Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

မော်လမြိုင်မြို့တွင် အုပ်စုလိုက် ဓားပြတိုက်မှု ဖြစ်ပွား


မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြီးအနီးက ဖက်တန်းရပ်ကွက် ပဲဆီရုံလမ်းရှိ အိမ်အမှတ် ၁၂ မှာ ဇန်န၀ါရီ ၃ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားချိန်မှာတော့ တရားခံက သေနတ်တချက်ပစ်ဖောက်ခဲ့ပေမယ့် အိမ်ရှင်မိသားစု တွေနဲ့ အိမ်နီး နားချင်းပတ်ဝန်းကျင်တွေက ၀ိုင်းဝန်းလုံးထွေးပြီး ဖမ်းဆီးလိုက်တဲ့အတွက် သေနတ်နဲ့အတူဖမ်းဆီးနိုင်ခဲ့ ပါတယ်။
ခုချိန်မှာတော့ ဓားပြတိုက်ခဲ့တဲ့ တရားခံကို ၀ိုင်း ၀န်းဖမ်းဆီးစဉ်ကရရှိခဲ့တဲ့ ဒဏ်ရာတွေ ကြောင့် မော်လမြိုင်
ပြည်သူဆေးရုံမှာ ဆေးရုံတင်ထားရပြီး၊ မြို့မ ရဲစခန်းက တရားခံနဲ့ မိသားစုဝင်တွေကို ခုည ၇ နာရီချိန်ထိ စစ်ဆေးနေဆဲပါ။
အခင်းဖြစ်ပွားချိန်မှာ တရားခံနဲ့အတူ အပြင်မှာ ဆိုင်ကယ်နဲ့ ရပ်စောင့်နေတဲ့ပေါင်းအပါ ၂ ယောက်လောက် ထွက်ပြေးသွားတယ်လို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။
DVB

No comments:

Post a Comment