Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 5, 2015

မူဝါဒအပြောင်းအလဲ တချို့ကြောင့် ကားဈေး တက်ဖွယ်ရှိ ရန်ကုန်နှင့် မန္တလေး ဈေးကွက်တွင် အောက်ကားများ ဈေးတက်နေ



ရန်ကုန် ဇန်နဝါရီ ၎

ယခုနှစ် နှစ်စပိုင်းတွင် နှစ်ဟောင်းမှ မူဝါဒအပြောင်း အလဲတချို့ကြောင့် ဈေးကွက်အတွင်း ကားဈေးနှုန်း များ ဈေးပြန်မာနေ သကဲ့သို့ ယခုတစ်ပတ်ရန်ကုန်ကားဈေးကွက် အတွင်း အောက်ကားများ သိသိသာသာ ဈေးတက်နေကြောင်း ရန်ကုန်ကား ဈေးကွက်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

ဇန်နဝါရီ ၁ရက်မှစ၍ မော်တော်ယာဉ်တင်သွင်း သူများအနေဖြင့် အခွန်ဆောင်ရာတွင် ကားတန်ဖိုးအလိုက် ရာနှုန်းပြည့်အခွန်ဆောင်ရတော့မည်ဖြစ်သောကြောင့် သော်လည်းကောင်း၊ နှစ်သစ်တွင်မိုဒယ်အသစ်များကိုသာ တင်သွင်းခွင့်ပြုတော့မည့်ကိစ္စများကြောင့်သော်လည်း ကောင်း၊ အခွန်ဆောင်ရမည့် CIFနှုန်းထားများ ထုတ်ပြန် ခြင်းမရှိတော့ဟူသော သတင်းများကြောင့်သော်လည်း ကောင်း ယခု နှစ်စပိုင်းတွင် ဈေးနှုန်းများကျဆင်းခဲ့သည့် အောက်ကားများ ဈေးပြန်တက်လာခြင်းဖြစ်သည်ဟု သိရ သည်။''ဒီနှစ်မှကားသွင်းမယ့်သူတွေအတွက် အခွန်ဆောင် ရင် ရာနှုန်းပြည့်ဖြစ်သွားပြီ။ ကားသွင်းမယ်ဆိုရင်လဲ ကားပါကင်၊ ပါမစ်သက်တမ်းနဲ့ Recodonition ခြောက် ချက်နဲ့ညီမှသွင်းရမယ်ဆိုတဲ့ မူဝါဒလဲထွက်လာတယ်ဆို တော့ ရှင်းရှင်းပြောရရင်နေရာမရှိရင် ကားသွင်းလို့မရ တော့တဲ့ သဘောပဲ။ ရန်ကုန်မြို့ရဲ့အနေအထားက အရင်လို မြေစိုက် အိမ်နဲ့ခြံမြေတွေမဟုတ်တော့ဘူး။ တိုက်တွဲတွေ ဖြစ်လာတဲ့အတွက် နေရာကျဉ်းကျဉ်းမှာ လူနေကျုံ့ပြီး လူဦး ရေထူထပ်လာတဲ့အနေအထားဆိုတော့ ကားသွင်းမယ့် ပြည်သူတွေ ကားဝယ်ချင်ရင်တောင် စရိတ်စက ကုန်ကျမှုက မနည်းတော့သလို ကားဈေးကလဲ ကျဖို့လမ်းမရှိတော့ဘူး။ ဒါ့ကြောင့် ကားပွဲစားတန်းနဲ့ကြိုးကြားကြိုးကြားဈေးကွက် ကလေးတွေတောင် အခုချိန်မှာ ကျပ်သိန်း ၇ဝလောက် ပေါက်ဈေးရှိတဲ့ကားက ကျပ်သိန်း၁ဝဝလောက် ဈေးတက် သွားတယ်။မိုဒယ်မြင့်ကားတွေမှာ အခွန်ဆောင်ရတဲ့အပိုင်းက လွဲရင် ထူးခြားမှုသိပ်မရှိပေမယ့် သိန်း ၁ဝဝနဲ့အထက် အောက်ကားလေးတွေက ဈေးပြန်တက်နေပြီ။ အနည်းဆုံး ကျပ် ၁ဝ သိန်းနဲ့ ကျပ်သိန်း ၂ဝအထက်မှာရှိတယ်''ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကပြောသည်။

ယခုကဲ့သို့ ကားဈေးနှုန်းများပြန်မာသွားခြင်းမှာ CIF တန်ဖိုးထွက်လာမည်ဟုမျှော်လင့်ထားသည့် အချိန်အတိုင်း အတာတစ်ခုတွင် ထွက်ရှိလာခြင်းမရှိသောကြောင့် ရန်ကုန် ပင်မကားဝယ်ရောင်းဈေးကွက်အတွင်း၌သာ ကားဈေးနှုန်း များပြန်လည်မြင့်တက်လာခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကားဈေးတန်းအလိုက် ဈေးမာသွား ခြင်းဖြစ်သည်ဟု သိရသည်။''ရန်ကုန်ဈေးကွက်မှာ အောက်ကားတွေဈေးပြန်တက် နေသလို မန္တလေးဈေးကွက်မှာလဲ ကားဈေးပြန်တက်နေ တယ်။ သိပ်မကွာပါဘူး။ တစ်သိန်း၊ နှစ်သိန်းလောက် ပါပဲ။ နှစ်ဟောင်းမှာ ကားဟောင်းတွေ အကုန်ထိုးအပ် ကြတော့ ဒီနှစ်သစ်အစမှာပဲ ကားတွေထပ်ရောက်လာမှာ သေချာသလောက်ဖြစ်နေတော့ မိုဒယ်အလိုက်ကားအစီးရေ တိုးပွားလာတာနဲ့အတူ ကားဈေးကွက်မှာထပ်ပြီး ဈေး ကစားမှုတွေ ရှိလာမှာပဲ။အရောင်းအဝယ်လုပ်တဲ့ သူတွေ အတွက် မသိသာပေမယ့် တစ်နိုင်တစ်ပိုင်ဝယ်စီးတဲ့သူတွေ အတွက်ကတော့ ကားဝယ်ဖို့စဉ်းစားရတော့မယ်။ ကား ဟောင်းတွေကို အစားထိုးတင်သွင်းတဲ့နေရာမှာလဲ ပါမစ် သက်တမ်းကို မတ် ၃၁ရက်အထိ တိုးပေးထားတဲ့အတွက် ကုန်ကျစရိတ်တွေပိုလာမှာ အသေအချာပဲ။ ဒီစရိတ် တွေသာ ကားဈေးနှုန်းနဲ့ထပ်ပေါင်းရင်တော့ ကားဈေးတွေ ပိုတက်လာမှာဖြစ်တဲ့အတွက် ကားဝယ်စီးမယ့်သူတွေ အခက်အခဲဖြစ်လာနိုင်ပါတယ်''ဟု မန္တလေးကားဝယ် ရောင်းဈေးကွက်မှ ဝါရင့်ဝယ်ရောင်းလုပ်ငန်းရှင် ကိုမောင် ထူးကဆက်လက်ပြောသည်။

သက်ဆိုင်ရာမှ မော်တော်ယာဉ်တင်သွင်းမှုများအတွက် မိုဒယ်လိုက်တင်သွင်းမည့်ကားတန်ဖိုးအတိုင်း အခွန်ဆောင် ရတော့မည်ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည့်အတွက် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး သည့်အနေအထားမှ တစ်စီးပေးတစ်စီးယူစနစ်သို့ ပြန်လည် လည်ပတ်တော့မည့် အနေအထားများတွင် ယခုနှစ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများပြောင်းလဲမှုနည်းပါးလာနိုင် သည်ဟု မော်တော်ယာဉ်အရောင်းအဝယ် လုပ်ငန်းရှင် များ၏သုံးသပ်ပြောကြားမှုအရ သိရသည်။

ရွှေအောင်
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment