Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ကျွန်းစုမြို့နယ်မိုင်းသွေးကျေးရွာ၌ ဓားပြတိုက်မှု ဖြစ်ပွား


မြိတ် ဇန်နဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင် ကျွန်းစုမြို့နယ် ကဘင်းကျေးရွာ အုပ်စု မိုင်းသွေးကျေးရွာ၌ တူမီး သေနတ်နှင့် ဓားများကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ် လူသုံးဦးက ဓားပြတိုက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု မိုင်းသွေး ကျေးရွာ ထုံးဖိုရပ်၌ ဇန်နဝါရီ ၁၁ ရက် ည ၁ဝ နာရီခန့်က မျက်နှာဖုံး စွပ်လူသုံးဦးက လက်နက်များကိုင် ဆောင်ကာ အိမ်ပေါ်သို့တက်လာပြီး လက်လုပ်တူမီးသေနတ် တစ်လက်၊ အရိုးအသွား ၂၂ လက်မရှည်သည့် ဓားရှည်တစ်လက် ကိုင်ဆောင်ကာ နေအိမ်တံခါးကိုဖွင့်ခိုင်းပြီး ဦးတော့ကို ကြိုးဖြင့်ချည်နှောင်ကာ ဇနီးဖြစ်သူကို ဓားရှည်ဖြင့်ထောက်၍ ရွှေထည် ပစ္စည်း ၁ဝ ကျပ်သားကျော်၊ ငွေသား ကျပ်သိန်း၂ဝ၊ ဖုန်းဆင်းကတ်နှစ်ခု နှင့် ZTE တံဆိပ်ပါ ဟန်းဆက်နှစ်လုံး စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၇ဝ ကျော်ဖိုးခန့် ဓားပြများထံသို့ပါသွား ကြောင်း သိရသည်။

အဆိုပါ မျက်နှာဖုံးစွပ် ဓားပြ သုံးဦးသည် ကဏန်းခုတ်စက်လှေငယ် ဖြင့် ကဘင်းကျေးရွာအုပ်စု ကြပ် ချောင်း သဘတောင်ဘက်သို့ ထွက် ပြေးသွားကြောင်း ကြားသိရသည်ဟု ကျွန်းစုမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက ပြောကြားခဲ့သည်။

''ကျွန် တော်တို့လည်း ပြစ်မှုကျူးလွန်သူတွေ ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါ တယ်။ ဒီနေ့အထိ ပြစ်မှုကျူးလွန်ခဲ့တဲ့ မျက်နှာဖုံးစွပ် ဓားပြသုံးဦးကို ဖမ်းဆီး ရမိခြင်း မရှိသေးပါဘူး၊ ကျွန်းပေါ်က လာရောက်ဆက်သွယ်မှုတွေကို စောင့် ဆိုင်းနေပါတယ်၊ တပ်ဖွဲ့ဝင်တွေလည်း ကျွန်းတွေပေါ်ကို လိုက်လံရှာဖွေနေ ပါတယ်''ဟု ကံမော်ရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ပင်လယ်ပိုင်းအတွင်းရှိ ကျွန်းများ တွင် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ် ကျော်က ယခုကဲ့သို့ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသော်လည်း ဆယ်စုနှစ်တစ်ခုကြာ ငြိမ်နေရာမှ ယခုကဲ့သို့ဖြစ်စဉ်များ ပြန်လည်ဖြစ်ပွား လာသောကြောင့် အဆိုပါကျွန်းများ တွင် နေထိုင်ကြသောဒေသခံပြည်သူ များ အထိတ်တလန့်ဖြစ်နေရကြောင်း၊ အဆိုပါကျေးရွာရှိ ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရသည်။ အဆိုပါ ကျွန်းစုမြို့နယ် မိုင်းသွေးကျေးရွာတွင် ဖြစ်ပွားခဲ့သော ဓားပြတိုက်မှုနှင့် ပတ်သက်၍ ကံမော်ရဲစခန်းမှစခန်းမှူး ဦးစီးသော တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့ပြီး ကံမော်ရဲစခန်းက အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment