Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015




နိုင်ငံရေးနဲ့ တခြားအဖွဲ့အစည်း ၁၃၁ ဖွဲ့နဲ့ ဒေသခံ ခြောက်သောင်းတစ်ထောင်ကျော်က လက်မှတ်ရေးထိုးပြီး ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းလိုက်ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်နဲ့ ထိုင်းသံရုံးတွေကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။


ဟတ်ကြီးရေကာတာအနီးမှာ အစိုးရစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က ဒီကေဘီအေကို မနှစ်က ထိုးစစ်ဆင်လို့ ဒေသခံတွေနေရပ်ရွှေ့ပြောင်းရပြီး နောင်ဖာနဲ့ ကွမ်းလုံရေကာတာ စီမံကိန်းတွေအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်အဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အားတင်ပို့ဖို့ ကွမ်းလုံရေကာတာ စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်တဲ့အတွက် ကျေးရွာ ၆ဝ က ဒေသခံတွေဟာ မြေယာနဲ့အိုးအိမ်တွေ ဆုံးရှူံးခဲ့ရတယ်လို့လည်း ဆိုပါတယ်၊ ရေကာတာတွေကြောင့် သံလွင်မြစ်ရဲ့ သဘာဝဂေဟစနစ်ပျက်ပြားပြီး မြစ်ကြောင်းတလျှောက်က ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငါးလုပ်ငန်းတွေ ထိခိုက်ရုံမက ရေကာတာကျိုးပေါက်ရင် ရေလွှမ်းမိုးမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

သံလွင်မြစ်ရေကာတာစီမံကိန်းတွေကို ထိုင်းနိုင်ငံက EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံက Three Gorges Corporation, Hanergy Holding Company, Hydro China Corporation နဲ့ China Datang Overseas Investment Co. Ltd. တို့နဲ့ မြန်မာနိုင်ငံက International Group of Entrepreneurs Co. Ltd. ရွှေတောင်ကုမ္ပဏီနဲ့ Asia World ကုမ္ပဏီတွေ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာပါ။

RFA Burmese
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
 သံလွင် ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းဖို့ ဒေသခံတွေ တောင်းဆို

သံလွင်မြစ်မှာ တည်ဆောက်မယ့် ရေကာတာ စီမံကိန်းတွေကြောင့် ပဋိပက္ခတွေပိုမို ဆိုးရွားလာပြီး၊ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရတဲ့ အတွက် စီမံကိန်းတွေ ချက်ချင်းရပ်ဆိုင်းဖို့ မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နို်င်ငံရေးနဲ့ တခြားအဖွဲ့အစည်း ၁၃၁ ဖွဲ့နဲ့ ဒေသခံ ခြောက်သောင်းတစ်ထောင်ကျော်က လက်မှတ်ရေးထိုးပြီး ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းလိုက်ဖို့ လျပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်နဲ့ ထိုင်းသံရုံးတွေကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။

ရှမ်းပြည်နယ်မှာ ကွမ်းလုံ၊ နောင်ဖာနဲ့ တာဆန်းရေကာတာ၊ ကယားပြည်နယ်မှာ ရွာသစ်နဲ့ ကရင်ပြည်နယ်မှာ ဟတ်ကြီးရေကာတာ စတာတွေတည်ဆောက်ဖို့ ရှိနေပါတယ်။

ဟတ်ကြီးရေကာတာအနီးမှာ အစိုးရစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က ဒီကေဘီအေကို မနှစ်က ထိုးစစ်ဆင်လို့ ဒေသခံတွေနေရပ်ရှေ့ပြောင်းရပြီး နောင်ဖာနဲ့ ကွမ်းလုံရေကာတာ စီမံကိန်းတွေအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်အဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံကို လျပ်စစ်ဓာတ်အားတင်ပို့ဖို့ ကွမ်းလုံရေကာတာ စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်တဲ့အတွက် ကျေးရွာ ၆ဝ က ဒေသခံတွေဟာ မြေယာနဲ့အိုးအိမ်တွေ ဆုံးရှံူးခဲ့ရတယ်လို့လည်း ဆိုပါတယ်၊ ရေကာတာတွေကြောင့် သံလွင်မြစ်ရဲ့ သဘာဝဂေဟစနစ်ပျက်ပြားပြီး မြစ်ကြောင်းတလျောက်က ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငါးလုပ်ငန်းတွေ ထိခိုက်ရုံမက ရေကာတာကျိုးပေါက်ရင် ရေလှမ်းမိုးမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

သံလွင်မြစ်ရေကာတာစီမံကိန်းတွေကို ထိုင်းနိုင်ငံက EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံက Three Gorges Corporation, Hanergy Holding Company, Hydro China Corporation နဲ့ China Datang Overseas Investment Co. Ltd. တို့နဲ့ မြန်မာနိုင်ငံက International Group of Entrepreneurs Co. Ltd. ရှေတောင်ကုမ္ပဏီနဲ့ Asia World ကုမ္ပဏီတွေ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment