Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

ကမ္ဘာ့ ဆင်းရဲ ချမ်းသာ ကွာဟချက် ကြီးမားလာနေ

အချမ်းသာဆုံး ၁ ရာနှုန်းက ပိုမို ကြွယ်ဝသွားမယ်လို့ ဆို
ကမ္ဘာ့ အချမ်းသာဆုံး လူ ၁ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျန်တဲ့ ၉၉ ရာနှုန်း ရှိတဲ့ လူတွေထက် ပိုမို သာလွန် ကြွယ်ဝ သွားတော့မယ်လို့ ဗြိတိန် ပရဟိတ အဖွဲ့ ဖြစ်တဲ့ Oxfam ရဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။

အဲဒီ ကိန်းဂဏန်းတွေ အရ ကမ္ဘာ့ အချမ်းသာဆုံး လူ ၁ ရာခိုင်နှုန်းဟာ ၂၀ဝ၉ ခုနှစ်က ကမ္ဘာ့ ကြွယ်ဝမှု အားလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မှာတော့ ကမ္ဘာ့ ကြွယ်ဝမှု အားလုံးရဲ့ ၄၈ ရာနှုန်းကို တိုးတက် ပိုင်ဆိုင် လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှုန်း အတိုင်း ဆိုရင် ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ အချမ်းသာဆုံး လူ ၁ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ကမ္ဘာ့ ကြွယ်ဝမှု အားလုံးရဲ့ ၅၀ ရာနှုန်း အထက်ကို ရောက်ရှိ သွားပြီး ကျန် ကမ္ဘာ့လူဦးရေ ၉၉ ရာနှုန်းထက် ပိုမို ကြွယ်ဝ သွားတော့မယ်လို့ Oxfam က ခန့်မှန်း လိုက်ပါတယ်။

အဲဒီ လေ့လာမှု အရ ပိုင်ဆိုင်မှုကို တွက်ရာမှာ လစာနဲ့ ဝင်ငွေကို ထည့်ထွက်ခြင်း မရှိဘဲ လူတစ်ဦး အနေနဲ့ ပေါင် ၅ သိန်းအထက် ပိုင်ဆိုင်မယ် ဆိုရင် ကမ္ဘာ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းထဲ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ပတ် အတွင်း ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ် မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့သြဇာ အရှိဆုံး ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့် နှစ်ပတ်လည် အစည်းအဝေး မတိုင်ခင်မှာ ကမ္ဘာပေါ်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှု ပိုမို ကြီးမား လာတဲ့ အခြေအနေကို Oxfam အဖွဲ့က မီးမောင်း ထိုးပြလိုက်တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150119_richest_share_oxfam
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ပြည်ထောင်စု လှတ်တော် အစည်းအဝေးက အတည်ပြု ဆုံးဖြတ် တိုက်တွန်း ထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို သမ္မတက ငြင်းဆိုပယ်ချ လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း တင်ထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ ပြည်ထောင်စုလှတ်တော် အစည်းအဝေးမှာ သမ္မတက သဘောထားမှတ်ချက် ပြန်လည်ပေးပို့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု လှတ်တော်ရဲ့ တိုက်တွန်းချက်မှာ ခေတ်စနစ်အချိန်အခါနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးနဲ့ ပစ္စုပ္ပန် အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးမှာ အခြေအနေကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရေး အချက် ၂ ချက်ကို တွေ့ရတယ်လို့ သမ္မတက မှတ်ချက်ပေးပို့ခဲ့တယ်လို့ ပြည်သူ့လှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

“ခေတ်စနစ်နဲ့ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာ မှန်ပါတယ်တဲ့၊ ဒါပေမယ့်လို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့မှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် ဆောင်ရွက်ရမယ့် နည်းလမ်းတွေ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်တဲ့၊ ဒီလို ပြဌာန်းထား တဲ့ ကိစ္စဟာ လှတ်တော်တွင်းမှာသာ ဆောင်ရွက်ဖို့ ဖြစ်ပြီးတော့ လှတ်တော်တွင်းမှာ ဆောင်ရွက်လို့ အောင်မြင်တဲ့ ကိစ္စတွေကိုလည်း ပြည်လုံးကွတ်ဆန္ဒ ခံယူပွဲကျင်းပပြီးတော့ နိုင်ငံသားတွေရဲ့ သဘော ထားနဲ့ အတည်ပြုဖို့ ဖြစ်ပါတယ်တဲ့၊ ဒါကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း သာ လုပ်ဆောင်ဖို့နဲ့ အဲဒီလုပ်ထုံးလုပ်နည်းအတိုင်းကျော်လွန်ပြီး လုပ်ဆောင်မယ်ဆိုရင် တရားဥပဒေ စိုးမိုးရေး (Rule of Law)ကို ကျော်လွန်လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမယ် ဖြစ်ပါတယ်တဲ့၊ ဆိုလိုတာကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက သူနဲ့ မဆိုင်ဘူး လှတ်တော်ကပဲ လုပ်ရ မယ်ဆိုတဲ့အတွက် အဲဒီရည်ရွယ်ချက်က လှတ်တော်ကပဲ ဆောင်ရွက်ပါဆိုတဲ့ သဘောပေါ့” လို့ ဦးရဲထွန်းက ပြောပါတယ်။

ဒါ့အပြင် ပစ္စုပ္ပန် အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးမှာ အခြေအနေကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရေးကိစ္စဟာလည်း တနိုင်ငံလုံး တိုင်းရင်းသား အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တဲ့ အတွက် လှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့နဲ့ တပ်မတော်က တာဝန်ရှိတဲ့သူများ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သင့်တယ်လို့ အကြံပြုလိုတယ်လို့လည်း သူက ပြောပါတယ်။

“‘ဒီအပေါ်မှာ ဆွေးနွေးမလား မဆွေးနွေးဘူးဆိုတာတော့ လှတ်တော် ဥက္ကဋ္ဌရဲ့ သဘောထားလည်း ပါမှာပေါ့” လို့ ဦးရဲထွန်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အရေးကြီးအဆို ကို မနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလှတ်တာ်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

အရေးကြီးအဆို အပြည့်အစုံကတော့ “ခေတ် စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ် သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာ ရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်သည်။ အဆိုအတည်ပြုပြီးနောက်ရက်မှာ တိုင်းရင်းသားအစုအဖွဲ့များမှ လှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဒေါက်တာအေးမောင်ကို ရွေးချယ်ထာားပါတယ်။

ပြည်ထောင်စုလှတ်တော်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတက နိုင်ငံရေး အင်အားစု ၅ စုက ကိုယ်စားလှယ်တွေပါဝင်တဲ့ ၁၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို တကြိမ်၊ ၄၈ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲကို တကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment