘာကြောင့် ဂရုမစိုက်တာလဲဆိုတဲ့ အကြောင်းတွေကိုတော့ သစ္စာနှင်းဆီထုတ်လုပ်ရေးကနေ ဇန်နဝါရီ ၂၄ ရက်မှာ ဖြန့်ချိပေးမယ့် နယ်ရုပ်ကလေးရဲ့ ကျိန်စာတော် ဆိုတဲ့ဇာတ်ကားလေးမှာဆက် လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ရှိုင်း အဖြစ်စိုင်းစိုင်းခမ်းလှိုင်၊ ဝတီ အဖြစ် မိုးဟေကို၊ မိုးဆမ်းအဖြစ် ဆုမြတ်နိုးဦးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ လုံမရဲ့ ဝတ္ထုနဲ့ နေခြည် အောင်သစ်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံ ဖော်ထားပါတယ်။ ။

7Day Daily

No comments:

Post a Comment