Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

ရန္ကုန္ျပည္သူ ့ ေဆး႐ံုႀကီးတြင္ လူနာမ်ားျပားေန၍ ေနရာႏွင့္ ၀န္ထမ္း မလံုေလာက္သည့္ ျပႆနာျဖစ္ေပၚေန


ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီး၏ ေဆးကုသေဆာင္မ်ားတြင္ လာေရာက္ ကုသသည့္ လူနာအမ်ားအျပားရွိေနေသာ္လည္း လူနာတင္ခုတင္ အေရအတြက္ မလံု ေလာက္ျခင္းႏွင့္ ကၽြမ္းက်င္သူနာျပဳ၊ ဆရာ ၀န္အင္အား မလံုေလာက္မႈမ်ား ျဖစ္ေပၚေနသည္ဟု ၀ါရင့္သူနာျပဳ ဆရာမႀကီးတဦး က News Watch ဂ်ာနယ္သို႔ ဇန္န၀ါရီ ၁၅ ရက္က ေျပာၾကားခဲ့သည္။

၎မွ “လူနာအမွန္တကယ္ ေနႏိုင္တာက အေယာက္ေျခာက္ဆယ္ဆန္႔တယ္ ဆိုပါစို႔၊ တက္ေရာက္ကုသသူက တရာ ေက်ာ္ျဖစ္ေနတယ္။ အဲဒီေတာ့ ဘာလုပ္ ရလဲဆိုရင္ ဖ်ာခင္း ၀ရန္တာမွာ ထုတ္ရတယ္။ ဒီေတာ့ လူနာရွင္ဘက္က မေက် နပ္ဘူး။ ျဖစ္ေအာင္ေတာ့ လုပ္ေပးေနရ တယ္။ ဒီလူနာတရာေက်ာ္ကိုလည္း သူနာ ျပဳက ဆယ္ေယာက္မျပည့္ဘူး။ ေဆးေတြ အလကားေပးတယ္ဆိုေပမယ့္ ဒီေဆး စာရင္းလည္း သူနာျပဳေတြကိုယ္တိုင္ေရး ေဆးလည္းသြားထိုးေပးရတယ္။ ဘယ္သူ႔မွ လည္း မေျပာရဲ၊ ငိုေတာင္ငိုခ်င္တယ္” ဟု ေျပာၾကားခဲ့သည္။

ယင္းကိစၥမ်ားႏွင့္ ပတ္သက္၍ ဗဟို အဆင့္မွ ဖြဲ႕စည္းပံု ေျပာင္းလဲေနၿပီဟု ေျပာ ေနေသာ္လည္း ေျပာင္းလဲသည့္ ဖြဲ႕စည္းပံု အား မျမင္ေတြ႕ရေသးေၾကာင္း ၎င္းက ေျပာၾကားခဲ့သည္။

“အေဆာက္အဦ ေတြေတာ့ ေဆာက္ေနပါတယ္။ ၀န္ထမ္း အင္အားက ဟိုးဆရာ၀န္ႀကီးကေန သန္႔ ရွင္းေရးအထိ ကာဗာျဖစ္ေအာင္လုပ္ေပး မွရမယ္။ ၀န္ထမ္းေတြလည္း စိတ္ဒဏ္ရာ ရေနၿပီ၊ မေျပာရဲလို႔သာ ကိုယ့္ထမင္းအိုး ေလးကြဲမွာ စိုးရိမ္ေနၾကတယ္ေလ” ဟု သူမက ေျပာၾကားသည္။

လူနာေဆာင္တခုတြင္ တာ၀န္ခ်ိန္ တခုခ်င္းစီ၌ သူနာျပဳ ၂ ေယာက္သာ ခ်ထားေပးျခင္းေၾကာင့္ လူနာတရာေက်ာ္ လာပါက မည္ကဲ့သို႔မွ် အဆင္မေျပဟု ေျပာၾကားခဲ့သည္။ “ဒီမွာ Sister လံုး၀ မရွိဘူး။ တျခားလွ်ံေနတဲ့ေနရာေတြရွိ တယ္။ တကယ္လိုအပ္တဲ့ ေနရာမွာခ်ေပးရမွာ၊ တဂ်ဴတီ သူနာျပဳဆယ္ေယာက္ ေလာက္ရွိမွ လံုေလာက္မယ္၊ ႏိုင္ငံျခားေတြ မွာဆို အေရးေပၚကုသ ေဆာင္မွာ လူနာ ေလးေယာက္မွာ သူနာျပဳတေယာက္ထား ေပးတယ္” ဟု သူမက ေျပာၾကားခဲ့သည္။

တက္ေရာက္ကုသသည့္ လူနာမ်ား အတြက္ လံုေလာက္သည့္ေနစရာမရွိျခင္း ကလည္း လူနာေဆာင္တိုင္းတြင္ ျဖစ္ေန သည္ဟု ဆိုသည္။ “လူနာရွင္ေတြ ကလည္း ကုိယ့္လူနာကုိ ၀ရန္တာမွာ ထား တာဘယ္သူက ႀကိဳက္မွာလဲ၊ ဒီကလည္း အဆင္ေျပေအာင္လုပ္ရတာ၊ ျပန္ေျပာရင္ အေပါက္ဆိုးတယ္ အေျပာခံရဦး မယ္။ ကၽြန္မတို႔ဘက္ကိုက်ေတာ့ စာနာ ေပးတဲ့သူက မရွိဘူးျဖစ္ေနတယ္။ လူနာ ေစာင့္ေတြကလည္း အၿမဲတမ္း ငါးေယာက္ ေလာက္ပါတယ္။ ေျမျပင္မွာ ဖ်ာခင္းအိပ္ ေနၾကတာ ေဆး႐ံုနဲ႔ေတာင္ မတူေတာ့ ဘူး”ဟု ေျပာၾကားခဲ့သည္။

ကိုခက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးကုသဆောင်များတွင် လာရောက် ကုသသည့် လူနာအများအပြားရှိနေသော်လည်း လူနာတင်ခုတင် အရေအတွက် မလုံ လောက်ခြင်းနှင့် ကွမ်းကျင်သူနာပြု၊ ဆရာ ဝန်အင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေသည်ဟု ဝါရင့်သူနာပြု ဆရာမကြီးတဦး က News Watch ဂျာနယ်သို့ ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။

၎င်းမှ “လူနာအမှန်တကယ် နေနိုင်တာက အယောက်ခြောက်ဆယ်ဆန့်တယ် ဆိုပါစို့၊ တက်ရောက်ကုသသူက တရာ ကျော်ဖြစ်နေတယ်။ အဲဒီတော့ ဘာလုပ် ရလဲဆိုရင် ဖျာခင်း ဝရန်တာမှာ ထုတ်ရတယ်။ ဒီတော့ လူနာရှင်ဘက်က မကျေ နပ်ဘူး။ ဖြစ်အောင်တော့ လုပ်ပေးနေရ တယ်။ ဒီလူနာတရာကျော်ကိုလည်း သူနာ ပြုက ဆယ်ယောက်မပြည့်ဘူး။ ဆေးတွေ အလကားပေးတယ်ဆိုပေမယ့် ဒီဆေး စာရင်းလည်း သူနာပြုတွေကိုယ်တိုင်ရေး ဆေးလည်းသွားထိုးပေးရတယ်။ ဘယ်သူ့မှ လည်း မပြောရဲ၊ ငိုတောင်ငိုချင်တယ်” ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ဗဟို အဆင့်မှ ဖွဲ့စည်းပုံ ပြောင်းလဲနေပြီဟု ပြော နေသော်လည်း ပြောင်းလဲသည့် ဖွဲ့စည်းပုံ အား မမြင်တွေ့ရသေးကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။

“အဆောက်အဦ တွေတော့ ဆောက်နေပါတယ်။ ဝန်ထမ်း အင်အားက ဟိုးဆရာဝန်ကြီးကနေ သန့် ရှင်းရေးအထိ ကာဗာဖြစ်အောင်လုပ်ပေး မှရမယ်။ ဝန်ထမ်းတွေလည်း စိတ်ဒဏ်ရာ ရနေပြီ၊ မပြောရဲလို့သာ ကိုယ့်ထမင်းအိုး လေးကွဲမှာ စိုးရိမ်နေကြတယ်လေ” ဟု သူမက ပြောကြားသည်။

လူနာဆောင်တခုတွင် တာဝန်ချိန် တခုချင်းစီ၌ သူနာပြု ၂ ယောက်သာ ချထားပေးခြင်းကြောင့် လူနာတရာကျော် လာပါက မည်ကဲ့သို့မျ အဆင်မပြေဟု ပြောကြားခဲ့သည်။ “ဒီမှာ Sister လုံးဝ မရှိဘူး။ တခြားလျံနေတဲ့နေရာတွေရှိ တယ်။ တကယ်လိုအပ်တဲ့ နေရာမှာချပေးရမှာ၊ တဂျူတီ သူနာပြုဆယ်ယောက် လောက်ရှိမှ လုံလောက်မယ်၊ နိုင်ငံခြားတွေ မှာဆို အရေးပေါ်ကုသ ဆောင်မှာ လူနာ လေးယောက်မှာ သူနာပြုတယောက်ထား ပေးတယ်” ဟု သူမက ပြောကြားခဲ့သည်။

တက်ရောက်ကုသသည့် လူနာများ အတွက် လုံလောက်သည့်နေစရာမရှိခြင်း ကလည်း လူနာဆောင်တိုင်းတွင် ဖြစ်နေ သည်ဟု ဆိုသည်။ “လူနာရှင်တွေ ကလည်း ကိုယ့်လူနာကို ဝရန်တာမှာ ထား တာဘယ်သူက ကြိုက်မှာလဲ၊ ဒီကလည်း အဆင်ပြေအောင်လုပ်ရတာ၊ ပြန်ပြောရင် အပေါက်ဆိုးတယ် အပြောခံရဦး မယ်။ ကွန်မတို့ဘက်ကိုကျတော့ စာနာ ပေးတဲ့သူက မရှိဘူးဖြစ်နေတယ်။ လူနာ စောင့်တွေကလည်း အမြဲတမ်း ငါးယောက် လောက်ပါတယ်။ မြေပြင်မှာ ဖျာခင်းအိပ် နေကြတာ ဆေးရုံနဲ့တောင် မတူတော့ ဘူး”ဟု ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment