Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 20, 2015
သံဃာ အချင်းချင်း တရားဟောခွင့် ဘိုကလေးမှာ တားမြစ်
20 January 2015
---------------------------------------------------------------------------------------------------------------
တားမြစ်ခံရတဲ့ ဆရာတော်တွေကတော့ ရွှေည၀ါဆရာတော် ဦးပညာသီလ၊ ဓမ္မပီယ ဆရာတော် ဦးသံဝရာလင်္ကာရနဲ့ ဘ၀အလင်းဆရာတော်တို့ပဲဖြစ်ပါတယ်။
ဒီဆရာတော်တွေဟာ အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ် ဘိုကလေးမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့မှာ တရားပွဲကျင်းပတဲ့အခါ ပင့်လျောက်ဖိတ်ကြားဖို့ လျာထားတဲ့ ဆရာတော်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
ရွှေည၀ါဆရာတော် ဦးပညာသီဟက သူတို့ ၃ ပါးကို တားမြစ်တဲံ့ အဖွဲ့တွေဟာ တားမြစ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ မိန့်ကြားပါတယ်။
ခရီးစဉ်ကြွချီတဲ့အခါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြောင်းကြားမယ်လို့ ဆရာတော်က မိန့်ပါတယ်။
By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77772
20 January 2015
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် သံဃာ့နာယက အဖွဲ့နဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ၂ ဖွဲ့က ထင်ရှား ကျော်ကြားတဲ့ သံဃာ ၃ ပါးကို ဘိုကလေးမြို့မှာ တရားပွဲ ပင့်လျောက်ခြင်း မလုပ်ကြဖို့ ပူးတွဲကြေညာ ချက်ထုတ်ပြန် တားမြစ်ပါတယ်။
စနေနေ့ရက်စွဲနဲ့ ပူးတွဲကြေညာတာဖြစ်ပြီး ပင့်ဆောင်ရလည်း တရားဟောကြား ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားတဲ့ အဲဒီကြေညာချက်ကို ဘိုကလေးမြို့က ရပ်ကွက်တွေမှာ လိုက်လံဝေငှနေပါတယ်။
တားမြစ်ခံရတဲ့ ဆရာတော်တွေကတော့ ရှေညဝါဆရာတော် ဦးပညာသီလ၊ ဓမ္မပီယ ဆရာတော် ဦးသံဝရာလင်္ကာရနဲ့ ဘဝအလင်းဆရာတော်တို့ပဲဖြစ်ပါတယ်။
ဒီဆရာတော်တွေဟာ အမျိုးသားဒီ်မိုကရေစီအဖွဲ့ချုပ် ဘိုကလေးမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့မှာ တရားပွဲကျင်းပတဲ့အခါ ပင့်လျောက်ဖိတ်ကြားဖို့ လျာထားတဲ့ ဆရာတော်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘိုကလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် (၁၀၀) ပြည့် ကျင်းပရေးကော်မတီဥက္ကဌ ဦးအောင်ခင်ဘိုက “ကျနော်တို့ရာပြည့်က ကျနော်တို့ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်မှာ တော်တော်လေး ခမ်းခမ်းနားနားကျင်းပမယ်။ လစဥ်လည်း ကျင်းပသွားဖို့ရှိပါတယ်။ အဲဒီပေါ်မှာ စာပေဟောပြောပွဲတို့၊ ဆရာတော်များရဲ့ တရားပွဲတို့ဆိုလို့ရှင် ဖိတ်ပြီးတော့ ပင့်မယ့် ဥစ္စာကို ကြိုတင်ပြီးတော့ ဟန့်တားတဲ့အနေနဲ့ လုပ်တဲ့သဘောလည်း သက်ရောက်ပါတယ်။ လောလောဆယ် ဒီအပေါ် ဘာမှ ထင်မြင်ချက်မပေးလိုသေးပါဘူး။ လောလောဆယ်တော့ ကျနော်တို့က စာပေဟောပြောပွဲကိုပဲ ကမ်းလှမ်းထားတာ ရှိပါသေးတယ်။ ဆရာ မောင်သာချိုရယ်၊ ဆရာ ညီမင်းညိုရယ် ဟောပြောဖို့ ကျနော်တို့ ကမ်းလှမ်းထားပါတယ်။” လို့ ပြောပါတယ်။
ယခင်က တရားပွဲပိတ်ပင်မှုကို အာဏာပိုင်တွေက ဦးစီးပြီး တားမြစ်လေ့ရှိသလို စာပေဟောပြောပွဲကို ရဟန်းသံဃာတွေက တားမြစ်မှုတွေတော့ရှိခဲ့ဖူးပါတယ်။ အခု ဘိုကလေးမြို့ ဖြစ်စဥ်ကတော့ နိုင်ငံတော်သံဃာ့မဟာနာယက လက်အောက်ခံ မြိုု့နယ်အဆင့် အဖွဲ့က မဘသနဲ့ ပူးတွဲပြီး တားမြစ်ချက်ဖြစ်တာကြောင့် အသစ်ဖြစ်ပါတယ်။
ရှေညဝါဆရာတော် ဦးပညာသီဟက သူတို့ ၃ ပါးကို တားမြစ်တဲ့ အဖွဲ့တွေဟာ တားမြစ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ မိန့်ကြားပါတယ်။
ရှေညဝါဆရာတော်က “ဒါ သွေးရူးသွေးတန်းကိစ္စပါ။ သံဃာတွေအချင်းချင်းကို ၂၀၁၅ အခင်းအကျင်းထဲမှာ ပဋ္ဋိပက္ခတွေဖြစ်၊ မငြိမ်မသက်တွေဖြစ်၊ ရုန်းရင်းဆန်ခတ်တွေဖြစ်၊ အဲဒီလိုမျိုး ပုံစံမျိုးတွေ ဖြစ်အောင် ဒီ နိုင်ငံရေး ကစားကွက်ထဲမှာ သံဃာ သံဃာချင်း ဟို အဆင်မပြေအောင်လုပ်နေတာကလည်း အကွက်တ   မျိုးပေါ့ဗျာ။ ရှေ့ကွက်တမျိုးပေါ့။ အဲဒါမျိုးပါ။ သံဃာတွေကလည်း နိုင်ငံရေးအမြင်က တော်တော်ကျဥ်းမြောင်းကြတယ်လေ။ နိုင်ငံရေးအမြင်နဲ့ ဘာသာရေးအမြင်ကို၊ အမျိုးသားရေးအမြင်ကို ချဥ်းကပ်တဲ့ပုံစံတွေမှာ သံဃာတွေ မပါးနပ်ဘူး။ စိတ်တော့ မကောင်းပါဘူး။ ကွဖြစ်အောင် ကွမှာပါ” လို့  မိန့်ကြားပါတယ်။
ခရီးစဥ်ကွချီတဲ့အခါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြောင်းကြားမယ်လို့ ဆရာတော်က မိန့်ပါတယ်။
By အေးနိုင် (ဒီဗွီဘီ)
No comments:
Post a Comment