Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ ရုပ်ချောသူတွေအတွက် ထူးခြားတဲ့အခွင့်အရေး

ပုံမှာမြင်တွေ့ရတာက တရုတ်နိုင်ငံ ဟီနန်ပြည်နယ် ဟိန်ယောင်းမြို့က စားသောက်ဆိုင်တစ်ခုမှာ အခမဲ့ထမင်းသုံးဆောင်နိုင်ဖို့ မျှော်လင့်ချက်နဲ့  မိမိမျက်နှာကို စကင်ဖတ်နေတာပဲဖြစ်ပါတယ်။
ကိုယ့်ရုပ်ရည်ကို ကိုယ်ယုံကြည်မှုရှိရင် ထမင်းအခမဲ့ သုံးဆောင်ခွင့်ရဖို့ ဘာဖြစ်လို့ မကြိုးစားကြည့်ရမှာလဲ။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ် ဟိန်ယောင်းမြို့က စားသောက်ဆိုင်တစ်ခုကနေ ရုပ်ချောမှု အမှတ်အများဆုံးရတဲ့ customer အယောက် ၅၀ ကို ဇန်နဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၉ ရက်နေ့ထိ အခမဲ့ ထမင်းသုံးဆောင်ခွင့် ပြုထားပါတယ်။
Customer တွေအနေနဲ့ မိမိတို့ရဲ့မျက်နှာကို စကင်လုပ်ရမှာဖြစ်ပြီး ပလတ်စတစ်ခွဲစိတ်ဆေးခန်းတစ်ခုမှ ဝန်ထမ်းတွေကနေ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ နာရီဝက်ကြာပြီးတိုင်း customer တွေကို အုပ်စုဖွဲ့ပေးထားတယ်။ အဲဒီအုပ်စုထဲ အမှတ်အများဆုံး ရရှိသူ ၅ ဦးကို ထမင်းအလကားကျွေးတယ်လို့ သိရပါတယ်။
Source: Chinadaily
http://www.trend.com.mm/2015/01/13/lifestyle-5478

No comments:

Post a Comment